Posts

Showing posts from September, 2023

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ စက်တင်ဘာ ၂၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အထက ၂ မရမ်းကုန်း)၊ Mayangone Democratic Front နှင့် Burma Youth Revolutionary Force (BYRF) တို့ပူးပေါင်းကာ “အထွေထွေအကြပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” စာသားပါဘန်နာအား စက်တင်ဘာလ ၂၄ ရက်နေ့၌ ရန်ကုန်မြို့တွင် ချိတ်ဆွဲ၍ ဆေးနီများပတ်ဖြန်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု

ဗကသများအဖွဲ့ချုပ်က ပြည်သူအခြေပြုကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ကူညီ

Image
၂၀၂၃ စက်တင်ဘာ ၂၅၊ ဗကသ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများတွင် ပညာသင်ယူနေသော ကျောင်းသား/သူများသို့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁၉၀ ကူညီထောက်ပံ့ပေးခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar  #ကူညီထောက်ပံ့

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

Image
၂၀၂၃ စက်တင်ဘာ ၁၇၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ စက်တင်ဘာလ ၁၇ ရက်နေ့၌ ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတခုတွင် “လူဖြစ်ခြင်းရဲ့အဓိပ္ပါယ် ဒို့တော်လှန်မှရလိမ့်မယ်၊ နိုင်ငံရေးနဲ့ ကင်းတဲ့ပြည်သူဆိုတာမရှိဘူး” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar  #လှုပ်ရှားမှု

ယင်းမာပင်ဗကသနှင့် ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ စက်တင်ဘာ ၁၆၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ယင်းမာပင်အရှေ့ခြမ်း သပိတ်အင်အားစုဖြစ်သည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ဘန်နာစာသား၊ “Our Ambassador Our Voice” ဘန်နာစာသားတို့ဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။   “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #အထွေထွေအကျပ်အတည်း #လှုပ်ရှားမှု

ဗကသက ဦးဆောင်ပြီး GSC နှင့် မဟာမိတ်များက အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်သုံးစစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ စက်တင်ဘာ ၁၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ General Strike Committee - (GSC) ကော်မတီဝင် အဖွဲ့အစည်းများ၊ North Dagon Oppressed People's Strike Colition (NDOPSC)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ)၊ Burmese Youth Revolutionary Force (BYRF) တို့ ပူးပေါင်းပြီး “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိီသို့” စာသားပါ ဘန်နာအားကိုင်စွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #GSC #အထွေထွေအကျပ်အတည်း #လှုပ်ရှားမှု

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံသို့ Skyline ကောလိပ် ဗကသက တက်ရောက်ခဲ့

Image
၂၀၂၃ စက်တင်ဘာ ၁၄၊ ဗကသ အမေရိကန် ပြည်ထောင်စု၊ ဘတ်ဖဲလိုးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို Skyline College မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က တက်ရောက်ခဲ့ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ ကို ပြည်ပရောက် မြန်မာများ၊ နိုင်ငံရေးသမားများနဲ့ ကျောင်းသားရဲဘော်ဟောင်းများက ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး online နဲ့ မြေပြင်မှ လူဦးရေ ၃၀၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ Skyline College ဗကသ အနေနဲ့ ညီလာခံမှာ နိုင်ငံရေးနဲ့ ဖက်ဒရယ်ရေးရာများ ဆွေးနွေးခြင်း၊ အကြံပြုချက်များ တင်ပြခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ ဗကသများအဖွဲ့ချုပ်ရဲ့ မူဝါဒများ ရှင်းလင်းတင်ပြခြင်း၊ အိုးဝေစာစောင်ဖြန့်ဝေခြင်းနဲ့ အခမ်းအနားမှာ နည်းပညာဆိုင်ရာ အကူအညီပေးခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #SkylineMSU #ဗကသ #မြန်မာ့နွေဦးတော်လှန်‌ရေး #နိုင်ငံတကာညီလာခံ

ရန်သူ့တပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် လှုံ့ဆော်လှုပ်ရှားမှုများကို ဗကသနှင့် မဟာမိတ်များက ရန်ကုန်နှင့် မန္တလေးတို့၌ ပြုလုပ်

Image
၂၀၂၃ စက်တင်ဘာ ၆၊ ဗကသ စစ်ကောင်စီ၏ လက်အောက်ခံတပ်သားများ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံကြရန် CDM လှုပ်ရှားမှု၌ ပါဝင်ကြရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုများအဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လက်ကမ်းစာစောင် ၂၃၀၀ ကျော် ဖြန့်ဝေခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုများကို ဖက်ဆစ်တပ်၏ ဖိနှိပ်မှုများ ပြင်းထန်တင်းကြပ်နေသည့်ကြားမှ စက်တင်ဘာလ ၆ ရက်နေ့၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ပြည်သူ့ရင်ခွင် (People’s Embrace)၊ Kyimyindaing Networks - K.M.D18)၊ Mayangone Democratic Front (M.D.F) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ရန်ကုန်မြို့၌ မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မင်္ဂလာဒုံစစ်ဈေး ပတ်ဝန်းကျင်တို့တွင် ဖြန့်ဝေခဲ့ပြီး မန္တလေးမြို့၌ ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားကြီး၊ နန်းတွင်း ကျုံးဘေး၊ ကုသိုလ်တော် (သို့) မန်းလေးတောင်တော်တို့တွင် ဖြန့်ဝေခဲ့ပြီး ဂျာနယ်နှင့် စာစောင်အမျိုးမျိုးတို့၏ အတွင်းဘက်စာမျက်နှာများတွင် လှုံ့ဆော်စာတွေကပ်ကာ အခမဲ့ဖတ်ရှုနိုင်ကြောင်း ဖြန