ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ မေ ၂၅၊ ဗကသ

ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း ၃ လပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၌ ယနေ့ မေလ ၂၅ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ “ရဲဘော်ညီမင်းသူစိတ်ဓာတ် ကိုင်စွဲတိုက်ပွဲ၀င်ကြ” စာသားပါ ဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


အဆိုပါလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်၀င်သမဂ္ဂများဖြစ်သော မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့နှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


ဗကသရဲဘော် ကိုညီမင်းသူသည် မရမ်းကုန်းမြို့နယ်၌ ၂၀၂၂ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ဖက်ဆစ်တပ်၏ လူမဆန်စွာပစ်သတ်ခြင်းခံခဲ့ရသော ဗကသရဲဘော်တဦးဖြစ်ပြီး ၎င်း၏ ရဲရဲတောက်စိတ်ဓာတ်ကို ဂုဏ်ပြုသာအားဖြင့် ယခုလှုပ်ရှားမှုအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ