Posts

Showing posts with the label ဆဲဗင်းဂျူလိုင်

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ — ကျောင်းသားပေါင်းရာနဲ့ချီအသတ်ခံခဲ့ရတဲ့သမိုင်း

Image
ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီပြီးအသတ်ခံခဲ့ရတဲ့ သမိုင်းဖြစ်ရပ်တခု ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဆဲဗင်းဂျူလိုင်လို့ လူသိများတဲ့အဲ့ဒီအရေးတော်ပုံဟာ ဗိုလ်နေဝင်းစစ်တပ်ရဲ့ စစ်အာဏာသိမ်းခြင်းကို ပထမဆုံးဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတခု ဖြစ်သလို စစ်အုပ်စုရဲ့ မင်းသားမျက်နှာဖုံးကိုခွာချပြလိုက်တဲ့ အရေးတော်ပုံလည်း ဖြစ်ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင် ____________________ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီအမည်ခံ အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း တကသ၊ ရကသ၊ ဗကသတို့က ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် မတ်လ ၆ ရက်နေ့မှာ ဗကသခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကိုထောက်ခံကြောင်း လက်မှတ်ရေးထိုးကြေညာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင်အစည်းအဝေးခေါ်ပြီး ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ကြပါတယ်။  မတ်လ ၉ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်အက်ဥပဒေကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တော်လှန်ရေးကောင်စီက တက္ကသို...