Posts

Showing posts from April, 2022

မေဒေးနေ့ အကြိုလှုပ်ရှားမှု

Image
၂၀၂၂ ဧပြီ ၃၀၊ ဗကသ ဒီကနေ့ ညနေခင်း ရန်ကုန်မြို့ လှည်းတန်း၌ ရန်ကုန်လူထုသပိတ်မှ ပြည်သူများနှင့်အတူ “လုပ်သားပြည်သူ သူပုန်ထ ဖက်ဆစ်ဝါဒ ချေမှုန်းကြ”, “There Is No Blood In Oil & Gas Stop The Flow Of BloodMoney” နှင့် “Fuck The Capitalists (အရင်းရှင်စနစ် ချေမှုန်းကြ)” ဟူသော စာသားကိုင်ဆောင်ကာ ဆေးနီများ ပက်ဖြန်းခြင်းဖြင့် မေဒေးနေ့အကြို ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။  အဆိုပါ မေဒေးနေ့အကြို လှုပ်ရှားမှုတွင် ကြည့်မြင်တိုင် လူငယ်များသပိတ်ကော်မတီ၊ ကြည့်မြင်တိုင် ဗကသ၊ အလုံကော်မတီ များမှ ပူးပေါင်းပါဝင်ခဲ့သည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #WhatsHappeningInMyanmar သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ရွှေပြည်သာတွင် ဗကသများအဖွဲ့ချုပ်နှင့် ရွှေပြည်သာသပိတ်ကော်မတီမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲ

Image
၂၀၂၂ ဧပြီ ၃၀၊ ဗကသ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ တို့ ပူးပေါင်း၍ “ဘယ်ကောင်သေရဲလဲဆိုတဲ့ မေးခွန်းကို မင်းလက်ထဲကသေနတ် ဘေးချပြီးမှမေးကြည့်လေ” စာသားပါဘန်နာအား ဧပြီလ ၃၀ ၌ ရွှေပြည်သာတံတားတွင် ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ယင်းမာပင် ဗကသ နှင့် မဟာမိတ်အဖွဲ့အစည်းများမှ ဒေသခံလူထုပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဧ​ပြီ ၂၉၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့မှ ဒေသခံပြည်သူလူထုပူးပေါင်း၍ “လူမျိုးကြီးဝါဒဖယ်ရှားကြ အာဇာနည်ဟာ ကိုးဦးမက” စာသားပါဘန်နာအား ကိုင်စွဲ၍ ဖက်ဆစ်ခြေဥအလံကို မီးရှို့ခြင်း၊ ကျဆုံးသွားသောရဲဘော်များအား တမိနစ်ငြိမ်သက် အလေးပြုခြင်း၊ “တောင်တန်းပြည်မ ညီညွတ်ကြသည်၊ တန်းတူအခွင့်အရေး ရရှိရေး” စသော ကြွေးကြော်သံများဟစ်ကြွေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဧပြီလ ၂၉ ရက်၌ ယင်းမာပင်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ယင်းမာပင် ဗကသ နှင့် မဟာမိတ်အဖွဲ့အစည်းများမှ ဒေသခံပြည်သူလူထုပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဧ​ပြီ ၂၇၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့မှ ဒေသခံပြည်သူလူထုပူးပေါင်း၍ “သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ၊ နိုင်ငံသစ်ကိုရဲရဲတည်ဆောက်ကြ” စာသားပါဘန်နာအား ကိုင်စွဲ၍ ဖက်ဆစ်ခြေဥအလံကို မီးရှို့ခြင်း၊ ကျဆုံးသွားသောရဲဘော်များအား တမိနစ်ငြိမ်သက် အလေးပြုခြင်း၊ “တောင်တန်းပြည်မ ညီညွတ်ကြသည်၊ တန်းတူအခွင့်အရေး ရရှိရေး” စသော ကြွေးကြော်သံများဟစ်ကြွေးကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ဧပြီလ ၂၇ ရက်၌ ယင်းမာပင်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ် နှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဧပြီ ၂၇ရက်၊ ဗကသ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်‌ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ 𝗣𝗕𝗬𝗦𝗖 (ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီ) တို့ပူးပေါင်း၍ ရန်ကုန်မြို့တွင် ဧပြီလ ၂၇ ရက်နေ့၌ “တောင်ပေါ်/မြေပြန့် ညီညွတ်ကြ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဧပြီ ၂၆၊ ဗကသ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌ ဧပြီလ ၂၆ ရက်‌နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် “တောင်ပေါ်/မြေပြန့် ညီညွတ်ကြ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ” စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ လူထုသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လာရောက်ဝန်းရံပြီး လုံခြုံရေးယူပေးကြသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ယင်းမာပင် ဗကသမှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဧပြီ ၂၆၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် ဧပြီလ ၂၆ ရက်နေ့၌ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

Image
၂၀၂၂ ဧပြီ ၂၆၊ ဗကသ ဗကသများအဖွဲ့ချုပ်၀င်ကျောင်းသားသမဂ္ဂများဖြစ်သည့် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ရွှေပြည်သာသပိတ်ကော်မတီိ၊ တော်လှန်သောမီးရထားဝန်ထမ်းများ၊ Progressive Muslim Youth Association (PMYA) နှင့် North Dagon Oppressed People’s Strike Colition (NDOPSC) တို့မှပူးပေါင်း၍ ရန်ကုန်မြို့တွင် ဧပြီလ ၂၆ ရက်နေ့၌ “သံပူခိုက် အားစိုက်ထုနှက်ကြ” စာသားပါဘန်နာအားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။