သခင်ဗဟိန်း ၁၀၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မြင်းမူမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဇွန် ၂၇၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ နှင့် မြင်းမူမြို့နယ် လူထုသပိတ်စစ်ကြောင်း ပူးပေါင်း၍ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ဗကသ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း (၁၀၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားတရပ်ကို မြင်းမူမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။



ကျောင်းသား/ပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်းသည် တပ်ဦးတွင် ဗကသခွပ်ဒေါင်းအောင်လံတော်အား လွင့်ထူ၍ နောင်တော် ဗကသကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၏ မိန့်ခွန်းကြွေးကြော်သံတရပ်ဖြစ်သည့် “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” စာသားပါဘန်နာအား ကိုင်စွဲကာ သပိတ်စစ်ကြောင်း ချီတက်ခဲ့ခြင်းဖြစ်သည်။







(သပိတ်စစ်ကြောင်း လုံခြုံရေးအား တာဝန်ယူဆောင်ရွက်ပေးပါသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။)

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့