Posts

Showing posts from August, 2026

LETTER OF CONDOLENCE AND SOLIDARITY

Image
 LETTER OF CONDOLENCE AND SOLIDARITY  To: Nepal Students’ Union (NSU) Our Comrades and Fellow Students, We, All Burma Federation of Student Unions - ABFSU, alongside the students and people of Burma, extend our deepest condolences and heartfelt solidarity to the people of Nepal who are suffering from the devastating floods and landslides. We mourn with the families who have lost their loved ones, and we stand with those who have lost their homes, livelihoods, and communities. We also share our deepest concern for those who remain missing and for all the communities struggling to survive in the aftermath of this disaster. We appreciate the efforts of students, young people, volunteers, rescue workers, and local communities who have come together to help those affected. Such collective actions demonstrate the power of solidarity: when people stand together, they can protect and support one another even in the face of enormous adversity. Those who have contributed the least to en...

ရိုဟင်ဂျာဂျီနိုဆိုက်အောက်မေ့ဖွယ်နေ့ အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

Image
  ရိုဟင်ဂျာဂျီနိုဆိုက်အောက်မေ့ဖွယ်နေ့ အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ (၂၅ ဩဂုတ်၊ ၂၀၂၆) ရက္ခိုင်မြောက်ပိုင်း၊ ကော့(ဇ)ဘဇားဒုက္ခသည်စခန်းကြီးနှင့် နိုင်ငံအတွင်းအပြင် ရုန်းကန်နေထိုင်နေရတဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာလူထုတရပ်လုံး ကျန်းမာဘေးကင်းပါစေကြောင်း ဦးစွာဆန္ဒပြုလိုပါတယ်။ ဒီနေ့ဟာ ရိုဟင်ဂျာဂျီနိုဆိုက်ကို ပိုပြီး အမှတ်ရကြရမယ့် နေ့တနေ့ဖြစ်ပါတယ်။  သမိုင်းတလျှောက်မှာ ရိုဟင်ဂျာတွေအနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာနဲ့ ဥပဒေရေးရာလိုကိစ္စရပ်တွေလို ဥပဒေဘောင်တွင်း ဖိနှိပ်မှုများကစလို့ နေ့စဉ်လူနေမှုဘဝမှာပါ ခွဲခြားဖိနှိပ်ခံရတာတွေ၊ ကန့်သတ်ခံရတာတွေ၊ လူအဖြစ်က လျှော့ချစဉ်းစားခံရတာတွေအထိ ဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖိနှိပ်မှုတွေဟာ နောက်ဆုံးမှာတော့ လူသားသမိုင်းရဲ့ အကျည်းတန်ဆုံးဖြစ်ရပ်ဖြစ်တဲ့ ဂျီနိုဆိုက်လူမျိုးသုဉ်းသတ်ပွဲကြီးအထိ ရောက်ရှိသွားခဲ့ပါတယ်။ မိခင်ရှေ့မှာတင် နို့စို့အရွယ်ကလေးငယ်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေလည်း မြောက်များစွာ ရှိခဲ့ပါတယ်။ ဒါတွေဟာ အခုချိန်ထိ မရပ်တန့်နေသေးပါ။ - အရင် ၂၀၂၁ အလွန် ဒီလိုနေ့မှာဆိုရင် ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေက ရိုဟင်ဂျာလူထု...

ဗကသမျိုးဆက်ရဲဘော်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမောင်မောင်ကျော် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ

Image
ဗကသမျိုးဆက်ရဲဘော်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမောင်မောင်ကျော် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ သဝဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၆ ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်

ရေဘေး၊ ဖက်ဆစ် ဗုံးဒဏ်နဲ့ ဖြတ်လေးဖြတ်ကြားက အညာလူထု

Image
ရေဘေး၊ ဖက်ဆစ် ဗုံးဒဏ်နဲ့ ဖြတ်လေးဖြတ်ကြားက အညာလူထု နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်ရေတွေ ဖောက်ချတာကြောင့် နေရာတော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ အဲဒီအထဲကမှ အဆိုးဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ ဩဂုတ်လ အစောပိုင်းကစပြီး အညာဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဆည်တွေမှာ ရေလျှံတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဩဂုတ်လ ၅ ရက်နေ့မှာတော့ စစ်ကော်မရှင်က ပြည်သူတွေကို ကြိုတင်အသိပေးတာ မရှိဘဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်ကို ဖောက်ချလိုက်တာကြောင့် ဒေသခံတွေ အနေနဲ့ ကြိုတင်ပြင်ဆင်ချိန် မရဘဲ ရေဘေးသင့်ခဲ့ကြရပါတယ်။ အဲဒီလို ကြိုတင်အသိပေးတာ မရှိဘဲ ဆည်ဖောက်ချလိုက်တာကြောင့် ဆည်အောက်ဘက်က မြို့နယ်တွေဖြစ်တဲ့ ကောလင်း၊ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ အရာတော်၊ ရေဦး၊ မြင်းမူ၊ စစ်ကိုင်း စတဲ့ မြို့နယ်တွေဟာ ချက်ချင်းဆိုသလို ရေဘေးသင့်ခဲ့ကြတာ ဖြစ်ပါတယ်။ အညာဒေသက မြို့နယ်တော်တော်များများမှာ အဲဒီလို ရေဘေးသင့်နေကြပေမဲ့ စစ်ကော်မရှင် ကတော့ အညာကို ပိုဖိနှိပ်ဖို့ ဆက်တိုက်ကြိုးစားနေပါတယ်။ အညာရေဘေးကို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက လာရောက်ကူညီကယ်ဆယ်သူတွေကို စစ်...

"ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးစကားဝိုင်း"

Image
"ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးစကားဝိုင်း" ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့တာ အခုဆိုရင် (၃၈) နှစ်တောင် ကြာခဲ့ပါပြီ။ ဒီအရေးတော်ပုံကြီးဟာဆိုရင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသမိုင်းကြောင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိခဲ့ပြီး အခု ၂၀၂၁ နွေဦးတော်လှန်ရေးအတွက်လည်း သမိုင်းသင်ခန်းစာတွေ အများကြီးလက်ဆင့်ကမ်းနိုင်ခဲ့တဲ့ တော်လှန်ရေးတရပ်ဆိုလည်း ဟုတ်ပါတယ်။ ဒါကြောင့် (၃၈) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံကြီး အထိမ်းအမှတ်အဖြစ် "ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးစကားဝိုင်း" ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီစကားဝိုင်းမှာတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးကြားက မတူညီကွဲပြားချက်တွေ၊ အရှေ့ရှေ့တော်လှန်ရေးတွေက သမိုင်းသင်ခန်းစာတွေနဲ့အတူ လက်ရှိတော်လှန်ရေးမှာ ဘာတွေလိုအပ်နေလဲ၊ ဘာတွေလုပ်ကြမလဲကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကမှတဆင့် ဒီနွေဦးတော်လှန်ရေးအတွက် အရေးတကြီးလိုအပ်နေတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုတွေကြားက ညီညွတ်ရေးတရပ်ကို မီးမောင်းထိုးပြပြီး ဒီညီညွတ်ရေးကို ဘယ်လိုဖော်ဆောင်ကြမလဲကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  ဒီစကားဝိုင်းကိုတော့ သပိတ်ကော်မတီအင်အား...

တက္ကသီလာအသိပညာပြန့်ပွားရေးအသင်းနဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကွန်ပျူတာလုပ်ငန်းခွင်ဝင်အတတ်သင် သင်တန်း အပတ်စဥ် (၁၄) ရဲ့ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

Image
တက္ကသီလာအသိပညာပြန့်ပွားရေးအသင်းနဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကွန်ပျူတာလုပ်ငန်းခွင်ဝင်အတတ်သင် သင်တန်း အပတ်စဥ် (၁၄) ရဲ့ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ် သြဂုတ်လ ၅ ရက်၊ ၂၀၂၆ တက္ကသီလာအသိပညာပြန့်ပွားရေးအသင်းနဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကွန်ပျူတာလုပ်ငန်းခွင်ဝင်အတတ်သင် သင်တန်း အပတ်စဥ် (၁၄) ရဲ့ သတင်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ဒီသင်တန် ကို တန့်ဆည်မြို့နယ်တနေရာမှာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအချိန် ၁ လကြာခဲ့ပါတယ်။ ၁ လကြာတဲ့နောက်မှာတော့ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ သင်တန်သားဦးရေ ၃၅ ဦးခန့်ကို သင်တန်းပေးနိုင်ခဲ့ပြီး အရည်အချင်းစစ်စာမေးပွဲမှာ ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သူ ၃၃ ဦး ရှိပါသည်။ အောင်မြင်သူတွေထဲကမှ အမှတ်အများဆုံး သုံးဦးကို ဆုချီးမြှင့်ခဲ့ပြီး ဆုရရှိသူတွေက သင်တန်းဆင်းပွဲ အမှတ်တရစကား ပြောခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ်