Posts

Showing posts from May, 2023

ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
​ ၂၀၂၃ မေ ၂၉၊ ဗကသ ဗကသများအဖွဲ့ချုပ်က ဦးဆောင်သည့် ကျောင်းသား/ပြည်သူ ပါဝင်သော သပိတ်စစ်ကြောင်းသည် တပ်ဦး၌ ဗကသခွပ်ဒေါင်းအလံတော်အား လွှင့်ထူ၍ “တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်တွင် မေလ ၂၈ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုတွင် ပြည်သူလူထုအား နိုင်ငံရေးသဘောတရားများ ဆွေးနွေးခြင်း၊ သပိတ်တရားဟောပြောခြင်းများ ပြုလုပ်ကာ သပိတ်စစ်ကြောင်း ချီတက်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ဗကသများအဖွဲ့ချုပ်က ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မေ ၁၀၊ ဗကသ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မြောက်ဥက္ကလာပမြို့နယ်တွင် "တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး" စာသားပါ စတစ်ကာများအား ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ မေလ ၁၀ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ မြောက်ဥက္ကလာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မြေပြင်ရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်အမိန့် မတရားချမှတ်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ်  #ဗကသ #ABFSU #ကိုကောင်းဆက်ပိုင် #KoKaungSettPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmarNow

ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၈၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မေ ၈၊ ဗကသ ဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်တွင် ​အဖိနှိပ်ခံပြည်သူလူထုအကျိုးအတွက် တိုက်ပွဲအသီးသီးတွင် တပ်ဦးမှတိုက်ပွဲဝင်ခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၈၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition - NDOPSC တို့ ပူးပေါင်း၍ "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့" စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ မေလ ၈ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ABFSU_1936_2023 #LongLiveABFSU #whathappeninginmyanmar

Statement on the 87th Anniversary of the All Burma Federation of Student Unions

Image
​ Announcement: 3/ABFSU/2023 Date: 2023, May 8                  Today, May 8, 2023, marks the 87th anniversary of the establishment of the All Burma Federation of Student Unions (ABFSU). We of ABFSU — ever in solidarity with the masses since the Colonial Era, the AFPFL Era, the Military Dictatorship Era to the current times of the power-usurping Fascist Government — have been at the forefront of the battle against colonialism and military dictatorship, and the fight for peace, democratic education, and protection of student rights.                   After the recurrent coup d'état of February 1, 2021, the ABFSU has done 947 anti-military dictatorship activities such as on-the-ground strikes, organization of the masses, and distributing bulletins and pamphlets. During these activities, 11 ABFSU comrades have fallen because of the violent massacre of the fascist military, and 55 comrades including the vice-president Wai Yan Phyo Moe, a member of the Central Committee, have been captu

ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၈၇) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

Image
​ ကြေညာချက်အမှတ်  -  ၃ / ဗကသ / ၂၀၂၃ ရက်စွဲ  -  ၂၀၂၃   ခုနှစ်   မေလ   ၈   ရက်                  ယနေ့   ၂၀၂၃   ခုနှစ်   မေလ   ၈   ရက်နေ့သည်   ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်  ( ဗကသများအဖွဲ့ချုပ် )  ဖွဲ့စည်းတည်ထောင်ခြင်း  ( ၈၇ )  နှစ်   ပြည့်မြောက်သည့်နေ့   ဖြစ်သည်။   ဗကသများအဖွဲ့ချုပ်သည် ကိုလိုနီခေတ်၊   ဖဆပလခေတ်၊   စစ်အာဏာရှင်ခေတ်မှသည်   ယခု   စစ်အာဏာသိမ်း   ဖက်ဆစ်အစိုးရ   လက်ထက်အထိ   ပြည်သူလူထုနှင့်   တသားတည်းရပ်တည်ကာ   နယ်ချဲ့ဆန့်ကျင်ရေး၊   စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး၊ ငြိမ်းချမ်းရေး၊   ဒီမိုကရေစီပညာရေး၊   ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး   အစရှိသည့်   တိုက်ပွဲများတွင် ရှေ့တန်းမှ   ဦးဆောင်ပါဝင်ခဲ့သည်။                  ၂၀၂၁   ဖေဖော်ဝါရီ   ၁   ရက်နေ့၌   ဖက်ဆစ်တပ်က   တကြော့ပြန်   အာဏာသိမ်းခဲ့ပြီးနောက်တွင်လည်း ဖေဖော်ဝါရီလ   ၆   ရက်နေ့မှစ၍   ယနေ့အချိန်အထိ   ဗကသများအဖွဲ့ချုပ်သည်   မြေပြင်သပိတ်လှုပ်ရှားမှုများ၊   လူထုစည်းရုံးလှုံ့ဆော်ရေး   လုပ်ငန်းစဉ်များ၊   စာစောင် / ပန်ဖလက်ဖြန့်ဝေခြင်းလုပ်ငန်းစဉ်များ   အစရှိသည့်   စစ်အာဏာရှင်စနစ်   ဆန့်ကျင်ရေးလှုပ်ရှားမှုပေါင်း  ( ၉၄၇ )  ကြ

ဗကသများအဖွဲ့ချုပ်က ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မေ ၇၊ ဗကသ ကျောင်းသားထု ပြည်သူလူထုအား အကြမ်းဖက် ဖက်ဆစ်စစ်တပ်က မတရားဖမ်းဆီးခြင်း၊ သေဒဏ်ချမှတ်နေခြင်းများနှင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ ဖက်ဆစ်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ကြရန် "တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး"၊ "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်တိုက်ဖျက်ကြ" စာသားပါ ဘန်နာများအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ ရန်ကုန်မြို့၌ ချိတ်ဆွဲ၍ ပြည်သူလူထုအား စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ မေလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ကိုကောင်းဆက်ပိုင် #KoKaungSatPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmar

ဗကသများအဖွဲ့ချုပ်က ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မေ ၆၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရန်ကုန်မြို့ရှိ နေရာအချို့တွင် "တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး" စာသားပါ စတစ်ကာများအား ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ မေလ ၆ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ မြောက်ဥက္ကလာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မြေပြင်ရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်အမိန့် မတရားချမှတ်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ်  #ဗကသ #ABFSU #ကိုကောင်းဆက်ပိုင် #KoKaungSettPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မေ ၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ကာ လူ့ဘောင်သစ်‌ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် လူ့ဘောင်သစ်လူငယ် (YNS) တို့ ပူးပေါင်း၍ ဗကသရဲဘော် ကိုကောင်းဆက်ပိုင် အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများကို အကြမ်းဖက် ဖက်ဆစ်တပ်က မတရားဖမ်းဆီး သေဒဏ်ချမှတ်နေမှုများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်အနေဖြင့် ယနေ့ မေလ ၅ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို "တော်လှန်ရေးသမားကို သေဒဏ်ချရုံနဲ့ တော်လှန်ရေးက သေဒဏ်မကျဘူး" စာသားပါဘန်နာအား ကိုင်စွဲ၍ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားသေဒဏ် အမိန့်ချမှတ်ထားခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ကိုကောင်းဆက်ပိုင် #KoKaungSatPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmar

ဗကသများအဖွဲ့ချုပ်က ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မေ ၃၊ ဗကသ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒဂုံမြို့​သစ်(မြောက်ပိုင်း)မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ ယနေ့ မေလ ၃ ရက်နေ့တွင် "တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး" စာသားပါ စတေကာများအား ရန်ကုန်မြို့၌ ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားသေဒဏ် အမိန့်ချမှတ်ထားခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ကိုကောင်းဆက်ပိုင် #KoKaungSatPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မေ ၃၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ကာ North Dagon Oppressed People's Strike Colition - NDOPSC နှင့် ပူးပေါင်း၍ ဗကသရဲဘော် ကိုကောင်းဆက်ပိုင် အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများကို အကြမ်းဖက် ဖက်ဆစ်တပ်က မတရားဖမ်းဆီး သေဒဏ်ချမှတ်နေမှုများအား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်အနေဖြင့် ယနေ့ မေလ ၃ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို "တော်လှန်ရေးသမားကို သေဒဏ်ချရုံနဲ့ တော်လှန်ရေးက သေဒဏ်မကျဘူး" စာသားပါဘန်နာအား ကိုင်စွဲ၍ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားသေဒဏ် အမိန့်ချမှတ်ထားခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ကိုကောင်းဆက်ပိုင် #KoKaungSatPaing #သေဒဏ် #DeathPenalty #WhatHappeningInMyanmar

၁၃၃ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) သို့ ပေးပို့သော သဝဏ်လွှာ

Image
​ သဝဏ်လွှာအမှတ် - ၆/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် မေလ ၁ ရက်                   အဖိနှိပ်ခံ ကမ္ဘာ့အလုပ်သမားထု၏ အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေသော ယနေ့ကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခြင်းအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အလေးအနက် ဂုဏ်ပြုအပ်ပါသည်။                   ခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော အရင်းရှင်လူတန်းစားနှင့် အုပ်စိုးသူအစိုးရအဆက်ဆက်အား ပြင်းပြင်းထန်ထန် တွန်းလှန်ဖြိုဖျက်ခဲ့သည့် အဖိနှိပ်ခံ ဗမာပြည်အလုပ်သမားထုကြီးသည် ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၏ ပင်မအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ဗမာပြည်တွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဖိနှိပ်ခံအလုပ်သမားထုကြီးသည် ယနေ့အချိန်အထိ အထွေထွေအကျပ်အတည်းကို ဆိုးရွားစွာဖြင့် ရင်ဆိုင်ခံစားနေရသည်။                    ဗမာပြည် အဖိနှိပ်ခံအလုပ်သမားထု၏ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန်မှာ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်ဖျက်ပြီး အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်မြောက်ရေးအတွက် က