ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း တာရာ (ခ) ဘုန်းတာရာနွယ် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း
ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း တာရာ (ခ) ဘုန်းတာရာနွယ် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအမှတ် - ၁၀/ဗကသ/၂၀၂၆ ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် ရဲဘော်တာရာသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဗကသများအဖွဲ့ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး မအူပင်ခရိုင်တွင် အတွင်းရေးမှူးအဖြစ် ထမ်းရွက်ခဲ့သူဖြစ်သည်။ ရဲဘော်တာရာသည် စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်များကို ထမ်းဆောင်ရင်း ဩဂုတ်လ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) မနက် ၈ နာခွဲအချိန်မှာ ကျဆုံးခဲ့ကြောင်း သိရသည်။ ရဲဘော်တာရာသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ခရီးလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းပြီး ကျရာနေရာတွင် တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့သူ ဖြစ်သည်နှင့်အညီ ရဲဘော်၏ ကျဆုံးမှုအတွက် ဗကသများအဖွဲ့ချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။ဗကသများအဖွဲ့ချုပ်အနေနှင့် ရဲဘော်တာရာ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓာတ်တို့ကို လေးစားဂုဏ်ပြုပါကြောင်း ပြောကြားရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ ဗကသများအဖွဲ့ချုပ်