ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား သာယာဝတီထောင်သို့ ရွှေ့ပြောင်းချုပ်နှောင်ထားကြောင်း သိရ


၂၀၂၃ မတ်လ ၂၈၊ ဗကသ


ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား အင်းစိန်ထောင်၌  နှစ်ကျော်ကြာ မတရားဖမ်းဆီး ချုပ်နှောင်ထားရာမှ မတ်လ ၂၅ ရက်နေ့တွင် သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ 


ကိုဝေယံဖြိုးမိုးသည် ကျောက်တံတား၊ ကမာရွတ်၊ မရမ်းကုန်း တရားရုံးများမှ မတရားစွဲဆိုထားသော ပုဒ်မ၅၀၅(ကအမှု  ခု၊ ငြိမ်းစုစီပုဒ်မ အမှု  ခုနှင့် ၅၀၅ (ပုဒ်မတို့အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်  နှစ်နှင့်  မတရားအမိန့်ချခြင်းခံထားရသည်။


ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ် မတ်လ  ရက်နေ့၌ GSC (ပူးပေါင်းသပိတ်စစ်ကြောင်းအား အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခံရချိန်တွင် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တလျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရသည်။ 


ဓာတ်ပုံ - MPA


သတင်းနှင့်ပြန်ကြားရေးဗျူရို 

ဗကသများအဖွဲ့ချုပ် 

#ABFSU #whathappeninginmyanmar #ကိုဝေယံဖြိုးမိုး #ဗကသ #ဒုဥက္ကဌ

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ