Posts

Showing posts from December, 2022

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ ဒီဇင်ဘာ ၃၁၊ ဗကသ ကြာအင်းဆိပ်ကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ညဦးပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ "နှစ်သစ်ကိုလည်းကြို ဖက်ဆစ်ကိုလည်းဖြို" တိုက်ပွဲခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဗကသများအဖွဲ့ချုပ် #whathappeninginmyanmar

ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ ဒီဇင်ဘာ ၃၁၊ ဗကသ ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "လူထုတော်လှန်ရေးကို အရှိန်အဟုန်မြှင့်ကြ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ" စာသားပါဘန်နာများအား ကိုင်စွဲကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ#whathappeninginmyanmar

ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ ဒီဇင်ဘာ ၃၀၊ ဗကသ ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "လူထုတော်လှန်ရေးကို အရှိန်အဟုန်မြှင့်ကြ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ"၊ "လက်ကောက်ဝတ်ကို ဘယ်လောက်လှီးလှီး မပြေရမယ့်လက်သီးဆုပ်တွေ" စာသားပါဘန်နာများအား ကိုင်စွဲကာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ ဒီဇင်ဘာ ၂၉၊ ဗကသ ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "လက်ကောက်ဝတ်ကို ဘယ်လောက်လှီးလှီး မပြေရမယ့်လက်သီးဆုပ်တွေ" စာသားပါဘန်နာအား ကိုင်စွဲကာ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar

ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို ဖက်ဆစ်တပ်က ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်

Image
​ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇၊ ဗကသ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်အား ဖက်ဆစ်တပ်က မတရားစွဲဆိုထားသော အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) တို့ဖြင့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် အမိန့်ချလိုက်ကြောင်း သိရသည်။  ဒေါပုံဗကသ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်သည် ဖက်ဆစ်တပ်က မတရားစွဲဆိုထားသည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) ဖြင့် ထောင်ဒဏ် ၈ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရပြီး နောက်ထပ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတခုကို ထပ်မံရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။ ကိုဉာဏ်ဝင်းထက်နှင့်အတူ ဖမ်းဆီးခံရသော အခြားကျောင်းသား ၃ ဦးကိုလည်း ထောင်ဒဏ် ၈ နှစ်စီ မတရားအမိန့်ချထားကြောင်း သိရသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဗကသများအဖွဲ့ချုပ် #ကိုဉာဏ်ဝင်းထက် #whatshappeninginmyanmar 

ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂   ဒီဇင်ဘာ   ၂၇၊   ဗကသ ဗကသရဲဘော်များ၊   ဗမာနိုင်ငံလုံးဆိုင်ရာ   လူငယ်ကဗျာဆရာများသမဂ္ဂ  ( ဗလကသ ) ၊   မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ  (BEGSC-MYAING)  နှင့်   ဒေသခံပြည်သူလူထု   ပူးပေါင်း၍  " လက်ကောက်ဝတ်ကို ဘယ်လောက်လှီးလှီး   မပြေရမယ့်လက်သီးဆုပ်တွေ " ၊  " ခေတ်လွတ်လပ်မှ   ကျောင်းသားလွတ်လပ်မယ် "  စာသားပါဘန်နာအား   ကိုင်စွဲကာ   ယနေ့   ဒီဇင်ဘာလ   ၂၇   ရက်နေ့၌   မြိုင်မြို့နယ်တွင်   စစ်အာဏာရှင်စနစ်   ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်   ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ#whathappeninginmyanmar

ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က နွေဦးတော်လှန်ရေး ဓာတ်ပုံပြခန်း ပြုလုပ်

Image
​ ၂၀၂၂ ဒီဇင်ဘာ ၂၆၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဘုတလင်မြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းတခုတွင် နွေဦးတော်လှန်ရေး မှတ်တမ်းဓာတ်ပုံပြခန်းတခုကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဓာတ်ပုံပြခန်းတွင် လူထုလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်ရင်း ကျဆုံးသွားသည့် သူရဲကောင်းများနှင့် အထင်ကရပုဂ္ဂိုလ်များ၏ အဆိုအမိန့်များကို ပြသခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #whathappeninginmyanmar

ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ ဒီဇင်ဘာ ၂၆၊ ဗကသ ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "လူထုတော်လှန်ရေးကို အရှိန်အဟုန်မြှင့်ကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်"၊ "ခေတ်လွတ်လပ်မှ ကျောင်းသားလွတ်လပ်မယ်" စာသားပါဘန်နာအား ကိုင်စွဲကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ#whathappeninginmyanmar