ရက္ခိုင်ပြည် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချခြင်း
ရက္ခိုင်ပြည် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချခြင်း ရက်စွဲ - ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၆ခုနှစ် တွင် ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား ပတ်ဝန်းကျင်တို့အား ဖက်ဆစ် စစ်အုပ်စုမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အာရက္ခပြည်သူ အနည်းဆုံး ၅၀ ဦးသေဆုံးကာ ၅၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြားသိရသဖြင့် လွန်စွာ ဝမ်းနည်းခံပြင်းမိပါသည်။ အသက်ဆုံးရှုံးခဲ့သူများ၊ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ တပြည်လုံးအနှံ့ လူမျိုးပေါင်းစုံ အဖိနှိပ်ခံ ပြည်သူလူထု၏ ဆန့်ကျင်တော်လှန်မှုနှင့် ရင်ဆိုင်နေရသော ဖက်ဆစ်စစ်အုပ်စုသည် ရက္ခိုင်ပြည်ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိပါသည်။ ယခုဗုံးကြဲတိုက်ခိုက်မှုသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး ဖက်ဆစ်စစ်အုပ်စုအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေ ( International Humanitarian Law - IHL)ကို ချိုးဖောက်ပြီး နောက်ထပ် စစ်ရာဇဝတ်မှုတခုကို ပြောင်ပြောင်တင်းတင်း ထပ်မံကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။ အာရက္ခပြည်သူလူထုသည် ...