ယင်းမာပင် ဗကသ နှင့် မဟာမိတ်အဖွဲ့အစည်းများမှ ဒေသခံပြည်သူလူထုပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဧ​ပြီ ၂၇၊ ဗကသ

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့မှ ဒေသခံပြည်သူလူထုပူးပေါင်း၍ “သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ၊ နိုင်ငံသစ်ကိုရဲရဲတည်ဆောက်ကြ” စာသားပါဘန်နာအား ကိုင်စွဲ၍ ဖက်ဆစ်ခြေဥအလံကို မီးရှို့ခြင်း၊ ကျဆုံးသွားသောရဲဘော်များအား တမိနစ်ငြိမ်သက် အလေးပြုခြင်း၊ “တောင်တန်းပြည်မ ညီညွတ်ကြသည်၊ တန်းတူအခွင့်အရေး ရရှိရေး” စသော ကြွေးကြော်သံများဟစ်ကြွေးကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ကို ဧပြီလ ၂၇ ရက်၌ ယင်းမာပင်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။









သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့