Posts

Showing posts from July, 2022

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ အဖွဲ့ဝင်ကျောင်းသားသမဂ္ဂအဖြစ် ဖွဲ့စည်းခွင့်

Image
​ နိုင်ငံအတွင်းရှိ မည့်သည့်ဒေသတွင်မဆို ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ကျောင်းသားသမဂ္ဂအဖြစ် အောက်ပါအတိုင်း ဖွဲ့စည်းနိုင်သည်။ ၁။ ဗကသများအဖွဲ့ချုပ်၏ လက်ခံချက် (၃) ရပ်ကို လက်ခံလိုက်နာသည့် ကျောင်းသား/သူများနှင့် ဖွဲ့စည်းရမည်။ (က) မူဝါဒ (၆) ချက်ကို လက်ခံလိုက်နာရမည်။ (ခ) ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများကို လက်ခံလိုက်နာရမည်။ (ဂ) ဗဟိုအမှုဆောင်အဖွဲ့၏ ဒီမိုကရေစီနည်းကျ ဦးဆောင်မှုကို လက်ခံလိုက်နာရမည်။ (ဗဟိုတခုတည်းရှိရေး) ၂။ သက်ဆိုင်ရာသမဂ္ဂ၏ အလုပ်အမှုဆောင်အဖွဲ့ကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ရမည်။ ၃။ မြိုနယ်၊ ခရိုင်၊ တက္ကသိုလ်၊ ကောလိပ်၊ သက်မွေး သမဂ္ဂများ ဖွဲ့စည်းနိုင်သည်။ ဗကသများအဖွဲ့ချုပ် ၏ လက်ခံချက် (၃) ရပ်ကို လက်ခံလိုက်နာပါက ဗကသများအဖွဲ့ချုပ်၏ တံဆိပ်၊ အလံနှင့် သက်ဆိုင်ရာ သမဂ္ဂ၏ အမည်၏နောက်တွင် ဗကသများအဖွဲ့ချုပ် ဟု အသုံးပြုခွင့်ရှိသည်။ ၄။ သမဂ္ဂဖွဲ့စည်းပြီးကြောင်းကို ဗကသများအဖွဲ့ချုပ် ၏  Facebook Page  နှင့်  Email  သို့ ဆက်သွယ်အကြောင်းကြားရမည်။ ၅။ မူဝါဒ (၆) ချက် (က) အမျိုးသားရေး (ဝါ) နယ်ချဲ့ဆန့်ကျင်ရေး (ခ) ဒီမိုကရေစီရေး (ဝါ) စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (ဂ) ငြိမ်းချမ်းရေး (ဃ) ဒီမိုကရေစီပညာရေး (င

Facist Military of Burma arrested a student of ABFSU and brutally totured him.

Image
​ 29th July, 2022 Ko Zaw Myo, President of BEHS (3) Bahan Students' Union was arrested by the military on July 25th. He is currently detained and brutally interogated at Sanchaung Police Station. The military showed him the photos of his comrades and tortured him until he bleeds from his ears. He is prosecuted under Section 505(A) unjustly and will be sent to Insein prison in August. News and Informations Bureau All Burma Federation of Student Unions #abfsu #whathappeninginmyanmar

ဗကသကျောင်းသားတဦးအား ဖက်ဆစ်တပ်က အကြမ်းဖက်ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်

Image
​ ၂၀၂၂ ဇူလိုင်လ ၂၉၊ ဗကသ အထက(၃)ဗဟန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ ဖြစ်သူ ကိုဇော်မျိုးအား ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖက်ဆစ်တပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားပြီး စမ်းချောင်းရဲစခန်းတွင် ချုပ်နှောင်ကာ ညှဉ်းပန်းနှိပ်စက်နေသည်။ ဗကသရဲဘော် ကိုဇော်မျိုးအား အခြားရဲဘော်များ၏ ဓာတ်ပုံများကိုပြ၍ နားထဲမှ သွေးများထွက်သည်အထိ နှိပ်စက်စစ်ဆေးထားပြီး ပုဒ်မ ၅၀၅ (က)ဖြင့် မတရားစွဲဆိုကာ သြဂုတ်လအတွင်း အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့

Image
​ ၂၀၂၂ ဇူလိုင်လ ၂၇၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဇူလိုင်လ ၂၆ ရက်နေ့၌ အရာတော်မြို့နယ်ဆိုင်းဘုတ်တွင် ဆေးနီပတ်ဖြန်း၍ ဖက်ဆစ်တပ်၏ မတရားစီရင်သတ်ဖြတ်ခြင်းခံရသော အာဇာနည်သူရဲကောင်းများအတွက် "ကျဆုံးခန္ဓာအတွက် စိတ်ဝိဉာဉ်နဲ့ ရှေ့ဆက် ခြောက်လှန့် တော်လှန်မယ်ဟေ့"၊ "သွေးကြွေးဆပ်ဖို့ ပြင်ထားကြ၊ ကမ္ဘာ‌မကြေဘူး" စာသားဘန်နာများ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #whathappeninginmyanmar

ပြင်ဦးလွင်တွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစတေကာများ ဖြန့်ဝေ

Image
​ ၂၀၂၂ ဇူလိုင် ၂၇၊ ဗကသ ပြင်ဦးလွင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၌ ပြင်ဦးလွင်မြို့နယ်တွင် အိုးဝေစတေကာများ ဖြန့်ဝေခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇူလိုင် ၂၇၊ ဗကသ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition (NDOPSC) တို့ပူးပေါင်း၍ "နင်းသတ်လို့မသေ ဆက်တိုက်လို့နေ" စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #whathappeninginmyanmar

သူရဲကောင်းတွေရဲ့ သွေးခင်းတဲ့လမ်းအတိုင်း ဆက်လက်ချီတက်တိုက်ပွဲဝင်ကြ

Image
​ ကြေညာချက်အမှတ် - ၃/ဗကသ/၂၀၂၂ ရက်စွဲ - ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက် နွေဦးတော်လှန်ရေးတွင် အသက်စွန့်ကာ တိုက်ပွဲဝင်သွားသည့် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော်၊ ကိုလှမျိုးအောင် (ခ) ကိုမျိုး နှင့် ကိုအောင်သူရဇော် (ခ) ကိုသူရ တို့အား ဖက်ဆစ်တပ်က သေဒဏ်ချမှတ်ထားရာမှ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပြီးစီးကြောင်း ဇူလိုင်လ ၂၅ ရက်နေ့၌ ကြေညာခဲ့သည်။ ယနေ့ကာလသည် အာဏာသိမ်းဖက်ဆစ်ဘီလူး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အာဏာရှင်လူတစုက ပြည်သူလူထုအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကာ ဖိနှိပ်အုပ်ချုပ်နေသည့် ကာလဖြစ်သည်။  ပြည်သူလူထုနှင့် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်သူများအား ဖက်ဆစ်တပ်က ဖမ်းဆီးအကျဉ်းချခြင်း နှိပ်စက်သတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်နေသည့်အပေါ် ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချသည်။ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော်၊ ကိုလှမျိုးအောင် (ခ) ကိုမျိုး နှင့် ကိုအောင်သူရဇော် (ခ) ကိုသူရ တို့ အပါအဝင် စစ်ကြောရေး၊ အကျဉ်းထောင်၊ စစ်မြေပြင်၊ လမ်းမထက် အစရှိသည့် နေရာအသီးသီး၌ ပုံသဏ္ဍာန်မျိုးစုံဖြင့် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွား

ရန်ကုန်တွင် မဟာမိတ်များ၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအား ဗကသများအဖွဲ့ချုပ်က ပူးပေါင်းဝန်းရံ

Image
​ ၂၀၂၂   ဇူလိုင်   ၂၄၊   ဗကသ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ  - YRSC  နှင့်   မဟာမိတ်အင်အားစုများ   ပူးပေါင်းကာ   ယနေ့   ဇူလိုင်လ   ၂၄   ရက်နေ့၌   ရန်ကုန်မြို့တွင်  " လွတ်မြောက်ခြင်းကို   ပုန်ကန်ခြင်းနဲ့စတင်ကြ "  စာသားပါဘန်နာအား   ကိုင်ဆောင်၍   ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်   ပြုလုပ်ခဲ့ပါသည်။   ၎င်းလှုပ်ရှားမှုကို   ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ  - YRSC  မှ   ဦးဆောင်ပြုလုပ်ပြီး   ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်  ( ဗကသများအဖွဲ့ချုပ် )  ဝင်   ကျောင်းသားသမဂ္ဂများ၊   ပုဇွန်တောင် / ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ  (PBYSC) ၊  Yangon Revolution Force - YRF (Soft strike Commitee) ၊   ဗမာ့လူငယ်ကွန်ရက်  -  ဗလက၊   ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ  ( ထဝအကသ ) ၊   လှိုင်သာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ  ( လသယအကသ ) ၊   ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ  ( ရရတကသ )  တို့မှ   ပူးပေါင်းပါဝင်ခဲ့ပါသည်။   လှုပ်ရှားမှုတွင်  " လုံးဝအုပ်ချုပ်ခွင့်မရစေရ " ၊  "No God, No Master, No Justic, No Peace" ၊  "Vivala Revoluta (

အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
​ ၂၀၂၂ ဇူလိုင် ၂၃၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီ ဗဟိုဦးစီးစနစ် အစရှိသည့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာ၍ အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို  ဗကသများအဖွဲ့ချုပ် #abfsu

အရာတော်မြို့နယ်အတွင်းတွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အခမ်းအနားပြုလုပ်

Image
၂၀၂၂ ဇူလိုင် ၂၀၊ ဗကသ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အခမ်းအနားအား အရာတော်မြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသား/ပြည်သူ ပါဝင်သော ယင်းအခမ်းအနားတွင် ဗကသခွပ်ဒေါင်းအောင်လံတော်လွှင့်ထူ၍ "လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ (၉)ဦးမက"၊ "ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင် သူတောင်းစားတွေ သမ္မတ ဖြစ်ကုန်လိမ့်မယ်" စာသားပါဘန်နာများအား ချိတ်ဆွဲကာ ကျောင်းသားအသိ ကျောင်းသားအမြင်ဖြင့် နိုင်ငံရေးသဘောတရားများဟောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ဂါရဝပြုခြင်းများပြုလုပ်ခဲ့ပါသည်။ မှတ်ချက်။ ဖက်ဆစ်တပ်မှ အရာတော်ဒေသအား အင်တာနက်ဖြတ်တောက်ထားသောကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar  #19July

အရာတော်ဒေသတွင် ဗကသများအဖွဲ့ချုပ်က (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇူလိုင် ၂၀၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာကိုးဦးမက” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဇူလိုင်လ ၁၉ ရက်နေ့၌ အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ လူထုသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လာရောက်ဝန်းရံပြီး လုံခြုံရေးယူပေးကြသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။ မှတ်ချက်။ ဖက်ဆစ်တပ်မှ အရာတော်ဒေသအား အင်တာနက်ဖြတ်တောက်ထားသောကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar #19July

ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် ၇၅ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇူလိုင် ၁၉၊ ဗကသ ၇၅ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) တို့ ပူပေါင်း၍ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်း၌ “လူမျိုးကြီး၀ါဒတိုက်ဖျက်ကြ အာဇာနည်ဟာ ၉ ဦးမက” စာသားပါဘန်နာအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar #19July

ယင်းမာပင်-ဆားလင်းကြီးဒေသတွင် ဗကသများအဖွဲ့ချုပ်က (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇူလိုင် ၁၉၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာကိုးဦးမက” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့၌ ဆားလင်းကြီးမြို့နယ် လမ်းမများပေါ်တွင် ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar #19July ဓာတ်ပုံများ-Lungekhit

ယင်းမာပင်တွင် (၇၅) နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ဒေသခံလူထုသပိတ်စစ်ကြောင်းအား ဗကသများအဖွဲ့ချုပ်က ပူးပေါင်းဝန်းရံ

Image
၂၀၂၂ ဇူလိုင် ၁၉၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့မှ (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ယင်းမာပင်မြို့နယ်ရှိ ဒေသခံလူထုသပိတ်စစ်ကြောင်းက ပြုလုပ်သော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပူးပေါင်းဝန်းရံခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar #19July ဓာတ်ပုံများ-Lungekhit