မြန်မာနိုင်ငံတွင်း အရပ်သားများအပေါ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုအား နိုင်ငံတကာလူထုတိုက်ပွဲများအဖွဲ့ချုပ် - အာရှပစိဖိတ် (International League of People Struggle Asia Pacific “ILPS-AP”) မှ ရှုတ်ချခြင်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံ၊ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖကျေးရွာပေါ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုအား နိုင်ငံတကာလူထုတိုက်ပွဲများအဖွဲ့ချုပ်  - အာရှပစိဖိတ် (International League of People Struggle Asia Pacific “ILPS-AP”) မှ ရှုတ်ချသည်။ ဤကဲ့သို့‌သော လုပ်ရပ်များသည် အကြမ်းဖက် ဖက်ဆစ်စစ်တပ်က မြန်မာပြည်သူပြည်သားများအပေါ် ပြုလုပ်သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များစွာထဲမှ တခုဖြစ်သည်။

ယခု‌လေယာဥ်ဗုံးကြဲမှုများသည် မြန်မာစစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုပုံစံများထဲမှ အစိတ်အပိုင်းတခုဖြစ်သည်။ ယခင်ကလည်း အရပ်သားပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များ ရှိခဲ့ပြီးဖြစ်သည်။ ဥပမာ - ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ကချင်ပြည်နယ်၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းရှိ အရပ်သားပြည်သူ ၂၈ ယောက် သေဆုံးခဲ့ရသည်။ ဤစစ်ဘေးရှောင်စခန်းသည် ၂၀၁၁ ခုနှစ်မှစတင်ကာ စစ်ဘေးရှောင်ပြည်သူများ၏ ခိုလှုံရာ‌နေရာဖြစ်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းချိန်မှစပြီး အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကြောင့် ပြည်သူပေါင်း ၂.၆သန်းသည် စစ်‌ဘေးရှောင်‌ဒုက္ခသည်များ ဖြစ်‌လာရသည်။ ထို့အပြင် စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀၀၀ ပြုလုပ်ကာ အိမ်ပေါင်း ၇၇,၂၇၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

အရပ်သားပြည်သူများအပေါ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကို နိုင်ငံတကာလူထုတိုက်ပွဲများအဖွဲ့ချုပ်  - အာရှပစိဖိတ် (International League of People Struggle Asia Pacific “ILPS-AP”) က ရှုတ်ချပါသည်။ ကျွန်ုပ်တို့သည် ဖိနှိပ်ခံမြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဒီမိုကရေစီ‌ရေးတိုက်ပွဲများကို ကူညီထောက်ပံ့သွားမည်ဟု အခိုင်အမာပြောကြားအပ်ပါသည်။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှု ကျူးလွန်သူများသည် ၎င်းတို့၏ လုပ်ရပ်တိုင်းအတွက် တာဝန်ခံရမည်ဖြစ်ပြီး အပြစ်မဲ့အရပ်သားပြည်သူများ ထပ်မံထိခိုက်ဆုံးရှုံးမှုမရှိစေရန် ကာကွယ်တားဆီးမှုများကိုလည်း ဆောင်ရွက်ကြရပါမည်။

နိုင်ငံတကာလူထုတိုက်ပွဲများအဖွဲ့ချုပ်  - အာရှပစိဖိတ်
International League of People Struggle Asia Pacific (ILPS-AP)
#WhatsHappeninginMyanmar #AirStrike #လေကြောင်းတိုက်ခိုက်မှု

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ