Posts

Showing posts from September, 2022

မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂   စက်တင်ဘာ   ၃၀၊   ဗကသ ဗကသရဲဘော်များ၊   ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ  ( ဗလကသ ) ၊   မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ  (BEGSC-MYAING)  နှင့်   ဒေသခံပြည်သူလူထု   ပူးပေါင်း၍  " ဗမာပြည်သစ်အတွက်တိုက်ပွဲဝင်ကြ   ပြည်သူ့အာဏာတည်ဆောက်ကြ " ၊  " ကျောင်းသားရှိလျှင်   ကျောင်းသားသမဂ္ဂရှိရမယ် " ၊  " ဘုံရန်သူတူနေရင်   ညီညွတ်ရေးလည်းယူနိုင်ရမယ် " ၊  " နှောင်ကြိုးမှတပါး   ဆုံးရှုံးစရာမရှိ "  အစရှိသည့်   စာသားပါဘန်နာများဖြင့် ယနေ့   စက်တင်ဘာလ   ၃၀   ရက်နေ့၌   မြိုင်မြို့နယ်တွင်   စစ်အာဏာရှင်စနစ်   ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်   ပြုလုပ်ခဲ့ကြသည်။ ဓာတ်ပုံ  -AAMIJ  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

ကနီ​မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၃၀၊ ဗကသ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၌ ကနီမြို့နယ်တွင် "လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်" စာသားပါဘန်နာဖြင့် လူထုသပိတ်စစ်ကြောင်းချီတက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #whathappeninginmyanmar

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ ဖြန့်ဝေ

Image
​ ၂၀၂၂ စက်တင်ဘာ ၃၀၊ ဗကသ ဗကသများအဖွဲ့ချုပ်က ထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ (၂)၊ အမှတ် (၉) အား အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ဒေသခံပြည်သူများအား ဖြန့်ဝေခဲ့ပါသည်။ ယခုအပတ် အိုးဝေစာစောင်ကို ဖတ်ရှုချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ‌ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါတယ်။ ➥ စာစောင်အား ဒေါင်းလုပ်ပြုလုပ်ရန် ━  ◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖတ်ရှုရန် သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ်  #abfsu #whathappeninginmyanmar

ဗကသဒုဥက္ကဌအား အပြီးသတ်အမိန့်ချသည့်နေ့တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၂၈၊ ဗကသ ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုး၏ မိန့်ခွန်းကြွေးကြော်သံဖြစ်သည့် "ဒီမိုကရေစီကိုစျေးမဆစ်နဲ့ အကုန်ရရင်ရ မရရင် ဘာတခုမှမလိုချင်ဘူး" ဟူသည့် စာသားပါဘန်နာနှင့် "သွေးကြွေးတွေ မျိုးဆက်ထပ်မကူးစေနဲ့"၊ "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ" စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို မတရားဖမ်းဆီးခံထားရသော ဗကသဒုဥက္ကဌအား အပြီးသတ်အမိန့်ချမှတ်ခံရသည့် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြိုင်မြို့နယ်၌ ပြုလုပ်ခဲ့ကြသည်။  အဆိုပါလှုပ်ရှားမှုကို ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဓာတ်ပုံ - BEGSC-MYAING သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #whathappeninginmyanmar #ကိုဝေယံဖြိုးမိုး #ဗကသ #ဒုဥက္ကဌ

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ထောင်ဒဏ် ၂ နှစ် ထပ်မံအမိန့်ချ

Image
​ ၂၀၂၂ စက်တင်ဘာလ ၂၈၊ ဗကသ ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးမှ မတရားစွဲဆိုထားသော ၅၀၅ (ခ) ပုဒ်မဖြင့် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံး၌ အပြီးသတ်အမိန့်ချရာ ထောင်ဒဏ် ၂ နှစ် ထပ်မံအမိန့်ချလိုက်ကြောင်း သိရသည်။ ကိုဝေယံဖြိုးမိုးသည် ကျောက်တံတား၊ ကမာရွတ်၊ မရမ်းကုန်း တရားရုံးများမှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က) အမှု ၂ ခု၊ ငြိမ်းစုစီပုဒ်မ အမှု ၂ ခုနှင့် ၅၀၅ (ခ) ပုဒ်မတို့အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် စုစုပေါင်း ၇ နှစ်နှင့် ၃ လ မတရားအမိန့်ချမှတ်ခြင်းခံရသည်။ ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့၌ GSC (ပူးပေါင်း) သပိတ်စစ်ကြောင်းအား အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခံရချိန်တွင် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တလျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရသည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို  ဗကသများအဖွဲ့ချုပ်  #ABFSU #whathappeninginmyanmar #ကိုဝေယံဖြိုးမိုး #ဗကသ #ဒုဥက္ကဌ

ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၂၇၊ ဗကသ "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့" စာသားပါ ဘန်နာဖြင့် ရန်ကုန်မြို့တွင် အထက ၃ သာကေတကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၄ သာကေတကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ စမ်းချောင်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၂ ဗဟန်းအခြေခံပညာကျောင်းသားသမဂ္ဂ၊ ဂဠုန်နီပြည်သူ့အကျိုးပြုလူငယ်အဖွဲ့စည်း (RGY)၊ ရန်ကုန်ရဲ့ သူပုန်များသပိတ်ကော်မတီ (YRSC) နှင့် FALCON Revolutionary Team တို့ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ စက်တင်ဘာ ၂၇၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS) နှင့် ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC) တို့ ပူးပေါင်း၍ "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့" စာသားပါ ဘန်နာအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့တွင် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၌ ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #whathappeninginmyanmar

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား စက်တင်ဘာ ၂၈ တွင် အပြီးသတ်အမိန့်ချမည်ဟု သိရ

Image
၂၀၂၂ စက်တင်ဘာလ ၂၆၊ ဗကသ ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ဖက်ဆစ်စစ်တပ်က မတရားစွဲဆိုထားသော ၅၀၅ (ခ) ပုဒ်မဖြင့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံး၌ အပြီးသတ်အမိန့်ချမည်ဟု သိရပါသည်။ လက်ရှိတွင် ကိုဝေယံဖြိုးမိုးသည် ပုဒ်မ ၅၀၅(က)အမှု ၂ ခုနှင့် ငြိမ်းစုစီပုဒ်မ အမှု ၂ ခုတို့အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်နှင့် ၃ လ မတရားအမိန့်ချမှတ်ခြင်းခံထားရသည်။  ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့၌ GSC (ပူးပေါင်း) သပိတ်စစ်ကြောင်းအား အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခံရချိန်တွင် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တလျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရသည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို  ဗကသများအဖွဲ့ချုပ်  #ABFSU #whathappeninginmyanmar

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၂၆၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် NORTH DAGON OPORESSED PEOPLE'S STRIKE COLITION - NDOPSC တို့ပူးပေါင်း၍ "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့" စာသားပါ ဘန်နာအားကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့တွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့၌ ပြုလုပ်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #whathappeninginmyanmar

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
​ ၂၀၂၂ စက်တင်ဘာ ၂၅၊ ဗကသ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက (ခွဲ) ကဲဘာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ဦးဆောင်သော ကျောင်းသား/ပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်းသည် "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့"၊ "ဘုံရန်သူတူနေရင် ညီညွှတ်ရေးလည်း ယူနိုင်ရမယ်" ဘန်နာစာသားများအား ကိုင်စွဲကာ အရာတော်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၌ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ပါခဲ့သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ်  #ABFSU #whathappeninginmyanmar