Posts

Showing posts from February, 2023

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ဖက်ဆစ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃   ဖေဖော်ဝါရီ   ၂၇၊   ဗကသ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ  ( ဗကသများအဖွဲ့ချုပ် ) ၊   အခြေခံပညာကျောင်းသားများသမဂ္ဂ  ( ဗကသများအဖွဲ့ချုပ် )  နှင့်   ဒေသခံပြည်သူလူထု   ပူးပေါင်း၍   ဖေဖော်ဝါရီလ  ‌ ၂၆   ရက်နေ့တွင်  " ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊   စစ်သုံးစစ်ကို   အမြစ်ပြတ်တိုက်ဖျက်ကြ "  စာသားပါဘန်နာအား   ကိုင်စွဲကာ   မြိုင်မြို့နယ်တွင်   စစ်အာဏာရှင်စနစ်   ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်   ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu # ဗကသ  # ဖက်ဆစ်ရွေးကောက်ပွဲ  #whathappeninginmyanmar

မြိုင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း​ကြောင်း ကြေညာချက်

Image
​ ၂၀၂၃ ဖေဖော်ဝါရီ ၂၅၊ ဗကသ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ (၈) ကြိမ်မြောက်ညီလာခံက ချမှတ်ပြဌာန်းခဲ့သည့် မူဝါဒ (၆) ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေ နှင့် ဒီမိုကရေစီ ဗဟိုဦးစီးစနစ် အစရှိသည့် လက်ခံချက် (၃) ရပ်အား လက်ခံလိုက်နာ၍ ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #whathappeninginmyanmar 

ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃   ဖေဖော်ဝါရီ   ၂၅၊   ဗကသ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ  ( ဗကသများအဖွဲ့ချုပ် )  က   ယနေ့   ဖေဖော်ဝါရီလ   ၂၅   ရက်နေ့၌   အခြေခံပညာကျောင်းသားများသမဂ္ဂ  ( ဗကသများအဖွဲ့ချုပ် )  ၏   ဥက္ကဌဟောင်း   ကိုညီမင်းသူ   ကျဆုံးခြင်း   တနှစ်ပြည့် အထိမ်းအမှတ်အဖြစ်   ကနီမြို့နယ်တွင်   စစ်အာဏာရှင်စနစ်   ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်   ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #besu # ဗကသ  # အကသ  # ညီမင်းသူ  #whathappeninginmyanmar

ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဖေဖော်ဝါရီ ၂၅၊ ဗကသ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) နှင့် ဒေသခံလူထုပူးပေါင်း၍ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်း ကိုညီမင်းသူ ကျဆုံးခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #besu #ဗကသ #အကသ #ညီမင်းသူ #whathappeninginmyanmar

ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

Image
​ သဝဏ်လွှာအမှတ်  -  ၂ / ဗကသ / ၂၀၂၃ ရက်စွဲ  -  ၂၀၂၃   ခုနှစ်   ဖေဖော်ဝါရီလ   ၂၅   ရက် စစ်အာဏာရှင်စနစ်   အမြစ်ပြတ်တိုက်ဖျက်ရေး၊   ဒီမိုကရေစီရေးအတွက်   တိုက်ပွဲဝင်ရင်း   ဖက်ဆစ်အုပ်စု၏   မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့်   အခြေခံပညာကျောင်းသားများသမဂ္ဂ  ( ဗကသများအဖွဲ့ချုပ် )  ၏   ဥက္ကဌဟောင်း   ကိုညီမင်းသူ   မြင့်မြတ်ဂုဏ်ပြောင်စွာ   ကျဆုံးခဲ့သည်မှာ   ယနေ့ဆိုလျှင်  ( ၁ )  နှစ်ပြည့်ခဲ့ပြီဖြစ်သည်။   လူထုလူတန်းစားပေါင်းစုံ   ပြည်သူတရပ်လုံး၏   ဘုံရန်သူအား   နောက်ဆုံးအချိန်အထိ   အလျှော့မပေး   အညံ့မခံဘဲ   အသက်စွန့်ကာ   ပြတ်ပြတ်သားသား   တိုက်ပွဲဝင်ခဲ့သော   ကျောင်းသားအာဇာနည်   ရဲဘော်ညီမင်းသူအား   ကျွန်ုပ်တို့   ဗကသများအဖွဲ့ချုပ်   မှ အလေးအနက်   ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ခေတ်အဆက်ဆက်တွင်   ကျောင်းသားထုနှင့်   လူမျိုးပေါင်းစုံပြည်သူလူထုအား   ရက်ရက်စက်စက်   သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို   ကျူးလွန်ခဲ့သော   ဖက်ဆစ်တပ်သည်   ယခုနွေဦးတော်လှန်ရေးတွင်လည်း   အဖိနှိပ်ခံလူမျိုးပေါင်းစုံ   ပြည်သူလူထုအား   ဖိနှိပ်ချုပ်ချယ်မှု   နှိပ်စက်သတ်ဖြတ်မှုများကို   နေ့စဉ်ပြုလုပ်ကာ   စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်။   ထို

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၃ ဖေဖော်ဝါရီ ၁၈၊ ဗကသ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ ရန်ကုန်တွင် "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ" ခေါင်းစဥ်ဖြင့် လူထုလှုံ့ဆော်ရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #ဖက်ဆစ်ရွေးကောက်ပွဲ #WhatsHappeningInMyanmar

စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ

Image
သဝဏ်လွှာအမှတ် - ၁/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်                ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၂) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဖွဲ့စည်းပုံ နိုင်ငံသစ်ပေါ်ပေါက်ရေး တို့ကို ရှေးရှု၍ စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) သည် (၂) နှစ်တာကာလအတွင်း၌ တော်လှန်သောအဖွဲ့အစည်းများအား ဝန်းရံထောက်ပံ့ကူညီသည့် အခန်းကဏ္ဍတွင် ခိုင်ခိုင်မာမာရပ်တည်ပါဝင်နေသည်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ ဂုဏ်ယူဝမ်းမြောက်မိပါသည်။                စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) အနေဖြင့် (၂) နှစ်ပြည့်ကာလမှသည် နောင်အနာဂတ်ကာလများအထိ ပြည်သူ့တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်ကာ အဖိနှိပ်ခံလူထုအကျိုးအား ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဗက

ဗကသများအဖွဲ့ချုပ်က ရန်ကုန် လှိုင်သာယာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဖေဖော်ဝါရီ ၁၈၊ ဗကသ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ လှိုင်သာယာမြို့နယ်တွင် "အာဇာနည် အထောင်အသောင်းရဲ့ သွေးခင်းလမ်း အတိုင်း ရဲရဲဝံ့ဝံ့ချီတက်ကြလော့" စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #WhatsHappeningInMyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဖေဖော်ဝါရီ ၁၈၊ ဗကသ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ရန်ကုန်မြို့၌ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ" ခေါင်းစဥ်ဖြင့် လူထုလှုံ့ဆော်ရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #နှောင်ကြိုးမှတပါးဆုံးရှုံးစရာမရှိ #WhatsHappeningInMyanmar

သုံးခွမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဖေဖော်ဝါရီ ၁၈၊ ဗကသ သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် Animal's Farm Fundraising Team မှ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် သုံးခွမြို့နယ်၌ အိုးဝေစတေကာများ၊ ဒီမိုကရေစီပညာရေးနှင့် လူထု့လှုံ့ဆော်ရေး စာသားများ ဖြန့်ဝေ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #WhatsHappeningInMyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၃ ဖေဖော်ဝါရီ ၁၇၊ ဗကသ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ရန်ကုန်မြို့၌ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ" ခေါင်းစဥ်ဖြင့် လူထုလှုံ့ဆော်ရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #နှောင်ကြိုးမှတပါးဆုံးရှုံးစရာမရှိ #WhatsHappeningInMyanmar

ဖက်ဆစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာများအား ဗကသများအဖွဲ့ချုပ်က ထောက်ပံ့ကူညီ

Image
​ ၂၀၂၃ ဖေဖော်ဝါရီလ ၁၅ရက်၊ ဗကသ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဖက်ဆစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသော ယင်းမာပင်မြို့နယ်အတွင်းက မီးဘေးသင့်ကျေးရွာများကို အထွေအထွေအသုံးစရိတ်အဖြစ် တအိမ်ထောင်လျှင် နှစ်သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စု (၈၂) စုအတွက် ၁၆၄၀၀၀၀ (စာဖြင့် - တဆယ့် ခြောက်သိန်း လေးသောင်း) ကျပ်တိတိအား ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကူညီထောက်ပံ့ပေးခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #မီးဘေးသင့် #ထောက်ပံ့ကူညီ #whatshappeninginmyanmar