တနင်္သာရီမြို့နယ်မှာ ဗကသနဲ့ ဗလကတို့က ဖက်ဆစ်တော်လှန်ရေးနေ့ လှုပ်ရှားမှု ပြုလုပ်



မတ် ၂၈၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ဗမာ့လူငယ်ကွန်ရက် (ဗလက) တို့ပူးပေါင်းပြီး "ဖက်ဆစ်တော်လှန်ရေးနေ့" အထိမ်းအမှတ်အဖြစ် တနင်္သာရီဒေသ တနေရာမှာ မတ်လ ၂၇ ရက်နေ့ မနေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီလှုပ်ရှားမှုမှာ "တော်လှန်ရေးနေ့အရင်းတည် ဖက်ဆစ်စစ်တပ် တိုက်ဖျက်မည်" ခေါင်းစဉ်နဲ့ အထိုင်သပိတ်ပြုလုပ်ပြီး လူထုအား အောင်ပွဲအဆက်ဆက်ခံမည်သီချင်းနှင့် တော်လှန်ရေးသီးချင်းများ သီဆိုတက်ကြွစေပြီး တော်လှန်ရုပ်ရှင်များ ပြသခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ သူရဲ‌ကောင်းရဲဘော်များအား (၁) မိနစ်ငြိမ်သက် ဆုတောင်းမေတ္တာပို့ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။




#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒေ #ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ