Posts

Showing posts from January, 2023

ဗကသများအဖွဲ့ချုပ် နှင့် မဟာမိတ်များ ပူးပေါင်း၍ အရာတော်မြို့နယ်တွင် ဖက်ဆစ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဇန်နဝါရီ ၃၀၊ ဗကသ အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့်ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်း တို့ပူးပေါင်း၍ ကျောင်းသား/ပြည်သူပါဝင်သော လူထုသပိတ်စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့၌ အရာတော်မြို့နယ်တွင် "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ"၊ "တသံတည်းညီ တချီတည်းရုန်း တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ" စာသားပါဘန်နာများအား ကိုင်စွဲ၍ ပြည်သူလူထုအား နိုင်ငံရေးသဘောတရားများ ဆွေးနွေးခြင်း၊ သပိတ်တရားများ ဟောပြောခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဖက်ဆစ်ရွေးကောက်ပွဲ #WhatsHappeningInMyanmar ​

ဗကသများအဖွဲ့ချုပ် နှင့် မဟာမိတ်များ ပူးပေါင်း၍ အရာတော်မြို့နယ်တွင် ဖက်ဆစ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဇန်နဝါရီ ၂၉၊ ဗကသ အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့်ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်း တို့ပူးပေါင်း၍ ကျောင်းသား/ပြည်သူပါဝင်သော လူထုသပိတ်စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့၌ အရာတော်မြို့နယ်တွင် "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ"၊ "တသံတည်းညီ တချီတည်းရုန်း တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ" စာသားပါဘန်နာများအား ကိုင်စွဲ၍ ပြည်သူလူထုအား နိုင်ငံရေးသဘောတရားများ ဆွေးနွေးခြင်း၊ သပိတ်တရားများ ဟောပြောခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဖက်ဆစ်ရွေးကောက်ပွဲ #WhatsHappeningInMyanmar

ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ပြည်သူ့အခြေပြု ကျောင်းသား/သူများအား စာရေးကိရိယာများ လှူဒါန်း

Image
၂၀၂၃ ဇန်နဝါရီ ၂၉၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပိ) က စစ်ဘေးရှောင် ပြည်သူ့အခြေပြု ကျောင်းသားကျောင်းသူများအတွက် စာအုပ်၊ ခဲတံ အစရှိသည့် စာရေးကိရိယာပစ္စည်းများအား ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဘုတလင်မြို့နယ်၌ ပေးပို့လှူဒါန်းခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #စစ်ဘေးရှောင် #whatshappeninginmyanmar

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

Image
​ သို့ ရဲဘော်များ၊   မိတ်ဆွေများနှင့်   နိုင်ငံရေးအင်အားစုများခင်ဗျား  …   NUCC  က   လတ်တလောထုတ်ပြန်ထားတဲ့  CDM Policy  နဲ့ပတ်သက်ပြီး   ဗကသများအဖွဲ့ချုပ်ရဲ့   အမြင်နဲ့ သဘောထားတွေကို   တင်ပြလိုက်ရပါတယ်။   ၁။  CDM  တွေရဲ့   စွန့်လွှတ်အနစ်နာခံမှု၊   မွန်မြတ်သန့်ရှင်းမှုနဲ့   ပြည်သူလူထုကိုမျက်နှာမူပြီး   အမှန်တရားအတွက် တိုက်ပွဲဝင်မှုတွေကို   အလေးနက်ဆုံးနဲ့   အမြင့်မားဆုံး   တန်ဖိုးထားပြီး   ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။   ၂။   အခြားတဖက်မှာလည်း  Non-CDM  တွေရဲ့   လက်တွေ့လူမှုဘဝ   အကျဥ်းအကျပ်ထဲ   ရှင်သန်နေထိုင်မှုရမှုကိုလည်း   အတိုင်းအတာတခုအထိ   စာနာနားလည်ပေးရပါလိမ့်မယ်။   ၃။  Non-CDM  တွေကို   အမြင့်ဆုံးတောင်းဆိုသင့် / တောင်းဆိုနိုင်တာက   စကစနဲ့   နိုင်ငံရေးအရ   ပူးပေါင်းဆောင်ရွက်မှုတွေ   မလုပ်ဖို့၊   စကစရဲ့   ဖိနှိပ်ရေးလုပ်ငန်းစဥ်တွေ   ယန္တရားတွေမှာ   တက်တက်ကြွကြွ   မပါဝင်ဖို့နဲ့   စစ်အာဏာရှင်စနစ်ကို   အလုပ်အကျွေးမပြုဖို့ပါပဲ။   တော်လှန်ရေးအင်အားစုတွေဘက်ကလည်း  Non-CDM  တွေ   တော်လှန်ရေးမှာ   လျို့ဝှက်ပြီး   ဘယ်လိုပါဝင်လို့ရနိုင်တယ်၊   ဘယ်လိုကူညီထောက်ပံ့လို့   ရနိုင်တယ်ဆိုတဲ့   လမ်းညွှန်ချက်တွ

အရာတော် ဗကသနှင့် မဟာမိတ်များ ပူးပေါင်း၍ ဖက်ဆစ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ ဇန်နဝါရီ ၁၉၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ၊ Northern Brothers၊ ကျောင်းသားလူငယ်များ၊ ကျေးရွာပြည်သူများ ပါဝင်သော ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းသည် "တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားဖြင့်တိုက်ဖျက်ကြ" ဘန်နာစာတန်းကိုင်စွဲကာ အရာတော်မြို့နယ်တွင် ဇန်နဝါရီလ ၁၈ ရက်နေ့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #whathappeninginmyanmar #ဖက်ဆစ်ရွေးကောက်ပွဲ

အရာတော်တွင် ဗကသများအဖွဲ့ချုပ်က ဖက်ဆစ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဇန်နဝါရီ ၁၈၊ ဗကသ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်သော ကျောင်းသားပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီ ‌၁၈ ရက်နေ့တွင် "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ" စာသားပါဘန်နာနှင့် ဒေသခံကာကွယ်ရေးရဲဘော် ကိုအောင်ဆန်းဦး ကျဆုံးခြင်း (၁) နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် "ရဲဘော်အောင်ဆန်းဦးစိတ်ဓာတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ" စာသားပါ ဘန်နာများဖြင့် အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဖက်ဆစ်ရွေးကောက်ပွဲ #whathappeninginmyanmar

အရာတော်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ ဖက်ဆစ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဇန်နဝါရီ ၁၆၊ ဗကသ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ Northern Brothers နှင့် ကျောင်းသားလူငယ်များ၊ ပြည်သူလူထုများ ပါဝင်သော ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းသည် "တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားဖြင့်တိုက်ဖျက်ကြ" ဘန်နာစာတန်းအား ကိုင်စွဲကာ လူအင်အားထောင်ချီဖြင့် အရာတော်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဖက်ဆစ်ရွေးကောက်ပွဲ #whathappeninginmyanmar