Posts

Showing posts from January, 2022

မန္တလေးတွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ ဖြန့်ဝေ

Image
ဇန်နဝါရီ ၃၁၊ ဗကသ ချမ်းအေးသာစံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မန္တလေးမြို့၌ ရန်သူ၏ အစစ်အဆေးများစွာ တင်းကြပ်နေသည့် ကြားမှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) တို့ ပူးပေါင်းထုတ်ဝေနေသော အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၈ နှင့် အတွဲ ၁၊ အမှတ် ၉ တို့အား ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့ကြသည်။ အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၈ ကိုဒေါင်းလုတ်ရယူရန် အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၉ ကိုဒေါင်းလုတ်ရယူရန် အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။ ___ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

"My HEAD IS BLOODY BUT UNBOWED"

Image
ဇန်နဝါရီ ၃၁ ၊ ဗကသ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တောင်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့စုပေါင်း၍ (MY HEAD IS BLOODY BUT UNBOWED) ဟူသောစာတန်းပါဘန်နာကို ကိုင်ဆောင်ကာ ရန်ကုန်မြို့တွင် စစ်အာဏာရှင်တိုက်ဖျက်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #GSC #ABFSU #Whatshappeninginmyanmar

မန္တလေးတွင် ဗကသများအဖွဲ့ချုပ်မှ စစ်ကျွန်ပညာရေး ဆန့်ကျင်ရေးဆောင်းပါးများ ဖြန့်ဝေ

Image
ဇန်နဝါရီလ ၃၁၊ ‌ဗကသ အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မန္တလေးမြို့၌ စစ်ကျွန်ပညာရေး ဆန့်ကျင်ရေးဆောင်းပါးများအား ဖြန့်ဝေကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ စစ်ကျွန်ပညာရေးဆန့်ကျင်ရေး၊ ဒီမိုကရေစီပညာရေးတည်ဆောက်ရေးအတွက် လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #abfsu

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) ၏ ၉၁ နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၁ / ၂၀၂၂ ရက်စွဲ - ၃၁ / ၁ / ၂၀၂၂ ၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့တွင် ၉၁ နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး အစရှိသည့်တိုက်ပွဲများတွင် အဖိနှိပ်ခံပြည်သူလူထု၊ ကျောင်းသားထုနှင့် တသားတည်းရပ်တည်ကာ တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက်က ရတကသရဲဘော်များအား ကျွန်ုပ်တို့မှ အလေးအမြတ်ပြုပါသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) သည် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့တိုင်အောင် အဖိနှိပ်ခံလူထုနှင့်ရပ်တည်ကာ ဖိနှိပ်သူအပေါင်းကို တွန်းလှန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံပြည်သူလူထုအကျိုး၊ ကျောင်းသားထုအကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အရပ်ရပ်တွင် ရဲဘော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည် ယုံကြည်ပါသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) အနေဖြင့် အဖိနှိပ်ခံကျောင်းသားထုအကျိုး၊ ပြည်သူလူထုအကျိုးအား ဆက်လက်သယ

အထက(၄)မြောက်ဥက္ကလာပကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
ဇန်နဝါရီ  ၃၀၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး အထက(၄)မြောက်ဥက္ကလာပကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များဖြန့်ဝေ

Image
ဇန်နဝါရီ ၃၀၊ ဗကသ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁)သင်္ဃန်းကျွန်းကျောင်းသားမျာသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)သင်္ဃန်းကျွန်းကျောင်းသားမျာသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၄)သင်္ဃန်းကျွန်းကျောင်းသားမျာသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက သုဝဏ္ဏ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အမက(၈)သင်္ဃန်းကျွန်းကျောင်းသားမျာသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သင်္ဃန်းကျွန်းပြည်သူလူထုထံသို့ အိုးဝေစာစောင်များ ဖြန့်ဝေခဲ့သည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဇန်နဝါရီ ၃၀၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်မှ ကျောင်းသား/လူငယ်များ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ❝နှောင်ကြိုးကို ဒို့လက်ရုံးနဲ့ ချိုးဖျက်မလေ❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ ဒီမိုကရေစီပညာရေးဆောင်းပါးများ ဖြန့်ဝေ

Image
ဇန်နဝါရီလ ၃၀၊ ‌ဗကသ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၃)ဗဟန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့၌ ရန်ကုန်မြို့တွင် ဒီမိုက‌ရေစီပညာရေး ဆောင်းပါးများအား ဖြန့်ဝေကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ စစ်ကျွန်ပညာရေးဆန့်ကျင်ရေး၊ ဒီမိုကရေစီပညာရေးတည်ဆောက်ရေးအတွက် လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #abfsu

ပြင်ဦးလွင်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်ကျွန်ပညာရေး ဆန့်ကျင်ရေးဆောင်းပါးများ ဖြန့်ဝေ

Image
ဇန်နဝါရီလ ၃၀၊ ‌ဗကသ ပြင်ဦးလွင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်၌ စစ်ကျွန်ပညာရေး ဆန့်ကျင်ရေးဆောင်းပါးများအား ဖြန့်ဝေကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ စစ်ကျွန်ပညာရေးဆန့်ကျင်ရေး၊ ဒီမိုကရေစီပညာရေးတည်ဆောက်ရေးအတွက် လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #abfsu

၆ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံ မှတ်တမ်းနှင့် အခြားစာတမ်းများ

Image
၂၀၊ ၂၁၊ ၂၂.၁၀.၁၉၆၀ Download ရယူရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဖြန့်ဝေသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ၊ အိုးဝေစတစ်ကာများ ဖြန့်ဝေ

Image
ဇန်နဝါရီ ၂၉၊ ဗကသ ဗကသများအဖွဲ့ချုပ်နှင့် ရတကသတို့ ပူးပေါင်းထုတ်ဝေသော အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁၀ ကို ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ကြာအင်းဆိပ်ကြီး အကသ) တို့က ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ KNU ဒူးပလာယာ ခရိုင် ဝင်းရေးမြို့နယ်မှ ပြည်သူလူထုထံ ဖြန့်ဝေခဲ့သည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU