Posts

Showing posts from October, 2023

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ အောက်တိုဘာ ၂၅၊ ဗကသ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ GSC အင်အားစုများဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ တာမွေသပိတ်ကော်မတီ၊ မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီတို့ ပူးပေါင်း၍ “‌အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” စာသားပါဘန်နာဖြင့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်း

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၅) နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၁၂/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက် ၁၉၈၈  ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ဖွဲ့စည်းခဲ့စဉ်ကတည်းက အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ဖက်မှာ အပြည့်အဝရပ်တည်ရင်း ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တာ (၃၅) နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီအရေးတိုက်ပွဲတွေမှာ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးပါတီတရပ်အဖြစ် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုအပ်ပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနေနဲ့ နွေဦးတော်လှန်ရေးမှာလည်း ပါတီဝင်တဦးချင်းအနေနဲ့သာမက ပါတီတခုလုံးက ပိုင်းဖြတ်ချက်ရှိစွာနဲ့ ပါတီရပ်တည်နိုင်ရေးထက် ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ခြင်းဟာလည်း ပါတီသမိုင်းမှာ အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ချမှတ်ဖော်ဆောင်ခဲ့တဲ့ ပါတီခေါင်းဆောင်များနဲ့ ပါတီတရပ်လုံးရဲ့ အမျှော်အမြင်ရှိမှု၊ ရဲဝံ့စွန့်စားမှုနဲ့ စွန့်လွှတ်အ

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ စက်တင်ဘာ ၂၅၊ ဗကသ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁)ရွှေပြည်သာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ “လူထုအကျပ်အတည်းအရင်းခံ အာဏာရှင်စနစ်အမြစ်လှန်” စာသားပါ စတေကာများနှင့် ပန်းဖလက်များ ဖြန့်ဝေသည့် လှုပ်ရှားမှုတရပ်ကို ယနေ့ အောက်တိုဘာလ ၇ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု 

ဗကသများအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ABFSU Fundraising Campaign

Image
ပြည်တွင်း/ပြည်ပမှ မိဘပြည်သူများ ခင်ဗျား . . . 🛑 ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေ ဒီကနေ့အထိ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဗမာပြည် နေရာအနှံ့အပြားမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပေါင်း ၁၀၀၀ ကျော်ကို ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ ဒီကနေ့အထိလည်း ဒေသအသီးသီးမှာ ဗကသခွပ်ဒေါင်းအောင်လံကို ဆက်လက်လွှင့်ထူပြီး ဘုံရန်သူ စစ်သုံးစစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ 🛑 လက်ရှိမှာ ဗကသများအဖွဲ့ချုပ်အနေနဲ့ အဆိုပါလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့နဲ့ လုပ်ငန်းစဉ်အချို့ကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယအကြိမ် “ ABFSU Fundraising Campaign ” ရံပုံငွေရှာဖွေရေး လှုပ်ရှားမှုတရပ်ကိုလည်း လုပ်ဆောင်နေပါတယ်ခင်ဗျာ။ ဒါ့ကြောင့် ပြည်တွင်း/ပြည်ပက မိဘပြည်သူများအနေနဲ့ ဒုတိယအကြိမ် ABFSU Fundraising Campaign မှာ ပါဝင်ကူညီပေးကြဖို့ လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။  🛑 အသေးစိတ် အချက်အလက်တွေအတွက် ABFSU Fundraising Page ( https://m.me/abfsu.fundraising ) ကတဆင့် ဆက်သွယ်စုံစမ်းပြီး Wave Pay၊ KBZ Pay၊ NUG Pay၊ Bangkok Bank Account တို