Posts

Showing posts from March, 2025

ရေစကြိုမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်

Image
ရေစကြိုမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ် မတ်လ ၁၈ ရက်၊ ၂၀၂၅ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ရေစကြိုမြို့နယ်မှာရှိတဲ့ ပြည်သူ့အခြေပြု ကျောင်းတကျောင်းမှာ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ သမဂ္ဂရဲဘော်တွေကနေ ကျောင်းသားသမဂ္ဂပေါ် ပေါက်လာပုံ သမိုင်းအကျဉ်းချုပ်နဲ့ ဗမူ ၆ ချက်ကို ရှင်းလင်းတင်ပြပြီး လက်ရှိတော်လှန်ရေးအခြေအနေတွေနဲ့ ပညာရေးနဲ့နိုင်ငံရေး နီးနီးကပ်ကပ် ဆက်စပ်နေပုံကို တက်ရောက်လာတဲ့ ကျောင်းသားတွေနဲ့အတူ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို‌တော့ ကျောင်းသားတွေ၊ ဆရာဆရာမတွေအပြင် ရပ်မိရပ်ဖတွေပါ တက်ရောက်ခဲ့ကြပါတယ်။ #ABFSU #ရေစကြို #studentsmovement

စစ်ကိုင်းတိုင်း၊ ပုလဲမြိုတနေရာတွင် ဗကသများအဖွဲ့ချုပ်မှ တံတားနီနေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

Image
စစ်ကိုင်းတိုင်း၊ ပုလဲမြိုတနေရာတွင် ဗကသများအဖွဲ့ချုပ်မှ တံတားနီနေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ် မတ်လ ၁၆ ရက်၊ ၂၀၂၅ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြိုတနေရာမှာ တံတားနီနေ့ အထိမ်းအမှတ်အဖြစ် ‌ကျောင်းသားကျောင်းသူတွေနဲ့အတူ ဆွေးနွေးဟောပြောပွဲတခု ‌ပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ဒီလှုပ်ရှားမှုကို စစ်တပ်က ဖိနှိပ်ခဲ့တဲ့အကြောင်းတွေ၊ တံတားနီနေ့ဖြစ်လာရတဲ့အကြောင်းတွေကို သရုပ်ပြပုံတွေ အသုံးပြုပြီး တက်တက်ကြွကြွ ဆွေးနွေးပြောကြားခဲ့ပါတယ်။ သတင်းနှင့်ပြန်‌ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #တံတားနီနေ့ #ပုလဲ

ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်မြို့တနေရာတွင် တံတားနီနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်

Image
ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်မြို့တနေရာတွင် တံတားနီနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ် မတ်လ ၁၆ ရက်၊ ၂၀၂၅ ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြိုတနေရာမှာ တံတားနီနေ့ အထိမ်းအမှတ်အဖြစ် "တံတားနီနေ့ မမေ့ကြနဲ့" ဆိုတဲ့ စာသားရေးသားပြီး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #တံတားနီနေ့ #studentsmovement

ပုလဲမြို့နယ် ကျောင်းသားများသမဂ္ဂမှ မတ်လ ၁၃ ရက်နေ့ ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးဖြန့်ဝေ

Image
ပုလဲမြို့နယ် ကျောင်းသားများသမဂ္ဂမှ မတ်လ ၁၃ ရက်နေ့  ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးဖြန့်ဝေ မတ်လ ၁၃ ရက်၊ ၂၀၂၅ ပုလဲမြို့နယ်တွင်းက ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ရပ်ရွာနေလူထုကို ဒီနေ့ မတ်လ ၁၃ရက်နေ့မှာ ကျရောက်တဲ့ ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးတွေ ဖြန့်ဝေခဲ့ကြပါတယ်။ ဖုန်းမော်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နှင်းဖြိုခွဲခဲ့ပြီး ကိုဖုန်းမော်ကျဆုံးသွားခြင်းကို အမြဲအမှတ်ရနေစေရန် ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ ဖုန်းမော်နေ့ဟာ လူထုနဲ့ ကျောင်းသားထုကို နေဝင်းအစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ဖိနှိပ်မှုတွေကို ပိုမိုသိမြင်စေခဲ့ပြီး ကျောင်းသားထုတိုက်ပွဲနဲ့ အနာဂတ် လူထုတိုက်ပွဲတွေ ပေါ်ပေါက်လာစေခဲ့တဲ့၊ အရေးတော်ပုံ တရပ်ကိုမွေးဖွားပေးခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။ #ABFSU #ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ #ဖုန်းမော်နေ့

ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ရပ်ရွာနေလူထုအား ပါရာမော်တာအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်ဝေ

Image
ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ရပ်ရွာနေလူထုအား ပါရာမော်တာအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်ဝေ မတ်လ ၁၃ ရက်၊ ၂၀၂၅ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဘုတလင်မြို့နယ်မှာ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေးသတိပေး လက်ကမ်းစာစောင်တွေကို ​ထပ်မံဖြန့်ဝေခဲ့ကြပါတယ်။ ဒီလက်ကမ်းစာစောင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး (Paramotor) ရဲ့ အချက်အလက်တွေ၊ သရုပ်ပြပုံတွေ အကျဥ်းချုပ်ပါရှိပြီး တိုက်ခိုက်မှုဖြစ်ပေါ်လာချိန်မှာ ကာကွယ်တိမ်းရှောင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။  အကြမ်းဖက်စစ်တပ်က စက်တပ်လေထီး (Paramotor) တွေနဲ့ ပြည်သူလူထုကို နေ့ရက်မခြား သတ်ဖြတ်နေတဲ့ မတ်လ၁၃ရက်နေ့၊ ကိုဖုန်းမော်ကျဆုံးတဲ့ ၃၇ နှစ်မြောက်နေ့မှာ ပြည်သူအများ လေကြောင်းအန္တရာယ်က ကင်းဝေးစေရန် လေကြောင်းအန္တရာယ်လက်ကမ်းစာစောင်တွေထပ်မံဖြန့်ဝေခဲ့ခြင်းဖြစ်ပါတယ်။ #ABFSU #ဘုတလင် #Paramotor #airstrike

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ် ဖွဲ့စည်း

Image
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ် ဖွဲ့စည်း မတ်လ ၁၂ရက်၊ ၂၀၂၅ ကနီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ်ကို မတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းမှုမတိုင်မီတရက်မှာလည်း ဗကသများအဖွဲ့ချုပ်က ထုတ်ဝေတဲ့ Non - CDM စစ်တမ်းအပေါ် အဖွဲ့ဝင်ကျောင်းသား/သူတွေအပြင် ဆရာ/မတွေနဲ့အတူ အ‌ကျေအလည် ဆွေးနွေးခဲ့ကြပြီး သူ့အမြင်ကိုယ့်အမြင်တွေ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ မတ်လ ၁၁ ရက်နေ့မှာတော့ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေအပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ #ABFSU #KNSU #ကနီ #ကျောင်းသားသမဂ္ဂ #studentsunion

ဘုတလင်မြို့နယ်သမဂ္ဂမှ လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွဲခံရမှု ဆယ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်များဖြန့်ဝေ

Image
ဘုတလင်မြို့နယ်သမဂ္ဂမှ လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွဲခံရမှု ဆယ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်များဖြန့်ဝေ မတ်လ ၁၀ရက်၊ ၂၀၂၅ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်) မှ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒဒိမိုကရစေီပညာရေးသပိတ် လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံရတာ ဆယ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ လက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလကစလို ဗမာပြည် အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ စုပေါင်းပြီး အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် ဒီမိုကရေစီပညာရေး သပိတ်တိုက်ပွဲတရပ် ချီတက်‌ဖော်ဆောင်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ စစ်ကြောင်းကြီးက မတ်လ ၁၀ ရက်နေ့ လက်ပံတန်းမြို့အ‌ရောက်မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပါတယ်။  အကြမ်းဖက်စစ်အုပ်စု‌ဆီက‌နေ ကျောင်းသားသပိတ်ကြီး ရက်ရက်စက်စက် ဖြိုခွဲခံရမှုကို အများပြည်သူ အမှတ်ရစေဖို့ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ #ABFSU ##၂၀၁၅ပညာ‌ရေးသပိတ် #ဒီမိုကရေစီပညာရေးသပိတ် #ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ #ဗကသ #လက်ပံတန်း

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

Image
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ် မတ်လ ၆ ရက်၊ ၂၀၂၅ ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ်တနေရာမှာ လေးကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတရပ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဟောပြောပွဲမှာတော့ ယခုလက်ရှိ စစ်ကောင်စီက အသုံးပြုတိုက်ခိုက်နေတဲ့ Paramotor၊ လေကြောင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပေး‌စရာတွေအပြင် ပြည်သူလူထုအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို အသိပေးနှိုးဆော်ခဲ့ပြီး တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ ညည်းငွေ့အားလျော့မသွားဘဲ တော်လှန်ရေးအပေါ် ဆက်လက်ယုံကြည်ပြီး လမ်းကြောင်းမသွေဖီသွားဖို့နဲ့ နိုင်ရာနည်းလမ်းတွေနဲ့ ဆက်လက်တော်လှန်ကြဖို့ရာ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ #ABFSU #KNSU #ကနီ #လေကြောင်းအန္တရာယ် #airstrike #paramotor

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်

Image
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ် မတ်လ ၄ ရက်၊ ၂၀၂၅ ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ လူထုနဲ့အတူ တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ သမဂ္ဂရဲဘော်တွေ ဦးဆောင်ပြီး လူထုနဲ့အတူ လက်ရှိတော်လှန်ရေးအခြေအနေတွေနဲ့ ဗကသများအဖွဲ့ချုပ်‌ပေါ်ပေါက်လာပုံသမိုင်း‌ အကျဉ်းချုပ်ကို ချပြဆွေးနွေးခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ကို အခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ သမဂ္ဂရဲဘော်တွေက ဦးဆောင်ပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတရပ်ကိုလည်း ပြည်သူလူထုနဲ့အတူ ဆွေးနွေး‌ပြောဆိုခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #လူထုတွေ့ဆုံဆွေးနွေးပွဲ #ကနီ #ဗကသ #လေကြောင်းအန္တရာယ်ကာကွယ်ရေး

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ စက္ကူလေယာဉ်ပေါ် လှုံ့ဆော်စာများ ဖြန့်ဝေ

Image
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ စက္ကူလေယာဉ်ပေါ် လှုံ့ဆော်စာများ ဖြန့်ဝေ မတ်လ ၃ရက်၊ ၂၀၂၅ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ ‌(ဗကသများအဖွဲ့ချုပ်)က တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့ မတ်လ ၂ရက်နေ့က စက္ကူလေယာဉ်ပေါ်မှာ စစ်အာာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စာဖြန့်ဝေပြီး ဖက်ဆစ်စစ်အုပ်စုရဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုကို ဆန့်ကျင်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #လေကြောင်းရန် #သပိတ် #မတ်လ၂ရက် #airstrike

Non-CDM စစ်တမ်းကို ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဆွေးနွေးခြင်းနှင့် ဖြန့်ဝေခြင်းများပြုလုပ်

Image
Non-CDM စစ်တမ်းကို ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဆွေးနွေးခြင်းနှင့် ဖြန့်ဝေခြင်းများပြုလုပ် မတ်လ၊ ၂ ရက်၊ ၂၀၂၅ ဗကသများအဖွဲ့ချူပ်မှ ထုတ်ဝေခဲ့တဲ့ Non-CDM စစ်တမ်းကို ဒီကနေ့မှာ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်တွေကြားထဲ ဆွေးနွေးခြင်း၊ တင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ ဒီ Non-CDM စစ်တမ်းကို ဘုတလင်မြို့နယ် အတွင်းက ပြည်သူ့အခြေပြုကျောင်းတွေမှာ လိုက်လံဖြန့်ဝေခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့် ပြန်ကြားရေးဌာန ဗကသများအဖွဲ့ချုပ် #ABFSU #ဘုတလင် #Non-CDM

ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်အတွင်း စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

Image
ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်အတွင်း စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ မတ်လ ၂ ရက်၊ ၂၀၂၅ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဘုတလင်မြို့နယ်တွင်းရှိ  ရပ်ရွာနေလူထုအား စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေးသတိပေး လက်ကမ်းစာစောင်များကို ဒီကနေ့မှာ ဖြန့်ဝေခဲ့ကြပါတယ်။ ဒီလက်ကမ်းစာစောင်မှာ အကြမ်းဖက် စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး (Paramotor) နဲ့ပတ်သတ်တဲ့အချက်အလက်တွေ၊ သရုပ်ပြပုံတွေ၊ အကျဥ်းချုပ်ပါရှိပြီး တိုက်ခိုက်မှုဖြစ်ပေါ်လာချိန်မှာ ကာကွယ်တိမ်းရှောင်နိုင်မယ့် အချက်အလက်‌တွေကို ဖော်ပြထားပါတယ်။ သတင်းနှင့် ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ဘုတလင် #လေကြောင်းအန္တရာယ် #စက်တပ်လေထီး #paramotor