Posts

Showing posts from May, 2022

ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ ပြည်သူလူထုနဲ့ တော်လှန်ရေးရဲဘော်တွေထံ အိုးဝေစာစောင် ဖြန့်ဝေ

Image
၂၀၂၂ မေ ၃၀၊ ဗကသ ဗကသများအဖွဲ့ချုပ်နဲ့ ရတကသတို့ ပူးပေါင်းထုတ်ဝေတဲ့ အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၃ ကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မေလ ၂၉ ရက်နေ့မှာ အရာတော်မြို့နယ်တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသမှာရှိတဲ့ ပြည်သူလူထုနဲ့ တော်လှန်ရေးရဲဘော်တွေထံ ဖြန့်ခဲ့ပါတယ်။ ___ ◾️အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၃ ကိုဒေါင်းလုတ်ရယူရန် ◾️အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။ ___ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #Oway0203 #Oway #ABFSU #UYSU #Whatshappeninginmyanmar #စေ့စပ်ရေးအတွေးအခေါ် #တိုက်ဖျက်ကြ #အိုးဝေ

ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ မေ ၃၀၊ ဗကသ “ခွေးပါးစပ်ထဲကတိုင်းပြည်ကို ရအောင်ပြန်ယူမယ်” စာသားပါပိုစတာဖြင့် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများက ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်၌ ယနေ့ မေလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တခု ပြုလုပ်ခဲ့ပါသည်။ လှုပ်ရှားမှုအပြီးတွင် ကျောင်းသားရဲဘော်များအား ဖက်ဆစ်စစ်တပ်က ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့သောကြောင့် ကျောင်းသားအချို့ ဒဏ်ရာရခဲ့ပြီး အချို့‌ကျောင်းသားများမှာ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံခဲ့ရသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu Photos - လူငယ့်ခေတ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ရဲဘော်မင်းသူ (ခ) ကိုကောင်းမြတ်စိုး (ရွှေဘိုခရိုင်ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ) သို့ ဂုဏ်ပြု‌သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၈/ဗကသ/၂၀၂၂ ရက်စွဲ - ၂၀၂၂ ခုနှစ် မေလ ၂၉ ရက်                   ရွှေဘိုခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်(ဟောင်း) ဖြစ်သူ ရဲဘော်မင်းသူ (ခ) ကိုကောင်းမြတ်စိုးသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုမင်းသူ (ခ) ကိုကောင်းမြတ်စိုးအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ ❝ မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီလို့ကြိုပေတော့ ❞ ဗဟိုအမှုဆောင်အဖွဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအ

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

Image
၂၀၂၂ မေ ၂၉၊ ဗကသ “စစ်ခွေးစနစ်အောက် ဒူးမထောက်၊ ငါတို့ကျောင်းသား သေမှာမကြောက်” စာသားပါဘန်နာအား ကိုင်စွဲကာ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများက ရန်ကုန်မြို့တွင် ယနေ့ မေလ ၂၉ ရက်နေ့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို အထက(၃) သာကေတ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မဟာမိတ် RGY၊ အထက ၁ သာကေတ ကျောင်သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၆ သာကေတ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၆ အလုံ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပန်ကိုယ်ပိုင်ကျောင်းကျောင်းသားများသမဂ္ဂ (ပဲခူး) (ဗကသများအဖွဲ့ချုပ်)၊ အထက ၂ ရန်ကင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကျောက်တံတားမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွ

အရာတော်မြောက်လက်တွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ ဖြန့်ဝေ

Image
၂၀၂၂ မေ ၂၅၊ ဗကသ ဗကသများအဖွဲ့ချုပ် နှင့် ရတကသ တို့မှ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၂  ကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ မေလ ၂၄ ရက်နေ့တွင် အရာတော်မြို့နယ် ​မြောက်ပိုင်းဒေသရှိ ပြည်သူလူထုများ၊ တော်လှန်ရေးရဲဘော်များသို့ လိုက်လံဖြန့်ဝေခဲ့ပါသည်။ ◾️အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၂ ကိုဒေါင်းလုတ်ရယူရန် ◾️အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ မေ ၂၅၊ ဗကသ ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း ၃ လပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၌ ယနေ့ မေလ ၂၅ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ “ရဲဘော်ညီမင်းသူစိတ်ဓာတ် ကိုင်စွဲတိုက်ပွဲ၀င်ကြ” စာသားပါ ဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်၀င်သမဂ္ဂများဖြစ်သော မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့နှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တွင် အင်းစိန်ဗကသမှ အိုးဝေစာစောင်များ ဖြန့်ဝေ

Image
၂၀၂၂ မေ ၂၅၊ ဗကသ အင်းစိန်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ် နှင့် ရတကသတို့ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၃ ကို ယနေ့ မေလ ၂၅ ရက်နေ့တွင် ရန်ကုန် အင်းစိန်မြို့နယ်၌ ဖြန့်ဝေခဲ့ပါသည်။ ◾️အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၃ ကိုဒေါင်းလုတ်ရယူရန် ◾️အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖက်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

ဗကသနှင့် မဟာမိတ်များ ပူးပေါင်း၍ ဗားကရာတံတားတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဘန်နာ ချိတ်ဆွဲ

Image
၂၀၂၂ မေ ၂၄၊ ဗကသ အထက(၆)အလုံ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် Ahlone Strike Committee (ASC) တို့ပူးပေါင်း၍ မေလ ၂၄ ရက်နေ့၌ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” စာသားပါဘန်နာအား ဗားကရာချောက်တံတားတွင် ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU

အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၃ ထွက်ပါပြီ

Image
စေ့စပ်ရေး အတွေးအခေါ်ကို တိုက်ဖျက်ကြ ___ ဗကသများအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းထုတ်ဝေနေတဲ့ အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၃ ထွက်ပါပြီ။ ဒီတပတ်စာစောင်မှာတော့ စစ်အုပ်စုက စေ့စပ်ရေးလမ်းကြောင်းခင်းနေတာကို သတိထားကြဖို့ 'စေ့စပ်ရေးအတွေးအခေါ်ကို တိုက်ဖျက်ကြ' ဆိုတဲ့ ကြွေးကြော်သံနဲ့ တပ်လှန့်ထားပါတယ်။ ဒီအကြောင်းကို အယ်ဒီတာ့ အာဘော်အနေနဲ့ ဖတ်ရှုနိုင်ပြီး အခြား ဖတ်စရာတွေအနေနဲ့ -  ◾️ ကဗျာ ကျဆုံးလေပြီးသော ပန်းပွင့်များ - ဒဂုန်တာရာ၊ ကျေးရွာ၏ ရဲရင့်ခြင်း - မောင်လေးအောင်၊ ငါသေနတ်မပစ်တတ်ဘူး - ခက်သီ၊ မေဒေး - မောင်မြတ်သူ၊ အိပ်မက်လွယ်၍ အိမ်မှပြေးခဲ့သည် - ခွဲထွက် ◾️ သရော်စာ ခမာဂျင်း၊ နိပွန်ဂျင်း၊ ဘိရုမာဂျင်း - မောင်ပေသီး ◾️ သတင်းဆောင်းပါး တရွာလုံးနီးပါး ပြာကျပေမယ့် အလံမလိပ်၊ အသံမတိတ် ဆက်လက်တော်လှန်သွားမယ့် မလဲသာသပိတ် - ဘအို ◾️ ဆောင်းပါး မှိုလိုပေါက်လာတဲ့ စစ်တပ်ဒေါက်တိုင်အဖွဲ့အစည်းတွေနဲ့ ဒလန်ဟုဆို ပြဿနာ - ခေါင်၊ ပေါ်ပြူလစ်လော်ဘီများနှင့်တော့ ဤခရီးကို သွား၍မရကြောင်း - ပိုင်ချိမ့်ခေါင်၊ နွေဦးတော်လှန်ရေး တနှစ်တာအမြင် အပိုင်း ၂ - လေ့လာသူတဦး ◾️ ဝတ္ထုတို သစ္စာနီ ခရီးကောက

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ မေ ၁၉၊ ဗကသ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၌ မေလ ၁၉ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများက “စစ်ကျွန်စနစ်ဆိုး အမြစ်ကချိုး၊ ပူးပေါင်း တည်ထောင် ဖက်ဒရယ်ပြည်ထောင်” စာသားပါ ဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုကို သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၁) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၂) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၄) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (၃) သာကေတ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကျောက်တံတားမြို့နယ်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ်) နှင့် စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။