Posts

Showing posts from November, 2022

မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ နိုဝင်ဘာ ၃၀၊ ဗကသ ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံလူထု ပူးပေါင်း၍ "အမျိုးသားခွပ်ဒေါင်းအောင်လံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းကြ"၊ "စစ်ဖိနပ်အောက်မှာ ဘယ်တော့မှဒူးမထောက်ဘူး" စာသားပါဘန်နာများအား ကိုင်စွဲ၍ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ ဓာတ်ပုံ - IRW CJ  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

နေအိမ်ဖြိုဖျက်ခံရသော မိဘပြည်သူများအား ဗကသများအဖွဲ့ချုပ်မှ ထောက်ပံ့ကူညီခဲ့

Image
၂၀၂၂ နို၀င်ဘာ ၃၀၊ ဗကသ ဗကသရဲဘော်များမှ ယနေ့ နို၀င်ဘာလ ၃၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ အိမ်ဖျက်ခံရသော မိဘပြည်သူများအား တအိမ်ထောင်လျှင် မြန်မာငွေကျပ် တသိန်းနှုန်းဖြင့် အိမ်ထောင်စု ၂၂ စုအား အလှူရှင်များကိုယ်စား သွားရောက် ထောက်ပံ့ပေးခဲ့ပါသည်။ မိမိတို့ ဗကသများအဖွဲ့ချုပ်မှ ဖက်ဆစ်တပ်၏ မတရားဖိနှိပ်ခံရသော မိဘပြည်သူများအား ထောက်ပံ့ကူညီရန် ၁၀ ရက်တိတိ ရန်ပုံ‌ငွေကောက်ခံခဲ့ရာ မြန်မာငွေကျပ် ၂၂ သိန်း၀န်းကျင် ရရှိခဲ့ပါသည်။ အာဏာသိမ်းဖက်ဆစ်တပ်မှ ၂၀၂၂ ခုနှစ် နို၀င်ဘာလ ၁၆ ရက်နေ့မှစ၍ မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ နေအိမ်များအား အင်အားသုံးအကြမ်းဖက်၍ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

လူထုဒေါ်အမာ ၁၀၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂   နိုဝင်ဘာ   ၂၉၊   ဗကသ ဗကသရဲဘော်များ၊   ဗမာနိုင်ငံလုံးဆိုင်ရာ   လူငယ်ကဗျာဆရာများသမဂ္ဂ  ( ဗလကသ ) ၊   မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ  (BEGSC-MYAING)  နှင့်   ဒေသခံလူထု   ပူးပေါင်း၍  " အာဏာရှင်လက်ဆုပ်ထဲက အာဏာကို   ဖြည်ယူလို့မရဘူး၊   ဖြတ်ယူမှရမယ် " ၊  " အမျိုးသားခွပ်ဒေါင်းအောင်လံတော်ကို   အမြင့်မားဆုံးလွှင့်ထူကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ "  စာသားပါဘန်နာများအား   ကိုင်စွဲ၍   လူထုဒေါ်အမာ   ၁၀၇   နှစ်ပြည့်မွေးနေ့   အကြိုအထိမ်းအမှတ်အဖြစ်   ယနေ့   နိုဝင်ဘာလ   ၂၉   ရက်နေ့၌   မြိုင်မြို့နယ်တွင်   စစ်အာဏာရှင်စနစ်   ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်   ပြုလုပ်ခဲ့ပါသည်။ ဓာတ်ပုံ  - IRW CJ  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu # ဗကသ  # လူထုဒေါ်အမာ  #whathappeninginmyanmar

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ကျောင်းသားထုညီလာခံ ပြုလုပ်

Image
​ ၂၀၂၂ နိုဝင်ဘာ ၂၉၊ ဗကသ ကြာအင်းဆိပ်ကြီးမြို့နယ်၌ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ ပညာရေးသပိတ် ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် ကြားကာလပညာရေးအတွက် မြို့နယ်လုံးဆိုင်ရာ ကျောင်းသားထုညီလာခံတရပ်ကို စစ်​ရေးအခြေအနေ မတည်ငြိမ်သည့်ကြားကပင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံအား မြို့နယ်တွင်း ပြည်သူ့အခြေပြု ကိုယ်ထူကိုယ်ထကျောင်းတခုတွင် ကျင်းပခဲ့ပြီး ပြည်သူ့အခြေပြု ကျောင်းအသီးသီးမှ ကျောင်းသားကိုယ်စားလှယ်များ ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ရဲဘော်များ တက်ရောက်ခဲ့ကြပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဝင်းရေးမြို့နယ် ကရင်လူငယ်အစည်းအရုံးတို့မှလည်း လေ့လာသူအနေဖြင့် တက်ရောက်ခဲ့ကြပါသည်။ ညီလာခံတွင် လူထုတော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ရန် ကိစ္စရပ်များ ကြားကာလပညာရေးဆိုင်ရာကိစ္စရပ်များအား ရှေ့လုပ်ငန်းစဥ်အနေဖြင့် ချမှတ်နိုင်ခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အလုပ်အမှုဆောင်သစ်ကိုလည်း လျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်၍ တင်မြေ

လူထုဒေါ်အမာ (၁၀၇)နှစ်ပြည့်မွေးနေ့ အကြို အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ နိုဝင်ဘာ ၂၈၊ ဗကသ လူထုဒေါ်အမာ (၁၀၇)နှစ်ပြည့်မွေးနေ့ အကြို အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့၌ "အာဏာရှင်လက်ဆုပ်ထဲက အာဏာကို ဖြည်ယူလို့မရဘူး ဖြတ်ယူမှ ရမယ်" စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #လူထုဒေါ်အမာ #whathappeninginmyanmar

လူထုဒေါ်အမာ (၁၀၇)နှစ်ပြည့်မွေးနေ့ အကြို အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ နိုဝင်ဘာ ၂၈၊ ဗကသ ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ လူထုဒေါ်အမာ (၁၀၇)နှစ်ပြည့်မွေးနေ့ အကြို အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ "အာဏာရှင်လက်ဆုပ်ထဲက အာဏာကို ဖြည်ယူလို့မရဘူး ဖြတ်ယူမှ ရမယ်"၊ "တရားမဝင် ရွေးကောက်ပွဲကြောင့် လူထုလက်သန်း သွေးမစွန်းစေနဲ့" စာသားပါဘန်နာများအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ခွဲ ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်းနှင့် အောင်စည်တော် သပိတ်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအား နိုင်ငံရေးသဘောတရားများ ဆွေးနွေးဟောပြောခြင်း၊ သပိတ်တရား ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #လူထုဒေါ်အမာ #whathappeninginmyanmar