Posts

Showing posts from April, 2023

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty

Image
2/ABFSU/2023 2023, April 28                 Ko Kaung Sat Paing, a member of ABFSU, who was sentenced life-long imprisonment for protesting against the Burmese military junta and promoting democracy, has been additionally sentenced to death on April 25.                 Including the unjust imprisonments and death sentences on Ko Kaung Sat Paing by the military junta, we condemn all the ruthless killings, unfair trials and imprisonments, and the destruction that the junta has brought upon the people. We believe that all these unfair trials, judges, courts and sentences are obviously biased and one-sided. The Burmese military junta will be held responsible for all the atrocities that they have and will be committed. We would like to warn strongly that the Burmese military junta should immediately stop the brutality on the people.                 Nowadays, the fascist tyrant Min Aung Hlaing and his cronies are terrorizing over Burma. In such times, it is an important task to destroy the ca

ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား သေဒဏ်အမိန့် ချမှတ်ခြင်းအပေါ် ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်

Image
​ ကြေညာချက်အမှတ်  -  ၂ / ဗကသ / ၂၀၂၃ ရက်စွဲ  -  ၂၀၂၃   ခုနှစ်   ဧပြီလ   ၂၈   ရက်                  ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံတွင်   ပါဝင်ကာ   စစ်အာဏာရှင်စနစ်ကို   ဆန့်ကျင်တိုက်ဖျက်ခဲ့သည့်အတွက်   မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ  ( ဗကသများအဖွဲ့ချုပ် )  ၏   မြေပြင်ရေးရာတာဝန်ခံ ဗကသရဲဘော်   ကိုကောင်းဆက်ပိုင်အား   အာဏာသိမ်းဖက်ဆစ်တပ်က   မတရားပုဒ်မများတပ်၍   ထောင်ဒဏ်တသက်တကျွန်း   ချမှတ်ထားရာမှ   ဧပြီလ   ၂၅   ရက်နေ့တွင်   သေဒဏ်အမိန့်   ထပ်တိုးချမှတ်လိုက်ကြောင်း   သိရသည်။                    ဗကသရဲဘော်   ကိုကောင်းဆက်ပိုင်အား   ထောင်ဒဏ်တသက်တကျွန်း   ချမှတ်ခြင်း၊   သေဒဏ်အမိန့်   ချမှတ်ခြင်းနှင့်   ဗကသရဲဘော်များအား   မတရားပုဒ်မများတပ်ကာ   ဖမ်းဆီးထောင်ချထားခြင်းများ   အပါအဝင် ပြည်သူလူထုအား   တရားမဲ့သတ်ဖြတ်မှုများ၊   မတရားဖမ်းဆီးထောင်ချမှုများ၊   ပြည်သူလူထု၏   အိုးအိမ်စည်းစိမ်းများအား   ဖျက်ဆီးသိမ်းပိုက်ခြင်းများ   အားလုံးကို   ဗကသများအဖွဲ့ချုပ်က   ပြင်းပြင်းထန်ထန်   ဆန့်ကျင်ကန့်ကွက်သည်။   အဆိုပါလုပ်ရပ်များသည်   အာဏာသိမ်းဖက်ဆစ်တပ်၏   မတရားသဖြင့်   တဖက်သတ်စီရင်ချက်များဟု   ဗကသများအဖွဲ့ချုပ်က  

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သွေးသပိတ်လှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဧပြီ ၁၉၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဧပြီလ ၁၉ ရက်နေ့၌ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ဆေးနီများပက်ဖြန်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲများတွင် အသက်ပေးခဲ့ရသော ပြည်သူများ၊ ရဲဘော်များ၏သွေးများသည် လမ်းမများ၊ စစ်မြေပြင်၊ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် စွန်းထင်းနေကြောင်းကိုပြသကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု သွေးသပိတ်အား ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #သွေးသပိတ် #whathappeninginmyanmar

စကိုင်းလိုင်းကောလိပ် မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဧပြီ ၁၉၊ ဗကသ စကိုင်းလိုင်းကောလိပ် မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် Skyline College က မြန်မာလူငယ်များ ပူးပေါင်း၍ ဧပြီလ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို ဖက်ဒရယ် အဆောက်အဦရှေ့၌ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #MSU #SkylineCollege #SagaingAirstrike #ဗကသ #WhatsHappeningInMyanmar

စကိုင်းလိုင်းကောလိပ် မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
​ ၂၀၂၃ ဧပြီ ၁၉၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးစနစ် အစရှိသည့် လက်ခံချက် ၃ ရပ်ကို လက်ခံလိုက်နာပြီး စကိုင်းလိုင်းကောလိပ် မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ဧပြီလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #SkylineCollege #WhatsHappeningInMyanmar

နှစ်သစ်ကူး အိုးဝေစာစောင် အသစ်ထွက်ပြီ

Image
​ (အတွဲ ၃၊ အမှတ် ၄)  ━  ဗကသများအဖွဲ့ချုပ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးထုတ်ဝေတဲ့ အိုးဝေစာစောင် အတွဲ ၃၊ အမှတ် ၄ ထွက်ပါပြီ။ ဒီစာစောင်မှာ ဖတ်ရှုရမှာတွေကတော့ -  [အယ်ဒီတာ့အာဘော်] ◉ နှစ်သစ်ကူး သန္နိဋ္ဌာန် [သတင်း] ◉ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ စပ်ဆက်သတင်းများ ◉ ကန့်ဘလူပဇီကြီးရွာစစ်ရာဇဝတ်မှု - ကိုသိမ်းမြတ် [ဆောင်းပါး] ◉ ၇၅ နှစ်ကျော်ကြာ ဗမာပြည် ပြည်တွင်းစစ် စိန်ရတု စစ်တမ်း - ရဲဘော်အောင်သင်း ◉ မြန်မာ့ပြဿနာ (အပိုင်း ၂) - ထွန်းအောင်သန်း ◉ စစ်အာဏာရှင်စနစ်၏ ပြီးပြည့်ကုံလုံသော အဓိပ္ပာယ်ဖွင့်ဆိုချက် တရပ်ဆီသို့ ဦးတည်ရေးသားသည့် စာမူကြမ်းများ (အပိုင်း ၂) - အောင်ဖုန်းမော် ◉ မြေယာပြဿနာဆိုင်ရာ မှတ်စုများ (အပိုင်း ၆) - လေ့လာသူတဦး [အနှစ်ချုပ်] ◉ လီနင်ရဲ့ ငါတို့ဘာလုပ်ကြမလဲ အနှစ်ချုပ် (What is to be Done?) အပိုင်း ၆ - စိမ်းမြင့် (မန္တလေး) စတဲ့ ကဏ္ဍတွေနဲ့ သတင်းတွေကို စုံစုံလင်လင် ဖတ်ရှုရမှာပါ။   ━  ဒီတပတ်အိုးဝေစာစောင်ကို အောက်က လင့်ခ်မှာ ‌ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါတယ်။ ➥  https://bit.ly/43K11RL တယ်လီဂရမ် ➥  https://t.me/Oway1936 ━  ◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖတ်ရှုပြီ

ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂနှင့် ဝင်းရော်ဒေသ CDM များ ပူးပေါင်း၍ တော်လှန်သင်္ကြန်လှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဧပြီ ၁၅၊ ဗကသ ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဝင်းရော်ဒေသရှိ CDM ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ၌ "အပြတ်ဆော်မယ့် ဒို့ဝင်းရော်" သံချပ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တော်လှန်သင်္ကြန်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #whathappeninginmyanmar

အရာတော်မြို့နယ်ဗကသနှင့် မဟာမိတ်များက တော်လှန်သင်္ကြန် လူထုသပိတ်ပြုလုပ်

Image
​ ၂၀၂၃ ဧပြီ ၁၄၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ၊ နည်းပညာတက္ကသိုလ်(မုံရွာ)ကျောင်းသားများသမဂ္ဂ တို့နှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်းကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့၌ အရာတော်မြို့နယ်တွင် "တော်လှန်သင်္ကြန် လူထုသပိတ်စစ်ကြောင်း" ချီတက်၍ ကျောင်းသားလူငယ်များမှ လက်ရှိစစ်ရေး၊ နိုင်ငံရေးအခြေအနေများအား သံချပ်ဖြင့် သရုပ်ဖော်တင်ဆက်ခြင်း၊ သပိတ်တရားဟောပြောခြင်းတို့ ပြုလုပ်ပြီး ‌စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန် လူထုလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

မိုးညှင်းမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ပြည်သူလူထုအား အာဟာရဒါန ပြုလုပ်

Image
​ ၂၀၂၃ ဧပြီ ၁၄၊ ဗကသ မြန်မာ့နှစ်သစ်ကူးကာလတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသော မိဘပြည်သူများထံသို့ ဗကသများအဖွဲ့ချုပ်က မုန့်လုံးရေပေါ်စတုဒီသာ အာဟာရဒါနနှင့် နှစ်သစ်ကူးဆုတောင်းစာများ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှိုးဆော်စာများ ပေးပို့ခြင်းလှုပ်ရှားမှုကို ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် မိုးညှင်းမြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဧပြီ ၁၄၊ ဗကသ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၆) ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၁) ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ တို့ပူးပေါင်း၍ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် "အညာမြေအတွက် အတာရေမပတ်နဲ့" စာသားပါဘန်နာဖြင့် ရန်ကုန်မြို့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar 

ကြို့ပင်ကောက်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဧပြီ ၁၄၊ ဗကသ ကြိုပင်ကောက်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ကြို့ပင်ကောက်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူ့ဘောင်သစ်လူငယ်တို့ ပူးပေါင်း၍ ဧပြီလ ၁၂ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၌ စစ်အာအာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဧပြီ ၁၁၊ ဗကသ ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ သွေးစွန်းသင်္ကြန်ခေါင်းစဉ်ဖြင့် သရုပ်ဖော်ပုံ ဖန်တီးလှုပ်ရှားမှုပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #သွေးစွန်းသင်္ကြန် #WhatHappeningInMyanmarNow

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအား အကြမ်းဖက် ဖက်ဆစ်တပ်က လေကြောင်းဖြင့် အရပ်သားပြည်သူများအား ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်

Image
​ ကြေညာချက်အမှတ် - ၁/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်၌ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအား အကြမ်းဖက် ဖက်ဆစ်စစ်တပ်က တိုက်ခိုက်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြု၍  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးသူငယ် (၂၅) ဦးခန့် အပါအဝင် (လက်ရှိအချိန်အထိ) အရပ်သားပြည်သူ (၁၀၀) ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၅၀) ဦးခန့်ရှိကြောင်း ကြားသိရပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေဖြင့် ထိခိုက် သေဆုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ဒေသခံ ပြည်သူလူထုနှင့်အတူ တသားတည်း ရှိနေပါကြောင်း ပြောကြားလိုပါသည်။  စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် ဖက်ဆစ်တပ်၏ အဆိုပါလုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်နေဆဲ ကျူးလွန်ခဲ့သည့် လုပ်ရပ်များအား ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချသည်။ စစ်အာဏာရှင်စနစ် တည်ရှိနေသမျှကာလတလျှောက်လုံးတွင် အဖိနှိပ်ခံပြည်သူလူထု၏ အခွင့်အရေးအရပ်ရပ်သည

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဧပြီ ၁၀၊ ဗကသ အထက(၂)အင်းစိန် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ ဧပြီလ ၁၀ ရက်နေ့၌ "စစ်သုံးစစ်ကို အမြတ်ဖြတ်ကြ၊ ဖက်ဆစ်သွေးနဲ့ အတာကူးကြ" စာသားပါဘန်နာအား အထက(၂)အင်းစိန်‌ကျောင်းရှေ့တွင် ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #စစ်သုံးစစ် #အတာသင်္ကြန် #WhatsHappeningInMyanmar