စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်သို့ ပေးပို့သော သဝဏ်လွှာ



သဝဏ်လွှာအမှတ် - ၁/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်


               ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၂) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဖွဲ့စည်းပုံ နိုင်ငံသစ်ပေါ်ပေါက်ရေး တို့ကို ရှေးရှု၍ စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) သည် (၂) နှစ်တာကာလအတွင်း၌ တော်လှန်သောအဖွဲ့အစည်းများအား ဝန်းရံထောက်ပံ့ကူညီသည့် အခန်းကဏ္ဍတွင် ခိုင်ခိုင်မာမာရပ်တည်ပါဝင်နေသည်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ ဂုဏ်ယူဝမ်းမြောက်မိပါသည်။


               စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) အနေဖြင့် (၂) နှစ်ပြည့်ကာလမှသည် နောင်အနာဂတ်ကာလများအထိ ပြည်သူ့တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ပါဝင်ကာ အဖိနှိပ်ခံလူထုအကျိုးအား ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဗကသများအဖွဲ့ချုပ် မှ ဆန္ဒပြုရင်း စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်သို့ သဝဏ်လွှာပေးပို့အပ်ပါသည်။


❝စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ) အဓွန့်ရှည်ပါစေ❞

❝ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်❞


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ