Posts

Showing posts from March, 2023

Comrade Ma Su Thoon Paing from ABFSU was unjustifiably sentenced 3 years captivation by Fascist Court Martial

Image
​ 2023 March 31| ABFSU Comrade Ma Su Thoon Paing, whom she is a member of No. 2 Basic Education Mayangon Students’ Union(ABFSU) was unjustly sentenced 3 years in captivation inculpated with 505(a) penal code from Mayangon district Court on 30th  of March. 18 years old ABFSU Comrade Ma Su Thoon Paing, who she is a basic education student was barbarically apprehended on 26th October 2022 and sentenced unjustly now on certain as promptly. Information & Communication Bureau All Burma Federation of Student Unions (ABFSU) #မဆုသွန်းပိုင် #MaSuThoonPaing #ABFSU #whathappeninginmyanmar

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

Image
​ သဝဏ်လွှာအမှတ်  -  ၄ / ဗကသ / ၂၀၂၃ ရက်စွဲ  -  ၂၀၂၃   ခုနှစ်   မတ်လ   ၃၁   ရက် ယနေ့   ၂၀၂၃   ခုနှစ်၊   မတ်လ   ၃၁   ရက်နေ့တွင်   ကျရောက်သော   ရန်ကုန်အခြေစိုက်   တက္ကသိုလ်ကျောင်းသားသမဂ္ဂများ  ( တကသများ  -  ရန်ကုန် )  ၏   ၂   နှစ်ပြည့်   နှစ်ပတ်လည်   အချိန်အခါသမယတွင်   ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဦးစွာပထမ   ပြောကြားလိုပါသည်။   စတင်ဖွဲ့စည်းစဉ်မှ   ယနေ့အထိ   တော်လှန်ရေးလှုပ်ရှားမှုများတွင် အင်တိုက်အားတိုက်   ပါဝင်လှုပ်ရှားနေကြသော   တကသများ  -  ရန်ကုန်   ကို   ကျွန်ုပ်တို့   ဗကသများအဖွဲ့ချုပ်က အလေးအနက်   အသိအမှတ်ပြုအပ်ပါသည်။ ကျွန်ုပ်တို့   ဗကသများအဖွဲ့ချုပ်   အနေဖြင့်   စစ်အစိုးရ၊   စစ်အုပ်စု၊   စစ်ဗျူရိုကရေစီယန္တရားဟူသော   စစ်သုံးစစ်   တိုက်ဖျက်ရေး၊   အဖိနှိပ်ခံလူထု   လွတ်‌မြောက်ရေးနှင့်   ပြည်သူ့ဒီမိုရေစီ   အရေးတော်ပုံ   တိုက်ပွဲများတွင်   ရဲဘော်တို့နှင့် အတူတကွ   လက်တွဲဆောင်ရွက်နိုင်လိမ့်မည်ဟု   ယုံကြည်ပါသည်။   တကသများ  -  ရန်ကုန်အနေဖြင့်   ရှေ့ဆက်   စစ်အာဏာရှင်စနစ်   ဆန့်ကျင်ရေးလုပ်ငန်းစဉ်များကို   ဆက်လက်တိုက်ပွဲဝင်   ဆောင်ရွက်နိုင်ပါစေကြောင်း   ဆန္ဒပြုရင်း ဤသဝဏ်လွှာကို   ပေးပို့အပ်ပါသည်။ ဗ

ဗကသရဲဘော် မဆုသွန်းပိုင်အား ဖက်ဆစ်တရားရုံးက ထောင်ဒဏ် ၃ နှစ် မတရားအမိန့်ချမှတ်

Image
​ ၂၀၂၃   မတ်လ   ၃၀၊   ဗကသ အထက  ( ၂ )  မရမ်းကုန်းကျောင်းသားများသမဂ္ဂ  ( ဗကသများအဖွဲ့ချုပ် )  ၏   အဖွဲ့ဝင်ဖြစ်သူ   မဆုသွန်းပိုင်အား   မရမ်းကုန်းမြို့နယ်တရားရုံးက   မတရားစွဲဆိုထားသော   ၅၀၅ ( က )  ပုဒ်မဖြင့်   မတ်လ   ၃၀   ရက်နေ့တွင်   ထောင်ဒဏ်   ၃   နှစ် အမိန့်ချလိုက်ကြောင်း   သိရသည်။ အသက်   ၁၈   နှစ်အရွယ်ရှိ   ဗကသရဲဘော်   မဆုသွန်းပိုင်သည်   အခြေခံပညာအထက်တန်း   ကျောင်းသူတဦးဖြစ်ပြီး ၂၀၂၂   ခုနှစ်   အောက်တိုဘာလ   ၂၆   ရက်နေ့တွင်   ဖက်ဆစ်တပ်၏   အကြမ်းဖက်   ဖမ်းဆီးခြင်းခံခဲ့ရကာ   ယခုကဲ့သို့   မတရားအမိန့်   ချမှတ်ခံရခြင်းဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို   ဗကသများအဖွဲ့ချုပ်   #ABFSU # ဗကသ  #whathappeninginmyanmar # မဆုသွန်းပိုင်

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ပြည်သူလူထုအား ဖက်ဆစ်တော်လှန်ရေးနေ့ ပန်းဖလက်များ ဖြန့်ဝေ

Image
​ ၂၀၂၃ မတ် ၂၉၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ ထုတ်ဝေဖြန့်ချိသည့် ဖက်ဆစ်တော်လှန်ရေးနေ့ ပန်းဖလက်များအား ယနေ့ မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့တွင်းရှိ ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့ပါသည်။ ဖက်ဆစ်တော်လှန်ရေးနေ့ ပန်ဖလက်အား အောက်ပါ link တွင် Download ယူ၍ ဖတ်ရှုနိုင်ပါသည်။ Telegram -  https://t.me/abfsu/5800 သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချူပ် #ABFSU #ဗကသ #ဖက်ဆစ်တော်လှန်ရေးနေ့ #WhatsHappeningInMyanmar 

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က သမဂ္ဂစာကြည့်တိုက် ဖွင့်လှစ်

Image
​ ၂၀၂၃ မတ် ၂၈၊ ဗကသ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ ကနီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုတွင် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ကာကွယ်ရေးရဲဘော်များအား အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သမဂ္ဂစာကြည့်တိုက်တခုကို ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားဖြင့် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ သမဂ္ဂစာကြည့်တိုက် အောင်မြင်စွာဖွင့်လှစ်နိုင်ရန်အတွက် ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေး/ကာကွယ်ရေးအဖွဲ့အစည်းများက လုပ်အား၊ ငွေအားဖြင့် ပါဝင်ကူညီပေးခဲ့ကြပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #သမဂ္ဂစာကြည့်တိုက် #whathappeninginmyanmar

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား သာယာဝတီထောင်သို့ ရွှေ့ပြောင်းချုပ်နှောင်ထားကြောင်း သိရ

Image
​ ၂၀၂၃   မတ်လ   ၂၈၊   ဗကသ ဗကသများအဖွဲ့ချုပ်၏   ဒုတိယဥက္ကဌ   ကိုဝေယံဖြိုးမိုးအား   အင်းစိန်ထောင်၌   ၂   နှစ်ကျော်ကြာ   မတရားဖမ်းဆီး   ချုပ်နှောင်ထားရာမှ   မတ်လ   ၂၅   ရက်နေ့တွင်   သာယာဝတီထောင်သို့   ပြောင်းရွှေ့လိုက်ကြောင်း   သိရသည်။   ကိုဝေယံဖြိုးမိုးသည်   ကျောက်တံတား၊   ကမာရွတ်၊   မရမ်းကုန်း   တရားရုံးများမှ   မတရားစွဲဆိုထားသော   ပုဒ်မ ၅၀၅ ( က )  အမှု   ၂   ခု၊   ငြိမ်းစုစီပုဒ်မ   အမှု   ၂   ခုနှင့်   ၅၀၅  ( ခ )  ပုဒ်မတို့အတွက်   အလုပ်ကြမ်းနှင့်   ထောင်ဒဏ်   ၇   နှစ်နှင့်   ၃ လ   မတရားအမိန့်ချခြင်းခံထားရသည်။ ဗကသများအဖွဲ့ချုပ်၏   ဒုဥက္ကဌ   ကိုဝေယံဖြိုးမိုးသည်   ၂၀၂၁   ခုနှစ်   မတ်လ   ၃   ရက်နေ့၌  GSC ( ပူးပေါင်း )  သပိတ်စစ်ကြောင်းအား   အကြမ်းဖက်ပစ်ခတ်   ဖြိုခွဲခံရချိန်တွင်   ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရပြီး   အင်းစိန်ထောင်တွင်း   မတရားချုပ်နှောင်ခံထားရချိန်   တလျှောက်လုံးတွင်လည်း   ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ   အကြိမ်ကြိမ်ခံခဲ့ရသည်။   ဓာတ်ပုံ  - MPA သတင်းနှင့်ပြန်ကြားရေးဗျူရို   ဗကသများအဖွဲ့ချုပ်   #ABFSU #whathappeninginmyanmar # ကိုဝေယံဖြိုးမိုး  # ဗကသ  # ဒုဥက္ကဌ

ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃   မတ်   ၂၇၊   ဗကသ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ  ( ဗကသများအဖွဲ့ချုပ် )  နှင့်   တာမွေသပိတ်ကော်မတီ  (TSC)  တို့ပူးပေါင်း၍ ဖက်ဆစ်တော်လှန်ရေးနေ့   အထိမ်းအမှတ်အဖြစ်   ရန်ကုန်မြို့၌   မတ်လ   ၂၆   ရက်နေ့တွင်  " ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကိုကြိုကြ "  စာသားပါဘန်နာအား   ချိတ်ဆွဲကာ   စစ်အာဏာရှင်စနစ်   ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu # ဗကသ  # ဖက်ဆစ်တော်လှန်ရေးနေ့  #WhatsHappeningInMyanmar

ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၂၇၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ဒေသခံလူထုပူးပေါင်း၍ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကိုကြိုကြ" စာသားပါဘန်နာအား ကိုင်စွဲ၍ ဘုတလင်မြို့နယ်၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဖက်ဆစ်တော်လှန်ရေးနေ့ #WhatsHappeningInMyanmar

ဖက်ဆစ်‌တော်လှန်ရေးနေ့

Image
​ ဒီကနေ့ဟာ ဂျပန်နယ်ချဲ့ဖက်ဆစ်တပ်တွေကို ဗမာပြည်မြေပေါ်ကနေ စစ်မှန်သော နိုင်ငံရေး​ခေါင်းဆောင်မှု​၊ ဗမာပြည်လူမျိုးပေါင်းစုံရဲ့ သွေးစည်း​ညီညွတ်မှုတို့နဲ့ တော်လှန်မောင်းထုတ်နိုင်ခဲ့တဲ့ "ဖက်ဆစ်တော်လှန်ရေးနေ့" ပဲဖြစ်ပါတယ်။ ယခု၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ (၇၈) နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ နယ်ချဲ့ဖက်ဆစ်ဂျပန်တွေရဲ့ ဓားအောက်က ဗမာပြည်သူလူထုတရပ်လုံးဟာ အသက်၊ သွေး၊ ချွေးတွေကို ရင်းနှီးစတေးခဲ့လို့ နယ်ချဲ့ဖက်ဆစ်တွေကို ဗမာပြည်မြေပေါ်ကနေ အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့တဲ့ အောင်ပွဲဟာ အလွန်ပင်ကြီးမားမြင့်မြတ် ဂုဏ်ရောင်ပြောင်ခဲ့ပါတယ်။ ဒီဖက်ဆစ်တော်လှန်ရေးဟာ ကြီးမြတ်ဂုဏ်ပြောင်လို့ အောင်မြင်မှုတွေရရှိခဲ့ပေမယ့် ဒီတော်လှန်ရေးထဲမှာ မွေးဖွားခဲ့တဲ့​ တချိန်ကမျိုးချစ်မြန်မာ့တပ်မတော်ကပဲ​ ပြည်​ပြည်တွင်းစစ်မီးကို​ ဖန်တီးပြီး ဖက်ဆစ်သန္ဓေကို မွေးမြူပေါက်ဖွားလာစေခဲ့တယ်။ စစ်အုပ်စုရဲ့​အကျိုးစီးပွားအတွက် ပြည်တွင်းစစ်ကို​​ အသုံးချပြီး ဗမာပြည်​ တိုင်းရင်းသားပြည်သူ လူမျိုးပေါင်းစုံအပေါ် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေတာကို ဒီကနေ့အထိ ခံနေရဆဲပဲဖြစ်ပါတယ်။ ဒါ့အပြင်​ တောင်တန်း/မြေပြန့်မကျန် ဗမာပ

ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၂၇၊ ဗကသ ဗကသများအဖွဲ့ချုပ်ဝင်ကျောင်းသားသမဂ္ဂများဖြစ်သော မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ဒေသခံလူထုပူးပေါင်း၍ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကိုကြိုကြ" စာသားပါဘန်နာအား ကိုင်စွဲ၍ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဖက်ဆစ်တော်လှန်ရေးနေ့ #WhatsHappeningInMyanmar

ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အိုးဝေစာစောင်

Image
​ (အတွဲ ၃၊ အမှတ် ၃)  ━  ဗကသများအဖွဲ့ချုပ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးထုတ်ဝေတဲ့ အိုးဝေစာစောင် အတွဲ ၃၊ အမှတ် ၃ ထွက်ပါပြီ။ ဒီစာစောင်မှာ ဖတ်ရှုရမှာတွေကတော့ -  [အယ်ဒီတာ့အာဘော်] ◉ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် [ဆောင်းပါး] ◉ ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ စစ်အာဏာရှင်စနစ်ဟာ ဖက်ဆစ်စနစ် အကောင်အထည်ဖော်တဲ့လမ်းကို လိုက်လိမ့်မယ် (အပိုင်း ၂) - လေ့လာသူတဦး ◉ မြန်မာ့ပြဿနာ (အပိုင်း ၁) - ထွန်းအောင်သန်း ◉ စစ်သုံးစစ် ဆိုတာဘာလဲ။ ဘာကြောင့် စစ်သုံးစစ်ကို ဦးတည်တိုက်ဖျက်ဖို့ ကျနော်တို့ ထပ်တလဲလဲပြောနေရတာလဲ။ - ဆလိုင်းလိဏ်းနိန်  ◉ မြေယာပြဿနာဆိုင်ရာ မှတ်စုများ (အပိုင်း ၅) - လေ့လာသူတဦး [အနှစ်ချုပ်] ◉ လီနင်ရဲ့ ငါတို့ဘာလုပ်ကြမလဲ အနှစ်ချုပ် (What is to be Done?) အပိုင်း ၅ - စိမ်းမြင့် (မန္တလေး) စတဲ့ ကဏ္ဍတွေကို စုံစုံလင်လင် ဖတ်ရှုရမှာပါ။   ━  ဒီတပတ်အိုးဝေစာစောင်ကို အောက်က လင့်ခ်မှာ ‌ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါတယ်။ ➥ https://bit.ly/3TMJTpS တယ်လီဂရမ် ➥  https://t.me/Oway1936   ━  ◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖတ်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် -  https://m.facebook.com/story.php?story_fbid=11

ABFSU Comrade Ko Kaung Sett Paing was unjustly sentenced to captivate life imprisonment under Fascist Court Martial

Image
​ 2023 March 23 ABFSU Comrade Ko Kaung Sett Paing, a Ground Mission Deputy role of North Oklalapa Students’ Union (ABFSU) was unjustly sentenced to life imprisonment by Fascist Court Martial imposed with unjustifiable 505(a) and 50(j) penal codes on 22nd of March. 20 years old ABFSU comrade Ko Kaung Sett Paing was atrociously seized and captivated on December 1st 2023 as he was mete out to be sentenced. As well, Vice president of No. 1 Basic Education North Okalapa Students’ Union (ABFSU) Comrade Ko Hein Htet (aka) Ko Po Po was also unjustifiably sentenced to captivate life imprisonment under Fascist Court Martial on 9th Febraury 2023. Information & Communication Bureau All Burma Federation Student Unions

ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား ဖက်ဆစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း မတရားအမိန့်ချမှတ်

Image
​ ၂၀၂၃ မတ်လ ၂၃၊ ဗကသ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် မတ်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်ကြောင်း သိရသည်။ အသက် ၂၀ နှစ်အရွယ်ရှိ ဗကသရဲဘော် ကိုကောင်းဆက်ပိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖက်ဆစ်တပ်၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရပြီး ယခုကဲ့သို့ မတရားအမိန့် ချမှတ်ခံရခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုဥက္ကဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပိုအား ဖက်ဆစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို  ဗကသများအဖွဲ့ချုပ်  #ABFSU #ဗကသ #whathappeninginmyanmar #ကိုကောင်းဆက်ပိုင် #ကိုဟိန်းထက်

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ မတ် ၁၉၊ ဗကသ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများဖြစ်သော မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "အဖိနှိပ်ခံတို့ညီညွတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ ယနေ့ မတ်လ ၁၉ ရက်နေ့တွင် မြိုင်မြို့နယ်၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar