Posts

Showing posts from February, 2026

ဗကသများအဖွဲ့ချုပ်က ကျေးရွာ ၈ရွာမှာ အာဏာသိမ်း ၅ နှစ်ပြည့် လက်ကမ်းစာစောင် ဖြန့်ဝေ

Image
ဗကသများအဖွဲ့ချုပ်က ကျေးရွာ ၈ရွာမှာ အာဏာသိမ်း ၅နှစ်ပြည့်အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေ ဖေဖော်ဝါရီလ ၁ရက်၊ ၂၀၂၆ ဗကသများအဖွဲ့ချုပ်က ကနီ၊ ဘုတလင်နဲ့ ယင်းမာပင်မြို့နယ်တွေက ကျေးရွာ ၈ရွာကို အာဏာသိမ်း ၅နှစ်ပြည့် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်သမဂ္ဂတွေ ဖြစ်ကြတဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၃၁ရက်နဲ့ ဖေဖော်ဝါရီလ ၁ရက်တို့မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ “တပ်ပေါင်းစု၍ အတူရပ်၊ စစ်သုံးစစ်ကို အမြစ်ဖြတ်”ခေါင်းစဉ်နဲ့ စစ်အာဏာသိမ်းမှု ၅နှစ်ပြည့်အတွက် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ကြေညာချက်ပါ လက်ကမ်းစာစောင်တွေကို မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၈ရွာက စာသင်ကျောင်းတွေနဲ့  ပြည်သူတွေထံ လိုက်လံဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဗကသများအဖွဲ့ချုပ်က ကျေးရွာ ၈ရွာမှာ အာဏာသိမ်း ၅နှစ်ပြည့်အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေ ဖေဖော်ဝါရီလ ၁ရက်၊ ၂၀၂၆ ဗကသများအဖွဲ့ချုပ်က ကနီ၊ ဘုတလင်နဲ့ ယင်းမာပင်မြို့နယ်တွေက ကျေးရွာ ၈ရွာကို ...

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

Image
စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် တော်လှန်ရေးအင်အားစုရဲဘော်များနှင့် လူမျိုးပေါင်းစုံပြည်သူလူထုအပေါင်းတို့…. ယနေ့ဆိုလျှင် မင်းအောင်လှိုင် စစ်အုပ်စုမှ ပြည်သူလူထု၏ အချုပ်အခြာအာဏာအား အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်မှာ (၅) နှစ်ပင်ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍လည်း ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်အား တခဲနက် အုံကြွဆန့်ကျင်ခဲ့ကြသည်မှာ လက်နက်ကိုင် တော်လှန်ရေး အသွင်ထိပါ ကူးပြောင်း တိုက်ပွဲဝင်လာနိုင်သည်အထိ တော်လှန်ရေးရဲ့ အရှိန်အဟုန်မှာ မီးဟုန်းဟုန်းတောက်ခဲ့ပါပြီ။ တဖက်မှာလည်း စစ်အုပ်စုက လူထုတော်လှန်ရေးကြီးအား ရက်ရက် စက်စက် ဖြိုခွင်းချေမှုန်းခဲ့သလို နည်းလမ်းပေါင်းစုံဖြင့် အရပ်သား ပြည်သူများအား ပစ်မှတ်ထား၍ နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက် ရှိပါသည်။ သို့ရာတွင် လူထု၏ ဒေါသမီးတောက်ကိုသာ ကြုံတွေ့နေရသည့် စစ်အုပ်စုသည် နိုင်ငံရေး ထွက်ပေါက်ရရန် အတုအယောင် ရွေးကောက်ပွဲတရပ်အား ကျင်းပ၍ လူထုနှင့် ပြည်တွင်းပြည်ပ အင်အားစုများအား မျက်လှည့်ပြ လှည့်စားရန် ကြံရွယ်နေပါသည်။ ထ...