Posts

Showing posts from February, 2024

ကြို့ပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၄ ဖေဖော်ဝါရီ ၂၈၊ ဗကသ ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၌ “တော်လှန်ရေးသမားကိုသတ်ရုံနဲ့ တော်လှန်ရေးကသေဒဏ်မကျဘူး” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #လှုပ်ရှားမှု #whathappeninginmyanmar

တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က အိုးဝေစာစောင်းများ ဖြန့်ဝေ

Image
၂၀၂၄ ဖေဖော်ဝါရီ ၂၈၊ ဗကသ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တနင်္သာရီဒေသတွင်း ပြည်သူလူထုထံသို့ အိုးဝေစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် ___ #Oway #ABFSU #အိုးဝေ #ဗကသ #Whatshappeninginmyanmar

အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ရဲဘော်ညီမင်းသူ ကျဆုံးခြင်း ၂ နှစ်ပြည့် အလေးနီပြုခြင်းအခမ်းအနား ပြုလုပ်

Image
၂၀၂၄ ဖေဖော်ဝါရီ ၂၅၊ ဗကသ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီကနေ့ညနေပိုင်း ဗကသရဲဘော်ကိုညီမင်းသူကျဆုံးခြင်း၂ နှစ်ပြည့်အနေနဲ့ အခမ်းအနားတခုကို  လွတ်မြောက်နယ်မြေတခုမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ရဲဘော်ညီမင်းသူရဲ့မိသားစု၊ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေကနေ ပူပေါင်းပြီး ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ အခမ်းအနားမှာ ရဲဘော်ညီမင်းသူအပါဝင် ခေတ်အဆက်ဆက်ကျဆုံးသွားတဲ့အာဇာနည်တွေကို အလေးပြုတာနဲ့ အခမ်းနားအတွက်ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဗကသမျိုးဆက်ဟောင်း မျိုးဆက်သစ်ရဲဘော်တွေ၊ ဗကသရဲ့ နိုင်ငံရေးဟာမိတ်အင်အားစုတွေနဲ့ တခြားတော်လှန်ရေးအင်အားစုတွေကနေ ရဲဘော်ညီမင်းသူအတွက် ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါတယ်။ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ တခြားနီးစပ်သူတွေ အခမ်းအနားကို တက်ရောက်ပါဝင်ခဲ့ကြပါတယ်။ ရဲဘော်ညီမင်းသူဟာ လွန်ခဲ့တဲ့၂ နှစ် ဒီလိုနေ့က မရမ်းကုန်းမြို့နယ်က Safe House တခုမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်စီနင်းပြီး ရက်ရက်စက်စက

တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က နိုင်ငံရေးစကားဝိုင်းများ ပြုလုပ်

Image
၂၀၂၄ ဖေဖော်ဝါရီ ၂၅၊ ဗကသ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ တနင်္သာရီမြို့နယ်တွင် “လူငယ်နှင့် နိုင်ငံရေး” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းတခု ဆွေးနွေးပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #နိုင်ငံရေးစကားဝိုင်း #လှုပ်ရှားမှု #whathappeninginmyanmar

ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၆/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ဖက်ဆစ်အုပ်စုရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌဟောင်း ကိုညီမင်းသူ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးခဲ့တာ ဒီကနေ့ဆိုရင် (၂) နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။ လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို နောက်ဆုံးအချိန်အထိ အလျှော့မပေး အညံ့မခံဘဲ ပြတ်ပြတ်သားသား အသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ ဗကသရဲဘော် ကျောင်းသားအာဇာနည် ကိုညီမင်းသူကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ကျောင်းသားထုနဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဖက်ဆစ်စစ်တပ်ဟာ လက်ရှိကာလမှာလည်း လူမျိုးပေါင်းစုံ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်တာ၊ နှိပ်စက်သတ်ဖြတ်တာတွေ နေ့စဉ်နဲ့အမျှပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပါတယ်။  ဒါ့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်အာဏ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) (၃)နှစ်ပြည့် အထိမ်းအမှတ်သို့ ‌ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၅/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ဟာ စတင်ဖွဲ့စည်းပြီးကတည်းက  အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ဘက်မှာ အပြည့်အဝရပ်တည်ရင်း ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ဒီကနေ့ဆိုရင် (၃) နှစ်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲတွေမှာ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ တသားတည်း ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်သောအဖွဲ့အစည်းတရပ်အဖြစ် ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အနေနဲ့ ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ဗကသများအဖွဲ့ချုပ်က ယုံကြည်မျှော်လင့်ပါတယ်။  ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်ကလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)

တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၄ ဖေဖော်ဝါရီ ၁၇၊ ဗကသ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေ‌ဖော်ဝါရီ ၁၇ ရက်နေ့၌ တနင်္သာရီမြို့နယ်တွင် ဒေသတွင်းလူထုအား ဖက်ဆစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အား ကာကွယ်ခြင်းနည်းလမ်းများကို ဆွေးနွေးတင်ပြခဲ့ပြီး ပန်းဖလက်များ ဖြန့်ဝေကာ အသိပညာပေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #လေကြောင်းတိုက်ခိုက် #လှုပ်ရှားမှု #whathappeninginmyanmar

မြန်မာနိုင်ငံတွင်း အရပ်သားများအပေါ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုအား နိုင်ငံတကာလူထုတိုက်ပွဲများအဖွဲ့ချုပ် - အာရှပစိဖိတ် (International League of People Struggle Asia Pacific “ILPS-AP”) မှ ရှုတ်ချခြင်း

Image
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ၊ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖကျေးရွာပေါ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုအား နိုင်ငံတကာလူထုတိုက်ပွဲများအဖွဲ့ချုပ်  - အာရှပစိဖိတ် (International League of People Struggle Asia Pacific “ILPS-AP”) မှ ရှုတ်ချသည်။ ဤကဲ့သို့‌သော လုပ်ရပ်များသည် အကြမ်းဖက် ဖက်ဆစ်စစ်တပ်က မြန်မာပြည်သူပြည်သားများအပေါ် ပြုလုပ်သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များစွာထဲမှ တခုဖြစ်သည်။ ယခု‌လေယာဥ်ဗုံးကြဲမှုများသည် မြန်မာစစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုပုံစံများထဲမှ အစိတ်အပိုင်းတခုဖြစ်သည်။ ယခင်ကလည်း အရပ်သားပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များ ရှိခဲ့ပြီးဖြစ်သည်။ ဥပမာ - ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ကချင်ပြည်နယ်၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းရှိ အရပ်သားပြည်သူ ၂၈ ယောက် သေဆုံးခဲ့ရသည်။ ဤစစ်ဘေးရှောင်စခန်းသည် ၂၀၁၁ ခုနှစ်မှစတင်ကာ စစ်ဘေးရှောင်ပြည်သူများ၏ ခိုလှုံရာ‌နေရာဖြစ်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းချိန်မှစပြီး အကြမ်းဖက် ဖက်ဆစ်စစ်တ

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်

Image
၂၀၂၄ ဖေဖော်ဝါရီ ၁၃၊ ဗကသ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ (၁၀၉) နှစ်ပြည့်မွေးနေ့တွင် အရာတော်မြို့နယ်၌ အောက်မေ့သတိရခြင်း အခမ်းအနားတခုပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်သူလူထုအား ပဲပြုတ်နှင့်နံပြားများဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နှိုးဆော်တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #လှုပ်ရှားမှု #ကိုအောင်ဆန်း #ဗိုလ်ချုပ်အောင်ဆန်း #whathappeninginmyanmar

Statement Condemning the Mandatory Conscription Law

Image
The Mandatory Conscription Law enacted by the State Administration Council [SAC] or the coup council is thrusting the country into an even deeper pit of hellfire. This Mandatory Conscription Law will bring added misery to the more than 50 million people of Myanmar while currently also facing a general crisis. The crisis deepens with soaring food prices and rampant inflation due to the ongoing military offensive against civilians, economic mismanagement, and stagnant wages. This Mandatory Conscription Law will result in distrust that will lead to social collapse and Burma [Myanmar] will become a failed state. The Mandatory Conscription Law proves that the military dictatorship is currently facing a crisis and this is their desperate attempt to hold onto power. We have an opportunity to build genuine unity for the people's liberation movement to grow, despite