ဗကသများအဖွဲ့ချုပ် နှင့် မဟာမိတ်များ ပူးပေါင်း၍ အရာတော်မြို့နယ်တွင် ဖက်ဆစ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်



၂၀၂၃ ဇန်နဝါရီ ၃၀၊ ဗကသ


အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့်ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်း တို့ပူးပေါင်း၍ ကျောင်းသား/ပြည်သူပါဝင်သော လူထုသပိတ်စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့၌ အရာတော်မြို့နယ်တွင် "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ"၊ "တသံတည်းညီ တချီတည်းရုန်း တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ" စာသားပါဘန်နာများအား ကိုင်စွဲ၍ ပြည်သူလူထုအား နိုင်ငံရေးသဘောတရားများ ဆွေးနွေးခြင်း၊ သပိတ်တရားများ ဟောပြောခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


















သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #ဖက်ဆစ်ရွေးကောက်ပွဲ #WhatsHappeningInMyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ