ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား စက်တင်ဘာ ၂၈ တွင် အပြီးသတ်အမိန့်ချမည်ဟု သိရ



၂၀၂၂ စက်တင်ဘာလ ၂၆၊ ဗကသ


ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ဖက်ဆစ်စစ်တပ်က မတရားစွဲဆိုထားသော ၅၀၅ (ခ) ပုဒ်မဖြင့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံး၌ အပြီးသတ်အမိန့်ချမည်ဟု သိရပါသည်။


လက်ရှိတွင် ကိုဝေယံဖြိုးမိုးသည် ပုဒ်မ ၅၀၅(က)အမှု ၂ ခုနှင့် ငြိမ်းစုစီပုဒ်မ အမှု ၂ ခုတို့အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်နှင့် ၃ လ မတရားအမိန့်ချမှတ်ခြင်းခံထားရသည်။ 


ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့၌ GSC (ပူးပေါင်း) သပိတ်စစ်ကြောင်းအား အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခံရချိန်တွင် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တလျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရသည်။ 


သတင်းနှင့်ပြန်ကြားရေးဗျူရို 

ဗကသများအဖွဲ့ချုပ် 

#ABFSU #whathappeninginmyanmar

Popular Posts

ဖက်ဆစ်‌တော်လှန်ရေးနေ့

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်