အိုးဝေစာစောင်တွေကို Oway App မှတဆင့်ဖတ်ရှုပြီး သမဂ္ဂရန်ပုံငွေလှူဒါန်းလိုက်ပါ။

ဗကသများအဖွဲ့ချုပ် နဲ့ ရတကသတို့ပူးပေါင်းထုတ်ဝေနေတဲ့ အိုးဝေစာစောင်တွေကို တနေရာတည်းမှာစောင့်မျှော်ဖတ်ရှုနိုင်ဖို့ Oway Android Application ကိုဖန်တီးခဲ့ပါတယ်။ ယခုမှာတော့ Oway App မှာ ကြော်ငြာထည့်သွင်းပြီး သမဂ္ဂအတွက် ရန်ပုံငွေလှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ အိုးဝေစာဖတ်ပရိသတ်တွေအနေနဲ့ Oway App ကို Download ရယူပြီး အထဲက ကြော်ငြာတွေကို ကြည့်ရှုပေးရုံနဲ့ ရန်ပုံငွေလှူဒါန်းနိုင်ပါတယ်။ အချိန်ကြာကြာအသုံးပြုလေ ကြော်ငြာခများများရရှိလေဖြစ်တာကြောင့် Oway App ကို အချိန်များများအသုံးပြုပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင်ကြော်ငြာတွေကိုလည်း မကျော်ပစ်ဖို့လိုပါတယ်။ Oway App ကတဆင့် အိုးဝေစာစောင်တွေကို ဖတ်ရှုနေတဲ့အချိန်များလေလေ ရန်ပုံငွေများများရလေ ဖြစ်တာကြောင့် အချိန်ကိုအလဟဿဖြုန်းတီးသလိုလည်း မဖြစ်တော့ပါဘူး။ Oway Application ကို VPN US Server နဲ့ ချိတ်ဆက်အသုံးပြုပေးမယ်ဆိုရင် ကြော်ငြာကပြန်ရတဲ့ သမဂ္ဂရံပုံငွေပမာဏက တခြား Server တွေနဲ့ ချိတ်ဆက်အသုံးပြုတာထက် ပိုပါတယ်။ ဒါ့ကြောင့် အိုးဝေစာဖတ်သူများအနေနဲ့ Oway Application ကို ဖြစ်နိုင်ရင် VPN US Server နဲ့ ချိတ်ဆက်ကြည့်ရှုပေးဖို့ တောင်းဆိုပါတယ်။ 

အိုးဝေစာစောင်တွေကို ဖတ်ရှုရင်း ရန်ပုံငွေလှူဒါန်းနိုင်ဖို့ Oway App ကိုယခုပဲ Download ရယူလိုက်ပါ။ Play Store ကနေ Download ရယူသူတွေအနေနဲ့ Rating လေးတွေပေးပြီး Feedback လေးတွေ ရေးပေးကြဖို့လည်း တောင်းဆိုပါတယ်။ (ယခင် Oway App က Android Version အမြင့်တွေမှာ သုံးလို့မရတဲ့အတွက် Oway Application 2.5 မှာ Android ဖုန်း အတော်များများနဲ့ အဆင်ပြေအောင် ပြင်ဆင်ထားပါတယ်။) 
___
Download Links
___
#Oway #OwayApp #Whatshappeninginmyanmar #Springrevolution #အိုးဝေ #နွေဦးတော်လှန်ရေး

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ