Posts

Showing posts from October, 2021

ဗဟန်းမြို့နယ်တွင် ဗကသကျောင်းသားများမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ယနေ့ (၃၀/၁၀/၂၀၂၁) တွင် ဗဟန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ဗဟန်းမြို့နယ်အတွင်းတွင် Paper Strike စာရွက်ကြဲခြင်းများ ပြုလုပ်ခဲ့ပါသည်။ #ဗကသများအဖွဲ့ချုပ်  #ABFSU 

သာကေတမြို့နယ်တွင် ဗကသ‌ကျောင်းသားများမှ ကျွန်ပညာရေးကို သပိတ်မှောက်ရန် လှုံ့ဆော်

Image
သာကေတမြို့နယ်တွင် ဗကသ‌ကျောင်းသားများမှ ကျွန်ပညာရေးကို သပိတ်မှောက်ရန် လှုံ့ဆော် စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ဆန့်ကျင်ကြရန် အထက ၅ သာကေတ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ "စစ်ကျွန်ပညာရေး အလိုမရှိ" စာသားပါဘန်နာ ချိတ်ဆွဲ၍ စစ်ကျွန်ပညာဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုကို ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ #ဗကသများအဖွဲ့ချုပ် #ABFSU 

အထက ၂ တာမွေ ‌ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
အထက ၂ တာမွေ ‌ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ (၃၁/၁၀/၂၀၂၁) တွင် အောက်ပါအမှုဆောင်များဖြင့် ဖွဲ့စည်းလိုက်သည်။ #ဗကသများအဖွဲ့ချုပ်  #ABFSU 

တာမွေမြို့နယ်တွင် ဗကသများမှ စစ်ကျွန်ပညာရေးတွင် ကျောင်းမတက်ကြရန် လှုံ့ဆော်

Image
ယနေ့ (၃၁၊ ၁၀၊ ၂၀၂၁) တွင် တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၂ တာမွေကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ "စစ်ကျွန်ပညာရေး အဆုံးသတ်"၊ "ကျောင်းပြေးတော်လှန်ရေး" စာသားပါဘန်နာများကို အထက ၂ တာမွေ ကျောင်းဂိတ်ပေါက်၀များတွင် ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ #ဗကသများအဖွဲ့ချုပ် #ABFSU 

ရန်ကုန်ရှိ ဗကသများမှ လှိုင်သာယာကျူးကျော်နေအိမ်များရှိ ပြည်သူလူထုအား ထောက်ပံ့ငွေပေးအပ်

Image
ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရန်ကုန်ခရိုင်အတွင်းမှ မြို့နယ်ကျောင်းသားသမဂ္ဂများ စုပေါင်း၍ လှိုင်သာယာမြို့နယ်ရှိ ဖယ်ရှားခံရသော ကျူးကျော်နေအိမ်များရှိ ပြည်သူလူထုအား ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထောက်ပံ့ကြေးငွေများ သွားရောက်ပေးအပ် ကူညီခဲ့ကြပါသည်။ #ဗကသများအဖွဲ့ချုပ် #ABFSU 

တောင်ဒဂုံတွင် ဗကသကျောင်းသားများမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
ယနေ့ ​အောက်တိုဘာ ၃၁ ရက်​နေ့တွင် တောင်ဒဂုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁) တောင်ဒဂုံ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆) တောင်ဒဂုံ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြို့နယ်အတွင်းရှိ သပိတ်ကော်မတီများ၊ တက်ကြွလူငယ်များ ပူးပေါင်းကာ တောင်ဒဂုံမြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #ဗကသများအဖွဲ့ချုပ် #ABFSU

ကျောက်တန်းမြို့နယ် ဗကသမှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျောက်တန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ကျောက်တန်းမြို့နယ်တွင်းတွင် ❝တော်လှန်စစ်ကိုထောက်ခံကြ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်❞ ၊ ❝ပြည်သူလူအနာဂတ်အတွက် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်❞၊ ❝ဖက်ဆစ်စစ်တပ်အမြစ်ပြတ်ဖို့ ကျောင်းသားလူထုတော်လှန်စို့❞ ဟူသော ခေါင်းစဥ်များဖြင့် စတစ်ကာများကပ်​​ခြင်းနှင့် Paper strike အဖြစ် လမ်းပေါ်တွင် ဖြန့်ကြဲခြင်းများပြုလုပ်ကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #ဗကသများအဖွဲ့ချုပ် #ABFSU

❝ထန်တလန်အတွက် သွေးကြွေးဆပ်မယ်❞ ဟုကြွေးကြော်ကာ ရန်ကုန်တွင် ဗကသများမှ သပိတ်ချီတက်

Image
ယနေ့ ​အောက်တိုဘာလ ၃၁ ရက်​နေ့တွင် အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာ​မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ မရမ်းကုန်းမြို့နယ်အထွေထွေသပိတ်၊ မရမ်းကုန်း​ပြည်သူများနှင့် ပူးပေါင်းကာ ❝ဆလိုင်းတင်မောင်ဦးစိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ❞၊ ❝အောက်ချင်းငှက်တို့နဲတူ တောင်ဇလပ်တို့နဲ့အတူ❞ ဟူသော ပိုစတာများဖြင့် မရမ်းကုန်းမြို့နယ်တွင် ❝ထန်တလန်အတွက် သွေးကြွေးဆပ်မယ်❞ ဟုကြွေးကြော်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ #အောက်ချင်းငှက်တို့နဲ့အတူ #တောင်ဇလပ်တို့နဲ့အတူ #ဗကသများအဖွဲ့ချုပ်  #ABFSU

မြောက်ဥက္ကလာပ ဗကသမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မြောက်ဥက္ကလာပမြို့နယ်တွင်း လူစည်ကားသောနေရာတွင် ❝There Is No Supreme Savior (ကယ်တင်ရှင်ဟူ၍မရှိပေ)❞ ဟူသော စာတန်းကိုချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသကျောင်းသားများက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
❝ပြည်သူလူထုအနာဂတ်အတွက် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်❞ ယနေ့ (၃၀/၁၀/၂၀၂၁) တွင် အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၂ အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ မရမ်းကုန်းမြို့နယ်တွင်းရှိ လူထုအင်အားစုများနှင့်ပူးပေါင်း၍ မရမ်းကုန်းမြို့ နယ် စျေးတခုတွင် ဗကသအလံတော် နှင့် အကသအလံတော်များကိုင်စွဲပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည်။ #ဗကသများအဖွဲ့ချုပ် #ABFSU

တောင်ငူဗကသများမှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်

Image
❝တော်လှန်စစ်ကိုထောက်ခံကြ၊ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်❞ ယနေ့ အောက်တိုဘာလ၂၉ ရက်နေ့တွင် ပြည်သူလူထုအားလှုံ့ဆော်ရန် တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊အထက ၁ တောင်ငူ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၇ညတောင်ငူကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ တောင်ငူမြို့တွင်း နေရာအနှံ့အပြားတွင် ❝တော်လှန်စစ်ကိုထောက်ခံကြ၊ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်❞ ခေါင်းစဥ်ဖြင့် စတစ်ကာကမ်ပိန်းပြုလုပ်၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည် ။ #ဗကသများအဖွဲ့ချုပ် #ABFSU

အိုးဝေစာစောင်တွေကို Oway App မှတဆင့်ဖတ်ရှုပြီး သမဂ္ဂရန်ပုံငွေလှူဒါန်းလိုက်ပါ။

Image
ဗကသများအဖွဲ့ချုပ် နဲ့ ရတကသတို့ပူးပေါင်းထုတ်ဝေနေတဲ့ အိုးဝေစာစောင်တွေကို တနေရာတည်းမှာစောင့်မျှော်ဖတ်ရှုနိုင်ဖို့ Oway Android Application ကိုဖန်တီးခဲ့ပါတယ်။ ယခုမှာတော့ Oway App မှာ ကြော်ငြာထည့်သွင်းပြီး သမဂ္ဂအတွက် ရန်ပုံငွေလှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ အိုးဝေစာဖတ်ပရိသတ်တွေအနေနဲ့ Oway App ကို Download ရယူပြီး အထဲက ကြော်ငြာတွေကို ကြည့်ရှုပေးရုံနဲ့ ရန်ပုံငွေလှူဒါန်းနိုင်ပါတယ်။ အချိန်ကြာကြာအသုံးပြုလေ ကြော်ငြာခများများရရှိလေဖြစ်တာကြောင့် Oway App ကို အချိန်များများအသုံးပြုပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင်ကြော်ငြာတွေကိုလည်း မကျော်ပစ်ဖို့လိုပါတယ်။ Oway App ကတဆင့် အိုးဝေစာစောင်တွေကို ဖတ်ရှုနေတဲ့အချိန်များလေလေ ရန်ပုံငွေများများရလေ ဖြစ်တာကြောင့် အချိန်ကိုအလဟဿဖြုန်းတီးသလိုလည်း မဖြစ်တော့ပါဘူး။ Oway Application ကို VPN US Server နဲ့ ချိတ်ဆက်အသုံးပြုပေးမယ်ဆိုရင် ကြော်ငြာကပြန်ရတဲ့ သမဂ္ဂရံပုံငွေပမာဏက တခြား Server တွေနဲ့ ချိတ်ဆက်အသုံးပြုတာထက် ပိုပါတယ်။ ဒါ့ကြောင့် အိုးဝေစာဖတ်သူများအနေနဲ့ Oway Application ကို ဖြစ်နိုင်ရင် VPN US Server နဲ့ ချိတ်ဆက်ကြည့်ရှုပေးဖို့ တောင်းဆိုပါတယ်။  အိုးဝေစာစောင်တွေကိ