Posts

Showing posts from March, 2022

မန္တလေးတွင် ဗကသများအဖွဲ့ချုပ် မှ စစ်ကျွန်ပညာရေးဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
မတ်လ ၃၁၊ ဗကသ အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မတ်လ ၃၁ ရက်နေ့တွင် မန္တလေးမြို့၌ ဒီမိုကရေစီပညာရေး၊ စစ်ကျွန်ပညာရေးဆိုတာဘာလဲ ဆောင်းပါးများအား လက်ရေးမူဖြင့်ကူးယူ၍ ပြည်သူလူထုထံသို့ ဖြန့်ဝေကာ စစ်ကျွန်ပညာရေးဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ ဖြန့်ဝေ

Image
မတ် ၃၁ ၊ ဗကသ ဗကသများအဖွဲ့ချုပ် နှင့် ရတကသတို့မှ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၁ အမှတ် ၁၁ အား မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြည်သူလူထုထံသို့ နိုင်ငံရေးအသိလှုံ့ဆော် ဖြန့်ဝေခဲ့သည်။ အိုးဝေစာစောင် App ကို Google Playstore မှ download ရယူရန် သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ဗကသကျောင်းသားရဲဘော်များ နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

Image
မတ်လ ၃၀၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် ကျောင်းသားသမဂ္ဂအသီးသီမှ ဗကသရဲဘော်များ နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယင်းမာပင်မြို့နယ်တွင် မတ်လ ၃၀ ရက်နေ့၌ “သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ”၊ “ဗမာပြည်သစ်ကိုတည်ဆောက်ကြ”၊ “တောင်တန်းမြေပြန့်အတူချီတက် ဖက်ဆစ်ဝါဒအမြစ်ဖြတ်” စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်

Image
မတ်လ ၂၉၊ ဗကသ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများ၊ Progressive Muslim Youth Association-PMYA၊ North Dagon Oppressed People's Strike Colition-NDOPSC နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ "ဖက်ဆစ်ဝါဒတိုက်ဖျက်ကြ ပြည်သူ့ဒီမိုကရေစီတည်ဆောက်ကြ" စာသားပါဘန်နာအား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #PMYA #NDOPSC #SPTSC

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

Image
မတ်လ ၂၉၊ ဗကသ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌ မတ်လ ၂၉ ရက်‌နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် ❝‌သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံအား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

နောင်ရိုးကိုယ်ပိုင်အထက်တန်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
မတ်လ ၂၈၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး နောင်ရိုးကိုယ်ပိုင်အထက်တန်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို မတ်လ ၂၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ကြို့ပင်ကောက် ဗကသမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
မတ်လ ၂၈၊ ဗကသ ဗမာပြည်နိုင်ငံရေးသမိုင်းတွင် ဂုဏ်ရောင်ထွန်းပြောင်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေး စတင်ခြင်း ၇၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထကကြို့ပင်ကောက် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ "၄၈၂၈ စိတ်ဓာတ် ကိုင်စွဲတိုင်ပွဲ၀င်ကြ" ဟူသော စာသားပါဘန်နာအား ချိတ်ဆွဲ၍ ဗကသခွပ်ဒေါင်းအောင်လံအား လွှင့်ထူကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ၄၈၂၈ စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲ၀င်ကြ။ ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁၁ ထွက်ပြီ

Image
___ ဗကသများအဖွဲ့ချုပ်နဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေနေတဲ့ အိုး‌ဝေစာစောင် အတွဲ ၁၊ အမှတ် ၁၁ ထွက်ရှိလာပါပြီ။ ဒီတပတ်အိုးဝေစာစောင်မှာ ဖတ်ရှုရမှာတွေကတော့ - ▪ ကဗျာ ယူနီဗာစတီဘွဲ့ လေးချိုးကြီး - မစ္စတာမောင်မှိုင်း၊ စစ်တပ်ကလူထုကို လက်လွှတ်လိုက်ရပါပြီ - ဟိန်းဇော်ဟိန်း၊ ရဲဘော်အ်ိမ်ပြန်လာတုန်းက - ကိုပေါ ▪ ဆောင်းပါး တော်လှန်ရေးရဲ့ ဒုတိယလှိုင်းဆီသို့ - ဇော်ဝင်း ၈၈ ဗကသ၊ ပြည်ထောင်စုဟာ ဘယ်တုန်းကမှ မရှိခဲ့ - ပိုင်ချိမ့်ခေါင်၊ ပုန်ကန်ခြင်း ဟူသည်မှာ - ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း)၊ မြန်မာ့စီးပွားရေး သုံးသပ်ချက် အပိုင်း (၁) နှစ်ပေါင်း၆၀ အတွင်းအဆိုးဝါးဆုံး စီးပွားရေးကျဆင်းမှု - ကိုသိမ်းမြတ် ဘီဘီစီမြန်မာပိုင်း ▪ အတွေးအမြင် ဘာလုပ်ကြမလဲ - အရှေ့လေ စတာတွေနဲ့ သတင်းစုစည်းမှုတွေကို ဖတ်ရှုရမှာပါ။ ___ ◾️  အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁၁ ကိုဒေါင်းလုတ်ရယူရန် ◾️  အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။ ___ #Oway01111 #Oway #UYSU #ABFSU #Whatshappeninginmyanmar #ဖက်ဆစ်တော်လှန်ရေးနေ့ #ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

အထက ခရမ်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
မတ်လ ၂၇၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး အထက ခရမ်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို မတ်လ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန် ရွှေပြည်သာတွင် ဗကသများအဖွဲ့ချုပ်မှ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
မတ်လ ၂၇၊ ဗကသ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ တို့မှ မတ်လ ၂၇ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၌ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ဖက်ဆစ်တပ်သားအရုပ်ကို ကြိုးပေးသောပုံစံပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု တရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဗကသများအဖွဲ့ချုပ် မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
မတ်လ ၂၇၊ ဗကသ ကြာအင်းဆိပ်ကြီးမြိုနယ်ကျောင်းသများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဝင်း‌ရော်ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်း၍ မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) တွင် "ဖက်ဆစ်ဝါဒ တိုက်ဖျက်ကြ၊ ပြည်သူ့ဒီမိုကရေစီ တည်ဆောက်ကြ" စာသားပါဘန်နာအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း၌ ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန် မြောက်ဥက္ကလာပတွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်

Image
မတ်လ ၂၇၊ ဗကသ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းတို့ ပူးပေါင်း၍ မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) တွင် "ဘုံရန်သူဖက်ဆစ်တပ် တော်လှန်ခြင်းနဲ့ အမြစ်ဖြတ်" စာသားပါဘန်နာအား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu Photo - OCTOPUS

သုံးခွမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်

Image
မတ်လ ၂၇၊ ဗကသ သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ သုံးခွ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၂ သုံးခွ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ သုံးခွမြို့မဈေးအနီးတွင် ဆရာကြီးဟံသာဝတီဦးဝင်းတင် ၏ မိန့်ခွန်းတခုဖြစ်သည် "ချုပ်ချယ်ရင်ရုန်းကန်၊ ဖိနှိပ်ရင်တွန်းလှန်၊ တိုက်ပွဲအောင်လံ ထူကြ လွှင့်ကြ" စာသားပါဘန်နာအား ချိတ်ဆွဲခြင်း၊ လမ်းမများပေါ်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုံ့ဆော်စာသားပါ စာရွက်များကြဲခြင်းတို့ကို မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) ၌ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ဖက်ဆစ်တော်လှန်ရေးနေ့၊ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှု

Image
မတ်လ ၂၇၊ ‌ဗကသ ယနေ့ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့တွင် ရန်ကုန်မြို့၌ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ မြို့နယ်လူငယ်များနှင့် ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ "ဖက်ဆစ်တွေအရိုးနဲ့ ဗားကရာချောက်ကို ဖို့မယ်" ဟူသော ဘန်နာအားကိုင်ဆောင်ကာ ဗားကရာချောက်အနီး၊ ဗားကရာလမ်းမဆီ ဦးတည်ချီတက်၍ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu Photo - လူငယ့်ခေတ်