Posts

Showing posts from June, 2022

အရာတော်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်‌

Image
‌၂၀၂၂ ဇွန် ၃၀၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာပြည်သူများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်သော အရာတော်မြို့နယ် လူထုသပိတ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ❝‌သွေးစည်းညီညွတ် တော်လှန်ကြ၊ ဘုံရန်သူကို ချေမှုန်းကြ❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ သပိတ်ခေါင်းဆောင်များနှင့် ‌ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များက မျက်မှောက်ရေးရာအခြေအနေများကို လူထုအား အစီရင်ခံတင်ပြပြီး လက်နက်ကိုင်တော်လှန်ရေးကို အားပေးပါဝင်ကြရန် ဟောပြောနှိုးဆော်ခဲ့ကြသည်။ လူထုသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လာရောက်ဝန်းရံပြီး လုံခြုံရေးယူပေးကြသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

ဗကသများအဖွဲ့ချုပ်က ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၃၀၊ ဗကသ “ကျောင်းသားသည် ထောင်နှင့်မဆိုင်၊ ငါတို့ကျောင်းသား ငါတို့ပြန်ပေး” ဟု ကြွေးကြော်ကာ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများက ရန်ကုန်မှာ ယနေ့ ဇွန်လ ၃၀ ရက်နေ့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တောင်ဒဂုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ဦးဆောင်၍ မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ “ကျောင်းသားသည် ထောင်နှင့်မဆိုင်” ဟူသော‌ စာသားပါဘန်နာအား ကိုင်ဆွဲ၍ ပြုလုပ်ခဲ့ခြင်ဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar ဓာတ်ပုံများ - လူငယ့်ခေတ်

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က FoodPanda Rider များ၏ သပိတ်ကို ပြည်သူများအနေဖြင့် ဝန်းရံကြရန် လက်ကမ်းစာစောင်များ ဖြန့်ဝေလှုံ့ဆော်

Image
၂၀၂၂ ဇွန် ၂၉၊ ဗကသ FoodPanda rider များ၏ သပိတ်မှောက်မှုကို ပြည်သူများက ဝန်းရံပေးကြရန် လက်ကမ်းစာစောင်များ ဖြန့်‌ဝေလှုံ့ဆော်သည့်လှုပ်ရှားမှုကို ရန်ကုန်၊ လှည်းတန်းတွင် ဇွန်လ ၂၉ ရက်နေ့၌ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများက ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုတွင် မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပြုလုပ်ခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် FoodPanda Rider များ သပိတ်မှောက်ရသည့် အကြောင်းအရင်း၊ Rider များ၏ တောင်းဆိုချက်များရရှိရန် စားသုံးသူများက ဝန်းရံပြီး Foodpanda Application ကို မသုံးစွဲရန် နှိုးဆော်ချက်များ ပါရှိသည်။ FoodPanda ကုမ္ပဏီဘက်က Rider များ၏ တောင်းဆိုချက်များကို ညှိနှိုင်းဆွေးနွေးခြင်း မရှိသဖြင့် သပိတ်အရှိန်အဟုန်မြှင့်၍ ဇွန် ၁၃ တွင် “Zero Customer Campaign” ပြုလုပ်နေသည်။ ယခုနှစ် မတ် ၁၆ က လည်း FoodPanda Rider များက တောင်းဆိုချက် ၇ ချက်ဖြင့် ကုမ္ပဏီကိ

ဆားလင်းကြီး ဗကသ နှင့် အားမာန်သစ်သပိတ်စစ်ကြောင်း ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၉၊ ဗကသ ဖက်ဆစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုကို ခံနေရသော လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာတရွာတွင် ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #WhatHappeningInMyanmarNow

ဆလိုင်း‌တင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၉၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်း၍ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မတရားကြိုးပေးကွပ်မျက်ခံရခြင်း (၄၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားတရပ်ကို ဇွန်လ ၂၇ ရက်နေ့၌ အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသား/ပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်းသည် ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ မိန့်ခွန်းကြွေးကြော်သံတရပ်ဖြစ်သည့် “မင်းတို့စစ်ဖိနပ်‌အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး” စာသားပါဘန်နာအား ကိုင်စွဲကာ သပိတ်စစ်ကြောင်း ချီတက်ခဲ့ခြင်းဖြစ်သည်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ဇွန် ၂၆ တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ (သပိတ်စစ်ကြောင်း လုံခြုံရေးအား တာဝန်ယူဆောင်ရွက်ပေးပါသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။) မှတ်ချက် ။ ။ အရာတော်ဒေသ

အိုးဝေစာစောင် အတွဲ (၂) အမှတ် (၅) ထွက်ပြီ

Image
━  ဗကသများအဖွဲ့ချုပ်နဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေတဲ့ အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၅ ထွက်ပါပြီ။ ဒီတပတ်အိုးဝေစာစောင်မှာ သခင်ဗဟိန်းနဲ့ ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ် စာစုတွေနဲ့ သတင်းဆောင်းပါး၊ သရော်စာနဲ့ ဆောင်းပါးတွေကို စုံလင်စွာ ဖတ်ရှုနိုင်ပါတယ်။ ◉ အထိမ်းအမှတ် ဗဟိန်း သို့မဟုတ် ကဗျာ - ဒဂုန်တာရာ၊ ကျောင်းသားတာဝန် - သခင်ဗဟိန်း၊ အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၊ ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း - လင်းခါး၊ ဆလိုင်းတင်မောင်ဦး - ဝိုင်နှင်း ◉ သတင်းဆောင်းပါး ဖိနှိပ်လို့ အဆုံးထိတွန်းကန်နေတဲ့ foodpanda သပိတ် - ခေါင် ◉ သရော်စာ ကြံ့ဖွတ်ကျေးဇူး အထူးဆပ်ခဏ်း - မောင်ပေသီး ◉ ဆောင်းပါး ဘေးတီး၊ ဖင်တွန်းတွေကို သတိထား - ‌ဇော်ဝင်း ၈၈ ဗကသ၊ စစ်အာဏာ သင်္ချိုင်း - မောင်ရေချမ်း  စတာတွေနဲ့ သတင်းစုစည်းမှုတွေ၊ မှတ်တမ်းတွေကို ဖတ်ရှုရမှာပါ။ ━  ➥  အိုးဝေစာစောင် အတွဲ (၂) အမှတ် (၅) အား ဒေါင်းလုတ်ရယူရန် ━  ◾️  အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။ ━  #Oway0204 #Oway #ABFSU #UYSU #သခင်ဗဟိန်း

သခင်ဗဟိန်း ၁၀၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မြင်းမူမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၇၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ နှင့် မြင်းမူမြို့နယ် လူထုသပိတ်စစ်ကြောင်း ပူးပေါင်း၍ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ဗကသ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း (၁၀၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားတရပ်ကို မြင်းမူမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသား/ပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်းသည် တပ်ဦးတွင် ဗကသခွပ်ဒေါင်းအောင်လံတော်အား လွင့်ထူ၍ နောင်တော် ဗကသကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၏ မိန့်ခွန်းကြွေးကြော်သံတရပ်ဖြစ်သည့် “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” စာသားပါဘန်နာအား ကိုင်စွဲကာ သပိတ်စစ်ကြောင်း ချီတက်ခဲ့ခြင်းဖြစ်သည်။ (သပိတ်စစ်ကြောင်း လုံခြုံရေးအား တာဝန်ယူဆောင်ရွက်ပေးပါသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။) သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တာမွေမြို့နယ် ဗကသမှ လှုပ်ရှားမှုပြုလုပ်

Image
၂၀၂၂ ဇွန် ၂၇၊ ဗကသ ၇၄/၇၅/၇၆ ကျောင်းသားလှုပ်ရှားမှုများတွင် ရဲရဲတောက် ဦးဆောင်ပါဝင်ခဲ့သော ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၆ ရက်နေ့၌ လွတ်မြောက်နယ်မြေတခုရှိ တော်လှန်ရေးတပ်သား ရဲဘော်များအား တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် ဆလိုင်းတင်မောင်ဦး၏ နိုင်ငံရေးဖြတ်သန်းမှု၊ စစ်အာဏာရှင်တို့၏ မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရမှု နှင့် သူ၏ ရပ်တည်ချက်ပြတ်သားမှုတို့အား ရေးသားဖော်ပြထားသည်။ လက်နက်ကိုင်တော်လှန်ရေးရဲဘော်များ၏ နိုင်ငံရေးအမြင်၊ သမိုင်းအမြင် ကျယ်ပြန့်စေရန် နှင့် ဆလိုင်းတင်မောင်ဦး၏ စိတ်ဓာတ်နှင့်ခံယူချက်တို့အား ဆက်လက်ကိုင်စွဲကာ တိုက်ပွဲဝင်ကြရန်ရည်ရွယ်၍ လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၁၀/ဗကသ/၂၀၂၂ ရက်စွဲ - ၂၆ ရက် ဇွန်လ ၂၀၂၂ ခုနှစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း နေဝင်း ဖက်ဆစ်အုပ်စု၏ မတရားကြိုးပေးကွပ်မျက်မှုကြောင့် နောင်တော်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးခဲ့သည်မှာ ယနေ့ဆိုလျှင် ၄၆ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံး၏ ဘုံရန်သူအား နောက်ဆုံးအချိန်အထိ အလျှော့မပေး အညံ့မခံဘဲ အသက်စွန့်ကာ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအာဇာနည် ဆလိုင်းတင်မောင်ဦးအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် မှ အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ခေတ်အဆက်ဆက်တွင် ကျောင်းသား ပြည်သူတို့အား ရက်ရက်စက်စက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများအား ကျူးလွန်ခဲ့သော ဖက်ဆစ်တပ်သည် ယခုနွေဦးတော်လှန်ရေးတွင်လည်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်မှု နှိပ်စက်သတ်ဖြတ်မှုများကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်။ “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ် ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရဘူး မင်းတို့စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူ

သခင်ဗဟိန်း (၁၀၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တောင်ငူတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
၂၀၂၂ ဇွန် ၂၇၊ ဗကသ တောင်ငူခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၁)တောင်ငူကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ကျရောက်သော သခင်ဗဟိန်း (၁၀၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တောင်ငူမြို့တွင် သခင်ဗဟိန်း၏ မိန့်ခွန်းကြွေးကြော်သံအား ရေးသားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” သတင်းနှင့်ပြန်ကြားရေးဗျုရို ဗကသများအဖွဲ့ချုပ် #abfsu #WhatHappeningInMyanmarNow