ဗကသများအဖွဲ့ချုပ်၏ ရေဘေးကူညီရေးလုပ်ဆောင်မှုများ ထုတ်ပြန်ချက်


ဗကသများအဖွဲ့ချုပ်၏ ရေဘေးကူညီရေးလုပ်ဆောင်မှုများ ထုတ်ပြန်ချက်


စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆


ဩဂုတ်လတွင် အညာနှင့် ဧရာဝတီဒေသအတွင်း ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူလူထုအနေနှင့် ကြီးမားသည့် အထွေထွေအကျပ်အတည်းကို ရင်ဆိုင်ခဲ့ရသည်။


ထို့ကြောင့် ဗကသများအဖွဲ့ချုပ်အနေနှင့် စစ်ကိုင်းနှင့် ဧရာဝတီဒေသအတွင်းရှိ ရေဘေးသင့်ဒေသများထံ သွားရောက်ပြီး ဒေသခံပြည်သူများအား လိုအပ်သည့် အခြေခံစားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။



ဗကသများအဖွဲ့ချုပ်အနေနှင့် နီးစပ်ရာအင်အားစုများနှင့် ပြည်သူလူထု၏ ပါဝင်ထည့်ဝင်မှုတို့ကြောင့် ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်း သိန်း ၃၀၀ ကျော် (၃၅,၂၅၉,၂၅၀ ကျပ်) ရန်ပုံငွေလက်ခံရရှိခဲ့သည်။



ရေဘေးသင့်ဒေသခံများအတွက် ကူညီထောက်ပံ့မှုများကို ဩဂုတ်လမှစ၍ စက်တင်ဘာလအထိ လုပ်ဆောင်ခဲ့ပြီး လုံခြုံရေးအခြေအနေများကြောင့် ယခုမှ ထုတ်ပြန်ရခြင်းဖြစ်သည်။


#abfsu #floodrelief #studentsmovement #studentsunion

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ