ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ အရာတော်မြို့နယ်တွင် လူထုနိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်

၂၀၂၃ ဩဂုတ် ၁၄၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့် ဒေသခံပြည်သူလူထုများ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့၌ အရာတော်မြို့နယ်တွင် လူထုဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တော်လှန်ရေးရဲဘော်များမှ ပြည်သူလူထုအား လက်ရှိနိုင်ငံရေး အခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီနှင့်ပတ်သက်သည့် အခြေခံသဘောတရားများ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #လူထုဆွေးနွေးပွဲ #WhatsHappeningInMyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့