Posts

Showing posts from March, 2024

ဘုတလင်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
◾️ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဘုတလင်မြို့နယ်တနေရာမှာ ဒီကနေ့ မတ်လ ၃၁ ရက်နေ့က "စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့" ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ #ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒေ #ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ

အရာတော်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ဖက်ဆစ်တော်လှန်ရေးနေ့ လှုပ်ရှားမှု ပြုလုပ်

Image
အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အထက (ခွဲ) ကဲဘာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ပူးပေါင်းပြီး "ဖက်ဆစ်တော်လှန်ရေးနေ့" အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်မှာ မတ်လ ၂၈ ရက်နေ့ မနေ့က ရုပ်ရှင်ပြပွဲ နဲ့ မိုင်းအန္တရာယ် ကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပါတယ်။  #ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒေ #ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ

ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ လှုပ်ရှားမှု ပြုလုပ်

Image
◾️ ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မတ်လ ၂၇ ရက်နေ့ မနေ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို ဖက်ဒရယ်အဆောက်အအုံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။  အဲဒီလှုပ်ရှားမှုမှာ အပြည်ပြည်ဆိုင်ရာလူထုလှုပ်ရှားမှုအဖွဲ့ချုပ် ILPS ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှု ဖြတ်တောက်ရေးနဲ့ စစ်မှုထမ်းဥပဒေဆန့်ကျင်ရေးတို့ကို ဟောပြောခဲ့ကြပါတယ်။  #abfsu #ဗကသ #march27 #antifascist  #whatshappeninginmyanmar #ilps  #banjetfuelexportstomyanmar #bloodmoneycampaignmm #militaryconscriptionlaw

မတရားစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုသို့ အရေးပေါ်တိုက်တွန်းနှိုးဆော်ချက်

Image
  ရက်စွဲ ။      ။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့  မိဘပြည်သူများခင်ဗျား . . . မတရားမှုက မိဘပြည်သူတို့ရဲ့ အိမ်တံခါးကို လာခေါက်နေပါပြီ။ ကျနော်တို့ဟာ မဟောသဓာဇာတ်တော်ထဲကလို ရင်နှစ်သည်းချာ သားသမီးရတနာတွေကို ဘီလူးနဲ့အပြိုင်လုနေရပါပြီ။ ဒါပေမယ့် ဒီပွဲမှာတော့ အဆုံးအဖြတ်ဒိုင်လူကြီးလုပ်ပေးမယ့် မဟောသဓာသုခမိန်ဆိုတာ မရှိပါဘူး။ မဟောသဓာဇာတ်တော်ထဲကလို သားသမီးနာကျင်မှာစိုးလို့ လက်လျှော့အရှုံးပေးလိုက်လို့လည်း မရပါဘူး။ ဒီအခြေအနေမှာ ယုတ်မာကောက်ကျစ်ပြီး သားစားကျူးတဲ့ ဖက်ဆစ်စစ်ဘီလူးကို နှိမ်နင်းသုတ်သင်ပြီး ငရဲကိုပို့ဖို့ကလွဲ အခြားအဖြေမရှိပါဘူး။  “ဘယ်လိုပို့ရမှာလဲ။ လက်နက်ကိုင်တွေလည်းတိုက်နေကြတာပဲ။ တို့လက်ထဲမှာ ဘာလက်နက်မှမရှိဘူးလေ” လို့ပြောရင် ကျနော်က ရှိတယ်လို့ပြောပါ့မယ်။ ပြည်သူလူထုလက်ထဲမှာ ဝရဇိန်လက်နက်‌လို အင်မတန်အစွမ်းထက်တဲ့ ဖျက်အားပြင်းလက်နက်တခုကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒါကတော့ လူထုလှုပ်ရှားမှုကြီး တဖန်ပြန်လည် ဖော်ဆောင်ခြင်း တနည်းအားဖြင့်ပြောရရင် သပိတ်မှောက် ဆန္ဒပြခြင်းပါပဲ။  “ဆန္ဒပြတာဘာထူးလို့လဲ” လို့ မေးရင် သိပ်ထူးပါတယ်လို့ ပြောပါရစေ။ ဖက်ဆစ်စစ်တပ်ဟာ လူထုရဲ့တခဲနက်ချီတက်သံတွေ၊ ကြွေးကြော်သံတွေ၊ အလံ

တနင်္သာရီမြို့နယ်မှာ ဗကသနဲ့ ဗလကတို့က ဖက်ဆစ်တော်လှန်ရေးနေ့ လှုပ်ရှားမှု ပြုလုပ်

Image
မတ် ၂၈၊ ဗကသ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ဗမာ့လူငယ်ကွန်ရက် (ဗလက) တို့ပူးပေါင်းပြီး "ဖက်ဆစ်တော်လှန်ရေးနေ့" အထိမ်းအမှတ်အဖြစ် တနင်္သာရီဒေသ တနေရာမှာ မတ်လ ၂၇ ရက်နေ့ မနေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။   အဲဒီလှုပ်ရှားမှုမှာ "တော်လှန်ရေးနေ့အရင်းတည် ဖက်ဆစ်စစ်တပ် တိုက်ဖျက်မည်" ခေါင်းစဉ်နဲ့ အထိုင်သပိတ်ပြုလုပ်ပြီး လူထုအား အောင်ပွဲအဆက်ဆက်ခံမည်သီချင်းနှင့် တော်လှန်ရေးသီးချင်းများ သီဆိုတက်ကြွစေပြီး တော်လှန်ရုပ်ရှင်များ ပြသခဲ့ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ သူရဲ‌ကောင်းရဲဘော်များအား (၁) မိနစ်ငြိမ်သက် ဆုတောင်းမေတ္တာပို့ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ #ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒေ #ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ

ဘုတလင်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်

Image
◾️ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် "ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဉပဒေကိုဆန့်ကျင်ကြ" ကြွေးကြော်သံနဲ့ ဘုတလင်မြို့နယ် တနေရာမှာ မတ်လ ၂၇ ရက်နေ့ မနေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ #ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒေ #ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ

ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

Image
မတ် ၂၇၊ ဗကသ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နဲ့ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီတို့ ဦး‌ဆောင်ပြီး အရာတော်မြို့နယ် ကျေးရွာတရွာမှာ ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတခုကို ဒီကနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။   အဲဒီလှုပ်ရှားမှုမှာ ကျောင်းသားများနဲ့ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး "ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ" ဆိုတဲ့ ကြွေးကြော်သံကို ကိုင်စွဲကာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   ဆန္ဒထုတ်ဖော်ပွဲမှာ အရာတော်သပိတ်တက်ကြွလှုပ်ရှားသူ ကိုသက်နောင်က လူထုအား သပိတ်တရား မကြောက်တရားများ ဟောပြောခဲ့တယ်လို့ သိရပါတယ်။ #ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒေ #ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ

ဗကသများအဖွဲ့ချုပ်က ပုလဲမြို့နယ်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်

Image
◾️ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဦးဆောင်ပြီး “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ကြွေးကြော်သံနဲ့ ပုလဲမြို့နယ်မှာ ဒီကနေ့ နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ #ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒေ #ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ