Posts

Showing posts from August, 2023

ကျဆုံးရဲဘော်များအား အလေးပြုခြင်း အခမ်းအနားတရပ်ကို ဗကသများအဖွဲ့ချုပ်မှ ဘုတလင်မြို့နယ်တွင် ပြုလုပ်

Image
၂၀၂၃ သြဂုတ် ၃၀၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ကျဆုံးဗကသရဲဘော်များ အပါအဝင် ခေတ်အဆက်ဆက်က စစ်အာဏာရှင်စနစ်တိုက်ပွဲများ၊ ဒီမိုကရေစီအရေးတိုက်ပွဲများ၌ ကျဆုံးခဲ့သော တိုက်ပွဲဝင်ရဲဘော်များ၊ ပြည်သူများအား အလေးပြုခြင်းအခမ်းနားတရပ်ကို “တော်လှန်ရေးသမားကိုသာ သတ်လို့ရမယ်၊ တော်လှန်ရေးကို သတ်လို့မရဘူး” စာသားပါဘန်နာဖြင့် ဩဂုတ်လ ၃၀ ရက်နေ့တွင် ဘုတလင်မြိုနယ်၌ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar

ဗကသများအဖွဲ့ချုပ်မှ ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ သြဂုတ် ၃၀၊ ဗကသ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့” စာသားပါဘန်နာအား ကိုင်ဆောင်ပြီး ဩဂုတ်လ ၂၉ ရက်နေ့တွင် ကနီမြို့နယ်၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #WhatHappeningInMyanmarNow

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ သြဂုတ် ၂၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition (NDOPSC) တို့ ပူးပေါင်း၍ ဩဂုတ်လ ၂၄ ရက်နေ့၌ ရန်ကုန်မြို့ရှိ နေရာအချို့တွင် '“လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်”၊ “We have nothing to lose but our chains” စာသားပါဘန်နာများအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar

ရန်ကုန်တွင် မြောက်ဥက္ကလာပမြို့နယ် ဗကသက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဩဂုတ် ၁၄၊ ဗကသ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မြောက်ဥက္ကလာပမြို့နယ်၌ ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာ ကျောင်းသားထုနှင့် ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #WhatHappeningInMyanmarNow

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ အရာတော်မြို့နယ်တွင် လူထုနိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်

Image
၂၀၂၃ ဩဂုတ် ၁၄၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့် ဒေသခံပြည်သူလူထုများ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့၌ အရာတော်မြို့နယ်တွင် လူထုဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တော်လှန်ရေးရဲဘော်များမှ ပြည်သူလူထုအား လက်ရှိနိုင်ငံရေး အခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီနှင့်ပတ်သက်သည့် အခြေခံသဘောတရားများ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #လူထုဆွေးနွေးပွဲ #WhatsHappeningInMyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဩဂုတ် ၁၃၊ ဗကသ ဗကသများအဖွဲ့ချုပ်နှင့်​ Burmese Youth​ Revolutionary Force (BYRF) တို့ ပူးပေါင်း၍ ယနေ့ ဩဂုတ်လ​ ၁၃ ရက်နေ့၌ ရန်ကုန်မြို့တွင် “ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #WhatHappeningInMyanmarNow

ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ (ရကသ) ဖွဲ့စည်းတည်ထောင်ခြင်း (၁၁) နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၁၁/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ရကသ) ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၁) နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။ အမျိုးသားရေး၊ လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး အစရှိသည့်တိုက်ပွဲများတွင် ရက္ခိုင်ပြည်အဖိနှိပ်ခံပြည်သူလူထု၊ ရက္ခိုင်ကျောင်းသားထုနှင့် တသားတည်းရပ်တည်ကာ တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက်က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ရဲဘော်များအား ကျွန်ုပ်တို့မှ အလေးအမြတ်ပြုပါသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ရကသ) သည် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့တိုင်အောင် ရက္ခိုင်ပြည်အဖိနှိပ်ခံ ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ ဖိနှိပ်သူအပေါင်းကို တွန်းလှန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံပြည်သူလူထုအကျိုး၊ ကျောင်းသားထုအကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အရပ်ရပ်တွင် ရဲဘော်တို့ ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည် ယုံကြည်မျှော်လင့်ပါသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အနေဖြင့် အဖ

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အင်အားစုများက ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုပြုလုပ်

Image
သြဂုတ် ၉ ရက်၊ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ မင်္ဂလာတောင်ညွှန့်သပိတ်ကော်မတီ၊ တာမွေသပိတ်ကော်မတီ၊ Burma youth Revolutionary Force (BYRF) နှင့် Mayangon Democratic Front တို့ ပူးပေါင်း၍ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင် “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာသားပါဘန်နာအား ကိုင်စွဲပြီး ရန်သူ့ဖိနှိပ်မှုများ တင်းကျပ်သည့်ကြားမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #8888 #WhatsHappeningInMyanmar 

၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး (၃၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယင်းမာပင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ သြဂုတ်လ ၈ ၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်ကော်မတီနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး (၃၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ ဩဂုတ်လ ၈ ရက်နေ့၌ “မပြီးဆုံးသေးတဲ့ (၈)လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ငါတို့ခေတ်မှာ အဆုံးသတ်စို့” စာသားပါဘန်နာများအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ယင်းမာပင်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #8888 #WhatsHappeningInMyanmar

ဗကသရဲဘော်များနှင့် မဟာမိတ်ရဲဘော်များ ပူးပေါင်း၍ “၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

Image
၂၀၂၃ ဩဂုတ် ၈၊ ‌ဗကသ “၈၈၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး” (၃၅) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဗကသရဲဘော်များနှင့် မဟာမိတ်ရဲဘော်များ ပူးပေါင်း၍ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် နယ်စပ်ဒေသတခု၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ခေတ်အဆက်ဆက်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီအရေးတိုက်ပွဲများတွင် ကျဆုံးခဲ့ကြသည့် ကျောင်သား ပြည်သူများအား အလေးပြုခြင်း၊ တော်လှန်ကဗျာဆရာများမှ တော်လှန်ကဗျာများအား ရွတ်ဆိုခြင်း၊ ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်များမှ အမှတ်တရစကားပြောကြားခြင်း ပြုလုပ်ခဲ့ပါသည်။ ဓာတ်ပုံ - သတင်းမီဒီယာများနှင့် ဟိန်းအောင် (ဖိုတိုဒါန) သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #8888 #WhatsHappeningInMyanmar