ဗကသများအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ABFSU Fundraising Campaign
ပြည်တွင်း/ပြည်ပမှ မိဘပြည်သူများ ခင်ဗျား . . . 🛑 ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေ ဒီကနေ့အထိ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဗမာပြည် နေရာအနှံ့အပြားမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပေါင်း ၁၀၀၀ ကျော်ကို ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ ဒီကနေ့အထိလည်း ဒေသအသီးသီးမှာ ဗကသခွပ်ဒေါင်းအောင်လံကို ဆက်လက်လွှင့်ထူပြီး ဘုံရန်သူ စစ်သုံးစစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ 🛑 လက်ရှိမှာ ဗကသများအဖွဲ့ချုပ်အနေနဲ့ အဆိုပါလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့နဲ့ လုပ်ငန်းစဉ်အချို့ကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယအကြိမ် “ ABFSU Fundraising Campaign ” ရံပုံငွေရှာဖွေရေး လှုပ်ရှားမှုတရပ်ကိုလည်း လုပ်ဆောင်နေပါတယ်ခင်ဗျာ။ ဒါ့ကြောင့် ပြည်တွင်း/ပြည်ပက မိဘပြည်သူများအနေနဲ့ ဒုတိယအကြိမ် ABFSU Fundraising Campaign မှာ ပါဝင်ကူညီပေးကြဖို့ လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ 🛑 အသေးစိတ် အချက်အလက်တွေအတွက် ABFSU Fundraising Page ( https://m.me/abfsu.fundraising ) ကတဆင့် ဆက်သွယ်စုံစမ်းပြီး Wave Pay၊ KBZ Pay၊ NUG Pay၊ Bangkok Bank Account...