Posts

Showing posts with the label သဝဏ်လွှာ

ဗကသရဲဘော်ဟောင်း ကိုမင်းမင်းဇော် ကွယ်လွန်ခြင်းအတွက် ဗကသများအဖွဲ့ချုပ်၏ ဝမ်းနည်းကြောင်းသဝဏ်လွှာနိုဝင်ဘာ ၂၂၊ ၂၀၂၄#ABFSU #ဗကသရဲဘော်ဟောင်း #ကိုမင်းမင်းဇော်

Image
ဗကသရဲဘော်ဟောင်း ကိုမင်းမင်းဇော် ကွယ်လွန်ခြင်းအတွက် ဗကသများအဖွဲ့ချုပ်၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ နိုဝင်ဘာ ၂၂၊ ၂၀၂၄ #ABFSU #ဗကသရဲဘော်ဟောင်း #ကိုမင်းမင်းဇော်

ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ (ရကသ) ဖွဲ့စည်းတည်ထောင်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image

ဘုတလင်မြို့နယ် ဗကသရဲဘော်များ ကျဆုံးခြင်း တနှစ်ပြည့်အခမ်းအနားသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော်(ဟောင်း) ကိုအောင်သူရ သို့ ဂုဏ်ပြု‌သဝဏ်လွှာ

Image
  သဝဏ်လွှာအမှတ် -  ၁၃/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်                   မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ(ဟောင်း) ဖြစ်သူ ကိုအောင်သူရသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုအောင်သူရအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ “မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီးလို့ကြိုပေတော့” ဗဟိုစည်းရုံးရေးကော်မတီ ဗမာနို...

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက် ဒီကနေ့ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ရဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။ စတင်ဖွဲ့စည်းချိန်ကနေ ဒီကနေ့အထိ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေကြတဲ့ တကသများ - ရန်ကုန် ကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ အလေးအနက် အသိအမှတ်ပြုအပ်ပါတယ်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ် တိုက်ဖျက်ရေး၊ အဖိနှိပ်ခံလူထု လွတ်‌မြောက်ရေးအတွက် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲတွေမှာ ရဲဘော်တို့နဲ့အတူ ရှေ့ဆက်လက်တွဲပြီး ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တကသများ - ရန်ကုန် အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်တိုက်ပွဲဝင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါတယ်။ ဗဟိုစည်းရုံးရေးကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၈/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက် ၂၀၁၂ - ၁၅ ဗကသမျိုးဆက်၊ ပုသိမ်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့၏ အဖွဲ့ဝင် (ဟောင်း) ဖြစ်သူ ရဲဘော်အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျဆုံးသွားပါသည်။  စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးအား ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ “မြေဝသုန်ရေ ...

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော ဗကသရဲဘော်များဂုဏ်ပြုပွဲ အခမ်းအနားသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၇/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက် တိုင်းပြည်အာဏာကို စစ်ကောင်စီက မတရားသိမ်းယူပြီး ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်လာတာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ဒီလို မတရားသဖြင့် လက်နက်အားကိုးဖိနှိပ်မှုကို ပြည်သူလူထုက အပြင်းအထန် ဆန့်ကျင်တိုက်ပွဲဝင်လာတာလည်း သုံးနှစ်ကျော်သွားပါပြီ။  အဲ့ဒီလိုတိုက်ပွဲဝင်တဲ့နေရာမှာ ကျောင်းသားလူငယ်အများအပြားဟာလည်း တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်နေကြတယ်ဆိုတာ ထပ်လောင်းဖြည့်စွက်စရာ သက်သေပြစရာမလိုအောင် ထင်ရှားပြီးဖြစ်ပါတယ်။  နေ့စဉ်နဲ့အမျှ ကျောင်းသားလူငယ်အများအပြားဟာ လူထုလွတ်မြောက်ရေးအတွက် ပေးဆပ်တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံရ၊ ထောင်ချခံရ၊ အသက်ပေးသွားရတာတွေကို ကျနော်တို့အားလုံး ကောင်းစွာသိမြင်ပြီး ဖြစ်ပါတယ်။  ပြည်သူ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားတဲ့ ဗကသကျောင်းသားတွေ အပါအဝင် ကျောင်းသားလူငယ်အားလုံးကို အလေးအနက်ဂုဏ်ပြုရမှာ၊ ဦးညွတ်အလေးပြုရမှာ ဖြစ်ပါတယ်။  ဗကသများအဖွဲ့ချုပ်အနေနဲ့ ကျဆုံးရဲဘော်တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုကို အောက်မေ့ရင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ခေတ်အဆ...

ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၆/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ဖက်ဆစ်အုပ်စုရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌဟောင်း ကိုညီမင်းသူ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးခဲ့တာ ဒီကနေ့ဆိုရင် (၂) နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။ လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို နောက်ဆုံးအချိန်အထိ အလျှော့မပေး အညံ့မခံဘဲ ပြတ်ပြတ်သားသား အသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ ဗကသရဲဘော် ကျောင်းသားအာဇာနည် ကိုညီမင်းသူကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ကျောင်းသားထုနဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖက်ဆစ်စစ်တပ်ဟာ လက်ရှိကာလမှာလည်း လူမျိုးပေါင်းစုံ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်တာ၊ နှိပ်စက်သတ်ဖြတ်တာတွေ နေ့စဉ်နဲ့အမျှပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပါတယ်။  ဒါ့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ...

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) (၃)နှစ်ပြည့် အထိမ်းအမှတ်သို့ ‌ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၅/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ဟာ စတင်ဖွဲ့စည်းပြီးကတည်းက  အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ဘက်မှာ အပြည့်အဝရပ်တည်ရင်း ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ဒီကနေ့ဆိုရင် (၃) နှစ်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲတွေမှာ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်သောအဖွဲ့အစည်းတရပ်အဖြစ် ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အနေနဲ့ ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်မျှော်လင့်ပါတယ်။  ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်ကလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်...

လီဆူလူငယ်အစည်းအရုံး (Lisu Youth Congress - LYC) တည်ထောင်ခြင်းအတွက် ဗကသများအဖွဲ့ချုပ်၏ ဝမ်းမြောက်ကြိုဆိုကြောင်း သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ‌၄/ဗကသ/၂၀၂၄ ရက်စွဲ -  ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ် လီဆူလူငယ်အစည်းအရုံး (Lisu Youth Congress - LYC) ကို ဒီဇင်ဘာ (၄) ရက် ၂၀၂၃ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း ကြားသိရ၍ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။  ယခုကာလသည် ပြည်သူ့ဒီမိုကရေစီရေးတိုက်ပွဲ ရေချိန်မြင့်ချိန်ဖြစ်ပြီး လီဆူလူငယ်အစည်းအရုံးသည်လည်း တိုက်ပွဲကမွေးဖွားပေးလိုက်သော အဖွဲ့အစည်းဖြစ်သည့်အတွက် တန်းတူရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲတို့တွင် အားကောင်းမောင်းသန် တိုက်ပွဲဝင်သွားလိမ့်မည်ဟု ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်ပါသည်။ အချုပ်အားဖြင့်ဆိုရသော် ယနေ့ ဗမာပြည်တွင် အမှောင်အတိကျနေသော အခြေအနေ၏ လက်သည်တရားခံအစစ်သည် စစ်အာဏာရှင်စနစ်ပင်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ဖျက်ဆီးဖြိုချနိုင်မှသာ မိမိတို့အားလုံးအလိုရှိရာ ပိုကောင်းသောကမ္ဘာကို တည်‌ဆောက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် လူမျိုးစု၊ လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးတို့ ပေါင်းစည်း၍ စစ်အာဏာရှင်စနစ်ကို တညီတညွတ်တည်း ဆန့်ကျင်တိုက်ပွဲဝင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။ ရန်သူတကာ ကြောက်ဒူးတုန်ပါစေ။  ပြည်သူအပေါင်း ရွှင်လန်းအားတက်က...

လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) (၃)နှစ်ပြည့် အထိမ်းအမှတ်သို့ ‌ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၃/ဗကသ/၂၀၂၄ ရက်စွဲ - ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) ဟာ စတင်ဖွဲ့စည်းပြီးကတည်းက  အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ဘက်မှာ အပြည့်အဝရပ်တည်ရင်း ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ၃ နှစ်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲများမှာ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်သောအဖွဲ့အစည်းတရပ်အဖြစ် ကျနော်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) အနေနဲ့ ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်မျှော်လင့်ပါတယ်။  ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်ကလည်း လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) အပါအဝင် တောင်ပေါ်/မြ...

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) (၃)နှစ်ပြည့် အထိမ်းအမှတ်သို့ ‌ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ‌၂/ဗကသ/၂၀၂၄ ရက်စွဲ - ၇ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဟာ စတင်ဖွဲ့စည်းပြီးကတည်းက  အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ဘက်မှာ အပြည့်အဝရပ်တည်ရင်း ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ၃ နှစ်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲများမှာ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်သောအဖွဲ့အစည်းတရပ်အဖြစ် ကျနော်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) အနေနဲ့ ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်မျှော်လင့်ပါတယ်။  ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်ကလည်း ထားဝယ်ခရိုင် ဒ...

ဆဲဗင်းဂျူလိုင်အရေးတော်ပုံ တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌဟောင်း ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်း ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ

Image
  သဝဏ်လွှာအမှတ် - ၁/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်                              ဆဲဗင်းဂျူလိုင်အရေးတော်ပုံ တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဒုတိယဥက္ကဌဟောင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦး၏ ဒုတိယဥက္ကဌဟောင်း၊ ပညာ‌ရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ သဘာပတိနှင့် ကိုယ်စားလှယ်အဖြစ် တာဝန်များထမ်းဆောင်ခဲ့သူ ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်တွင် (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။                              ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်းသည် ၁၉၆၂ ဆဲဗင်းဂျူလိုင်အရေးတော်ပုံအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် နောင်တော် ကျောင်းသားရဲဘော်တဦးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပညာရေးစနစ် ပြ...

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၅) နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၁၂/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက် ၁၉၈၈  ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ဖွဲ့စည်းခဲ့စဉ်ကတည်းက အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ဖက်မှာ အပြည့်အဝရပ်တည်ရင်း ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တာ (၃၅) နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီအရေးတိုက်ပွဲတွေမှာ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးပါတီတရပ်အဖြစ် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုအပ်ပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနေနဲ့ နွေဦးတော်လှန်ရေးမှာလည်း ပါတီဝင်တဦးချင်းအနေနဲ့သာမက ပါတီတခုလုံးက ပိုင်းဖြတ်ချက်ရှိစွာနဲ့ ပါတီရပ်တည်နိုင်ရေးထက် ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ခြင်းဟာလည်း ပါတီသမိုင်းမှာ အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ချမှတ်ဖော်ဆောင်ခဲ့တဲ့ ပါတီခေါင်းဆောင်များနဲ့ ပါတီတရပ်လုံးရဲ့ အမျှော်အမြင်ရှိမှု၊ ရဲဝံ့စွန့်စားမှုနဲ့ စွန့်လွ...

ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ (ရကသ) ဖွဲ့စည်းတည်ထောင်ခြင်း (၁၁) နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၁၁/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ရကသ) ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၁) နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။ အမျိုးသားရေး၊ လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး အစရှိသည့်တိုက်ပွဲများတွင် ရက္ခိုင်ပြည်အဖိနှိပ်ခံပြည်သူလူထု၊ ရက္ခိုင်ကျောင်းသားထုနှင့် တသားတည်းရပ်တည်ကာ တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက်က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ရဲဘော်များအား ကျွန်ုပ်တို့မှ အလေးအမြတ်ပြုပါသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ရကသ) သည် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့တိုင်အောင် ရက္ခိုင်ပြည်အဖိနှိပ်ခံ ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ ဖိနှိပ်သူအပေါင်းကို တွန်းလှန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံပြည်သူလူထုအကျိုး၊ ကျောင်းသားထုအကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အရပ်ရပ်တွင် ရဲဘော်တို့ ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည် ယုံကြည်မျှော်လင့်ပါသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အနေဖြင့် အဖ...

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်း၊ ကိုသုတနေ တို့အား ဂုဏ်ပြု‌သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၁၀/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်                   ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်း နှင့် သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေ တို့သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ရင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျဆုံးသွားပါသည်။  စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်းနှင့် ကိုသုတနေ တို့အား ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်တို့၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့...

၁၉၈၈ လူထုအရေးတော်ပုံ တိုက်ပွဲဝင် ဗကသကျောင်းသားခေါင်းဆောင်၊ ၁၉၈၈ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဥက္ကဌဟောင်း ရဲဘော်သန့်ဇင် ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ

Image
  သဝဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်                              ၁၉၈၈ လူထုအရေးတော်ပုံ တိုက်ပွဲဝင် ဗကသရဲဘော်၊ ၁၉၈၈ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဥက္ကဌဟောင်းဖြစ်သူ ရဲဘော်သန့်ဇင်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်ုပ်တို ဗကသများအဖွဲချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။                              ရဲဘော်သန့်ဇင်သည် ၁၉၈၈ လူထုအရေးတော်ပုံအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်တဦးဖြစ်ပြီး ဗကသများအဖွဲချုပ်၏ တာဝန်ဝတ္တရားများကို ဘဝတလျှောက်လုံး နည်းလမ်းပေါင်းစုံဖြင့် ထမ်းရွက်ခဲ့သူ၊ ဗကသများအဖွဲချုပ်၏ အလံတော်ကို ဘဝတလျှောက် သယ်ဆောင်ချီတက်ခဲ့သူ၊ ဘဝ၏ နောက်ဆုံးသောအချိန်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးရပ်တည်ချက် ခိုင်ခိုင်မြဲမြဲရှိခဲ့သူဖြစ်သည်။ ရဲဘော်သန့်ဇင်သည် လူထုတိုက်ပွဲများအတွင်းမှ ပေါ်ထွက်လာသော ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ရုံသာမက ...

၄၇ နှစ်ပြည့် ဆလိုင်းတင်မောင်ဦးနေ့ အခမ်းအနားသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၈/ဗကသ/၂၀၂၃ ရက်စွဲ - ၂၆ ရက် ဇွန်လ ၂၀၂၃ ခုနှစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း နေဝင်း ဖက်ဆစ်အုပ်စု၏ မတရားကြိုးပေးကွပ်မျက်မှုကြောင့် နောင်တော်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးခဲ့သည်မှာ ယနေ့ဆိုလျှင် ၄၇ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံး၏ ဘုံရန်သူအား နောက်ဆုံးအချိန်အထိ အလျှော့မပေး အညံ့မခံဘဲ အသက်စွန့်ကာ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအာဇာနည် ဆလိုင်းတင်မောင်ဦးအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် မှ အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ခေတ်အဆက်ဆက်တွင် ကျောင်းသား ပြည်သူတို့အား ရက်ရက်စက်စက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများအား ကျူးလွန်ခဲ့သော ဖက်ဆစ်တပ်သည် ယခုနွေဦးတော်လှန်ရေးတွင်လည်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်မှု နှိပ်စက်သတ်ဖြတ်မှုများကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်။ “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ် ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရဘူး မင်းတို့စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး...

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုစိုင်းထက် သို့ ဂုဏ်ပြု‌သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၇/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်                   မိုးညှင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ သတင်းနှင့်ပြန်ကြားရေးမှူးဖြစ်သူ ရဲဘော်စိုင်းထက်သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုစိုင်းထက်အား ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ ❝မြေဝသုန်ရေ . . . ဂ...

၁၃၃ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) သို့ ပေးပို့သော သဝဏ်လွှာ

Image
​ သဝဏ်လွှာအမှတ် - ၆/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် မေလ ၁ ရက်                   အဖိနှိပ်ခံ ကမ္ဘာ့အလုပ်သမားထု၏ အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေသော ယနေ့ကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခြင်းအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အလေးအနက် ဂုဏ်ပြုအပ်ပါသည်။                   ခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော အရင်းရှင်လူတန်းစားနှင့် အုပ်စိုးသူအစိုးရအဆက်ဆက်အား ပြင်းပြင်းထန်ထန် တွန်းလှန်ဖြိုဖျက်ခဲ့သည့် အဖိနှိပ်ခံ ဗမာပြည်အလုပ်သမားထုကြီးသည် ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၏ ပင်မအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ဗမာပြည်တွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဖိနှိပ်ခံအလုပ်သမားထုကြီးသည် ယနေ့အချိန်အထိ အထွေထွေအကျပ်အတည်းကို ဆိုးရွားစွာဖြင့် ရင်ဆိုင်ခံစားနေရသည်။                    ဗမာပြည် အဖိနှိပ်ခ...