အရာတော်မြို့နယ်အတွင်းတွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အခမ်းအနားပြုလုပ်



၂၀၂၂ ဇူလိုင် ၂၀၊ ဗကသ


အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အခမ်းအနားအား အရာတော်မြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။



ကျောင်းသား/ပြည်သူ ပါဝင်သော ယင်းအခမ်းအနားတွင် ဗကသခွပ်ဒေါင်းအောင်လံတော်လွှင့်ထူ၍ "လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ (၉)ဦးမက"၊ "ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင် သူတောင်းစားတွေ သမ္မတ ဖြစ်ကုန်လိမ့်မယ်" စာသားပါဘန်နာများအား ချိတ်ဆွဲကာ ကျောင်းသားအသိ ကျောင်းသားအမြင်ဖြင့် နိုင်ငံရေးသဘောတရားများဟောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ဂါရဝပြုခြင်းများပြုလုပ်ခဲ့ပါသည်။




မှတ်ချက်။ ဖက်ဆစ်တပ်မှ အရာတော်ဒေသအား အင်တာနက်ဖြတ်တောက်ထားသောကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်ပါသည်။





သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar 

#19July

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်