Posts

Showing posts from February, 2022

ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ဖက်ဆစ်တပ်မှ အလုပ်ကြမ်းနှင့် ထောင်သုံးနှစ် ထပ်မံအမိန့်ချ

Image
ဖေဖော်ဝါရီ ၂၈၊ ဗကသ ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅ (က) ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချလိုက်သည်။ ကိုဝေယံဖြိုးမိုးသည် ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ ချမှတ်ခံထားရပြီး မရမ်းကုန်းမြို့နယ်တရားရုံးမှလည်း ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့်ထားသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ်  #ABFSU

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဖေဖော်ဝါရီ ၂၇၊ ဗကသ ကြာအင်းဆိပ်ကြီးမြိုနယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဝင်းရော်ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ "တော်လှန်ရေးရဲ့ အဆုံးဖြတ်ဟာ လူထုမှတပါး အခြားမရှိ" စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်‌ရေး လှုပ်ရှားမှုတရပ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အထက ၈ အင်းစိန် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
ဖေဖော်ဝါရီ ၂၄၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး အထက ၈ အင်းစိန် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ် #ABFSU

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ကမာရွတ်တရားရုံးမှ အမိန့်ချမည်ဟု သိရ

Image
ဖေဖော်ဝါရီ ၂၃၊ ဗကသ ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ဖက်ဆစ်စစ်တပ်မှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က) ဖြင့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမိန့်ချမည်ဟု သိရပါသည်။ ကိုဝေယံဖြိုးမိုးသည် ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၁ လ ချမှတ်ခံထားရပြီး မရမ်းကုန်းမြို့နယ်တရားရုံးမှလည်း မတရားပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ်  #ABFSU

မုံရွာအရှေ့ပိုင်းခရိုင် ဒေသတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဖေဖော်ဝါရီ ၂၃၊ ဗကသ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်သော ဒေသခံကာကွယ်ရေးခေါင်းဆောင် "ဗိုလ်သက်တံ့" ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးခြင်း (၄) လပြည့်ကို အောက်မေ့ဂုဏ်ပြုလျှက် စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ကျောင်းသား/ပြည်သူ ပူးပေါင်းပါဝင်သော သပိတ်စစ်ကြောင်းသည် "နံရံကို ခေါင်းနဲ့မတိုက်နဲ့တဲ့ ငါတို့ကား နိုင်လိုစိတ်ဖြင့်တိုက်၏ အာဏာရှင်တံတိုင်း ဗုန်းဗုန်းလဲစေ" စာသားပါ ဘန်နာဖြင့် စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို မုံရွာအရှေ့ပိုင်းခရိုင်ဒေသတွင် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ် #ABFSU (ဖက်ဆစ်တပ်မှ ဆက်သွယ်ရေးဖြတ်တောက်မှု အခက်အခဲများကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်သည်။)

၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

Image
ဖေဖော်ဝါရီ ၂၂၊ ဗကသ ၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှဦးဆောင်၍ ကျေးရွာပြည်သူလူထုများ ပါဝင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ❝‌ပြာပုံပေါ်မှာ ပြည်သစ်တည်မယ်❞၊ ❝‌ကယ်တင်ရှင် ဘယ်သောအခါမှမရှိ❞ စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်၌ ပြုလုပ်ခဲ့ကြပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ်  #ABFSU

၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် တောင်ငူမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဘန်နာ ချိတ်ဆွဲ

Image
ဖေဖော်ဝါရီ ၂၂၊ ဗကသ ၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အထက ၁ တောင်ငူ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ❝‌ဆံချည်တမျှင်တောင် နောက်မဆုတ်နဲ့ ဆက်တိုက်❞ စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို တောင်ငူမြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ်  #ABFSU

၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

Image
ဖေဖော်ဝါရီ ၂၂၊ ဗကသ ၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှဦးဆောင်၍ ကျေးရွာပြည်သူလူထုများ ပါဝင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ❝‌အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်❞ စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်၌ ပြုလုပ်ခဲ့ကြပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

Image
ဖေဖော်ဝါရီ ၂၂၊ ဗကသ ၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် GSC အင်အားစုများဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ ၊ လူ့ဘောင်သစ်လူငယ်များ၊ သာကေတမြို့နယ်လူငယ်သပိတ်ကော်မတီနှင့် မြို့နယ်အသီးသီးသပိတ်လူငယ်များ ပူးပေါင်း၍ "လူထုလက်ရုံး ၂ ခြောက်လုံး၊ စစ် ၃ စစ်ကိုအပြတ်ကျုံး" စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ဦးကျော်ကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
ဖေဖော်ဝါရီ  ၂၁၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး ဦးကျော်ကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင့် ဖွဲ့စည်းလိုက်ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ် #ABFSU

ဗကသများအဖွဲ့ချုပ်မှ သုံးခွမြိုနယ်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ စစ်ကျွန်ပညာရေးဆန့်ကျင်ရေးအတွက် လှုံ့ဆော်

Image
ဖေဖော်၀ါရီ ၂၁၊ ဗကသ သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ သုံးခွ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၂ သုံးခွ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ စစ်ကျွန်ပညာရေးတိုက်ဖျက်ရေးအတွက် ကျောင်းနံရံများတွင် လှုံ့ဆော်စာသားများ ရေးသားခြင်း၊ ဘန်နာများချိတ်ဆွဲခြင်း၊ အိုးဝေစာစောင်စတစ်ကာများ ဖြန့်ဝေခြင်းနှင့် ဗကသခွပ်ဒေါင်းအောင်လံတော်အား ချိတ်ဆွဲကာ စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ်ကို သုံးခွမြို့နယ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ်  #ABFSU 

ဗကသများအဖွဲ့ချုပ်မှ ရန်ကုန် ကျောက်တံတားမြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဖေဖော်ဝါရီ ၂၁၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ နွေဦးတပ်ပေါင်းစုအထွေထွေသပိတ်ကော်မတီ နှင့်  North Dagon Oppressed People's Strike Colition (NDOPSC) တို့ပူးပေါင်း၍ "စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ကြ" စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ကျောက်တံတားမြို့နယ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU Photo - Lu Nge Khit