မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

မတ်လ ၂၉၊ ၂၀၂၅

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားတရပ်ကို မတ်လ ၂၈ ရက်နေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ လွမ်းသူ့ပန်းခွေများချခြင်း၊ ဒေသခံကာကွယ်ရေးတပ်က သေနတ်ပစ်ဖောက် အလေးနီပြုခြင်း၊ လူထုသပိတ်တရား ဟောပြောခြင်း၊ ကဗျာများရွတ်ဖတ်ခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။


အခမ်းအနားကို ကနီမြို့နယ်အတွင်းက ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ရဲဘော်များ၊ ဆရာဆရာမများ၊ ပြည်သူလူထု၊ ကျေးရွာ ပကဖ/ပအဖ ရဲဘော်များနဲ့ မြို့နယ်ပကဖ တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


#ABFSU #KNSU #မသဉ္ဇာဟိန်း 

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ