Posts

Showing posts from August, 2022

ရန်ကုန်တွင် GSC က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ ဩဂုတ် ၂၉၊ ဗကသ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) က ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် "လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်" ဟူသော စာသားပါဘန်နာအား ကိုင်စွဲ၍ လူထုလှုံ့ဆော်ရေးအတွက် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ယင်းလှုပ်ရှားမှုတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် မြို့နယ်သပိတ်ကော်မတီများ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #GSC  #WhatsHappeningInMyanmar

မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ သြဂုတ် ၂၈၊ ဗကသ ဗကသရဲဘော်များနှင့် မြိုင်မြို့နယ်အခြေခံပညာသပိတ်ကော်မတီ တို့မှ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ မြိုင်မြို့နယ်တွင် သြဂုတ်လ ၂၈ ရက်နေ့၌ "လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ ချီတက်"၊ "ထောင်တွင်းအကြမ်းဖက်မှု၊ သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့ပြည်သူ့အသံ"၊ "မတရားမှုအောက် နေသားမကျစေနဲ့ စစ်ဖိနပ်အောက်က ရုန်းထွက်ကြ" စာသားပါဘန်နာများအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #WhatsHappeningInMyanmar photo - aamij 

ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများမှ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ သြဂုတ် ၂၇၊ ဗကသ ဗကသရဲဘော်များနှင့် မြိုင်မြို့နယ်အခြေခံပညာသပိတ်ကော်မတီ တို့မှ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ မြိုင်မြို့နယ်တွင် သြဂုတ်လ ၂၇ ရက်နေ့၌ ထောင်တွင်း အစာအငတ်ခံဆန္ဒပြမှုအား ဝန်းရံကြောင်း "လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ ချီတက်"၊ "ထောင်တွင်းအကြမ်းဖက်မှု၊ သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့ပြည်သူ့အသံ"၊ "လူ့အဖွဲ့အစည်းရဲ့ စနစ်ဆိုးတွေကို တော်လှန်ရေးနဲ့ရိုက်ချိုးကြ" စာသားပါဘန်နာများအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #WhatsHappeningInMyanmar

ရန်ကုန်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ ဩဂုတ် ၂၇၊ ဗကသ သင်္ကန်းကျွန်းမြို့နယ်‌ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ လသာ ‌ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ Burma Youth Revolutionary Force(BYRF)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ ထား၀ယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ထ၀အကသ) နှင့် မြောက်ဥက္ကလာတော်လှန်လူငယ်များ ပူးပေါင်းကာ "နိုင်ငံတစ်ဝှမ်းမှ ဖိနှိပ်ခံပြည်သူပြည်သားအားလုံး နိုးကြလော့" စာသားပါဘန်နာအား ကိုင်ဆောင်၍ ရန်ကုန်မြို့တွင် ယနေ့ သြဂုတ်လ ၂၇ ရက်နေ့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whatshappeningnowinmyanmar ဓာတ်ပုံ - Alvin

အရာတော်ဒေသတွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ သြဂုတ် ၂၆၊ ဗကသ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဦးဆောင်၍ ကျောင်းသား/ပြည်သူ ထောင်ချီပါဝင်သော သပိတ်စစ်ကြောင်းသည် ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ အရာတော်မြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့၌ "လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ ချီတက်" စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။  (လှုပ်ရှားမှုတွင် လုံခြုံရေးတာဝန်ယူပေးပါသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။)  သတင်းနှင့်ပြန်ကြားဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #gsc #whatshappeningnowinmyanmar

ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများမှ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ သြဂုတ် ၂၃၊ ဗကသ ဗကသရဲဘော်များနှင့် မြိုင်မြို့နယ်အခြေခံပညာသပိတ်ကော်မတီ တို့မှ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ မြိုင်မြို့နယ်တွင် သြဂုတ်လ ၂၃ ရက်နေ့၌ ထောင်တွင်း အစာအငတ်ခံဆန္ဒပြမှုအား ဝန်းရံကြောင်း "လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ ချီတက်"၊ "ထောင်တွင်းအကြမ်းဖက်မှု၊ သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့ပြည်သူ့အသံ" စာသားပါ ဘန်နာများအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #WhatsHappeningInMyanmar

မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ သြဂုတ် ၂၃၊ ဗကသ ဗကသရဲဘော်များနှင့် မြိုင်မြို့နယ်အခြေခံပညာသပိတ်ကော်မတီ တို့မှ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ မြိုင်မြို့နယ်တွင် သြဂုတ်လ ၂၂ ရက်နေ့၌ ထောင်တွင်း အစာအငတ်ခံဆန္ဒပြမှုအား ဝန်းရံကြောင်း "လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ ချီတက်"၊ "ထောင်တွင်းအကြမ်းဖက်မှု၊ သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့ပြည်သူ့အသံ" စာသားပါ ဘန်နာများအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #WhatsHappeningInMyanmar photo - aamij

အထက(၆)လှိုင်သာယာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
၂၀၂၂ သြဂုတ် ၂၃၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးစနစ် အစရှိသည့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး အထက(၆)လှိုင်သာယာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ပြည်ကြီးတံခွန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
​ ၂၀၂၂ ဩဂုတ် ၂၁၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးနစ် အစရှိသည့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး ပြည်ကြီးတံခွန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ ဩဂုတ် ၂၁ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu 

အိုးဝေစာစောင် အတွဲ ၂ အမှတ် ၈ ထွက်ပြီ

Image
​ ━  ဗကသများအဖွဲ့ချုပ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးထုတ်ဝေတဲ့ အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၈ ထွက်ပါပြီ။ ဒီစာစောင်မှာ ဖတ်ရှုရမှာတွေကတော့ -  ◉ ကဗျာ မလုံ့တလုံမြို့ - ဗလ၊ မှိုလိုပေါက်ပြီး မှိုမလုပ်ရန် - ကေတို ◉ အတွေးအမြင် စစ်တပ်ရဲ့ ချွေးသိပ်ခံ နိုင်ငံရေးလမ်းကြောင်း NCA - မောင်မိုးထက် ◉ ဆောင်းပါး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနဲ့ မြန်မာ့စီးပွားရေး ကျဆင်းမှု - ကိုသိမ်းမြတ် ဘီဘီစီမြန်မာပိုင်း၊ အာဆီယံအခြေပြုစဉ်းစားချက်ကို ပြန်သုံးသပ်ဖို့လိုပြီ - ရေချမ်း၊ မြေအောက်လျှို့ဝှက်လုပ်ငန်း အတွေ့အကြုံများ (အပိုင်း ၃ နိဂုံး) - လေ့လာသူတဦး  ━  ဒီတပတ်အိုးဝေစာစောင်ကို ဖတ်ရှုချင်တယ်ဆိုရင်တော့ အောက်က လင့်ခ်မှာ ‌ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါတယ်။ ➥ အိုးဝေစာစောင်အား ဒေါင်းလုတ်ရယူရန် ━  ◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖတ်ရှုရန် -   အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။ ━  #Oway0208 #Oway #ABFSU #UYSU #Whatshappeninginmyanmar