Posts

ဗကသများအဖွဲ့ချုပ်နှင့် ဗလကသတို့က ဘုတလင်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်

Image
၂၀၂၃ ဒီဇင်ဘာ ၇၊ ဗကသ ဘုတလင်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့ ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့၌ စာပေဟောပြောပွဲတခု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အမျိုးသားအောင်ပွဲနေ့ #စာပေဟောပြောပွဲ

ဗကသများအဖွဲ့ချုပ်က ပြည်သူ့အခြေပြု စာသင်ကျောင်းများကို စာရေးကိရိယာများ ထောက်ပံ့

Image
၂၀၂၃ ဒီဇင်ဘာလ ၄၊ ဗကသ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဆားလင်းကြီးမြို့နယ်အတွင်းရှိ စာရေးကိရိယာများ လိုအပ်နေသော ပြည်သူ့အခြေပြု စာသင်ကျောင်းနှစ်ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့၌ ဗလာစာအုပ် ၂၆၅ ဒါဇင် ထောက်ပံ့ကူညီခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်

Image
၂၀၂၃ နိုဝင်ဘာ ၂၃၊ ဗကသ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က တော်လှန်စစ်ကို ဝန်းရံထောက်ခံရန် အဖိနှိပ်ခံလူထုကြီးတရပ်လုံး အလုံးစုံ လွတ်မြောက်သည်အထိ ဟန်ချက်ညီညီဖြင့် စုပေါင်းညီညွတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်တိုက်ဖျက်ကြရန်နှင့် ပြည်သူလူထုကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးတိုက်ပွဲဝင်ကြရန် ရည်ရွယ်၍ “ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်”၊ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ခေါင်းစဥ်များဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ အထွေထွေအကျပ်အတည်း ဖြေရှင်းရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့၌ ကနီမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့တွင် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်

Image
၂၀၂၃ နိုဝင်ဘာ ၁၆၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် MayangoneDemocratic Front(MDF)၊ Kyimyindaing Networks(KMD18) တို့ ပူးပေါင်း၍ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ပန်ဖလက်များဖြန့်ဝေပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ မူရင်းဖိုင်အား အောက်ပါလင့်ခ်မှ ဒေါင်းလုတ်ပြီး လွတ်လပ်စွာ ဖြန်ဝေနိုင်ပါသည်။ To Download - https://shorturl.at/lrMP2 သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အထွေထွေအကျပ်အတည်းဖြေရှင်းရေး

ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တွင် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်

Image
၂၀၂၃ နိုဝင်ဘာ ၁၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ပန်ဖလက်များဖြန့်ဝေပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ မူရင်းဖိုင်အား အောက်ပါလင့်ခ်မှ ဒေါင်းလုတ်ပြီး လွတ်လပ်စွာ ဖြန်ဝေနိုင်ပါသည်။ To Download - https://shorturl.at/lrMP2 သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အထွေထွေအကျပ်အတည်းဖြေရှင်းရေး

မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) စတင်ဖွဲ့စည်း

Image
၂၀၂၃ နိုဝင်ဘာ ၁၅၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော လက်ခံချက်သုံးရပ်ပါ မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးစနစ် တို့ကို လက်ခံလိုက်နာပြီး မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပါသည်။ သတင်းနှင့်ပြန်ကြားရေး‌ဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ကြိုပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်လူငယ်အဖွဲ့တို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်

Image
၂၀၂၃ နိုဝင်ဘာ ၁၄၊ ဗကသ ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူ့ဘောင်သစ်လူငယ်တို့ ပူးပေါင်း၍ တော်လှန်စစ်ကို ဝန်းရံထောက်ခံရန် အဖိနှိပ်ခံလူထုကြီးတရပ်လုံး လွတ်မြောက်သည်အထိ ဟန်ချက်ညီညီဖြင့် စုပေါင်းညီညွတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်တိုက်ဖျက်ရန် ရည်ရွယ်၍ “တော်လှန်စစ်မှသည် လူထုလွတ်မြောက်ရေးဆီသို့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် ပြုလုပ်ခဲ့ကြပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု