Posts

Showing posts from December, 2021

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဒီဇင်ဘာ ၃၁၊ ဗကသ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာ(၃၀)ရက်နေ့တွင် ❝နှစ်သစ်ကိုလည်းကြို ဖက်ဆစ်ကိုလည်းဖြို❞ ဘန်နာစာသားများကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဒီဇင်ဘာ ၃၀၊ ဗကသ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာ(၃၀)ရက်နေ့တွင် ❝ရဲမေတို့‌ ရှေ့ထွက်၊ တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ် အမြစ်ဖြတ်၊ ဖမ်းဆီးခံများအတွက်❞ ဘန်နာစာသားများကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း ကိုမင်းသွေးသစ်အား ဖက်ဆစ်စစ်ကောင်စီမှ ထောင်ဒဏ်တနှစ်ချမှတ်

Image
ဒီဇင်ဘာ ၃၀၊ ဗကသ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖက်ဆစ်စစ်အုပ်စု၏ မတရားအကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရသော ၂၀၁၂-၂၀၁၆ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း (တွဲဖက်အတွင်းရေးမှူး) ဖြစ်သူ ကိုမင်းသွေးသစ်အား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးမှ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ (၉၅) ဖြင့် မတရားစွဲဆိုကာ ထောင်ဒဏ်တနှစ် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး ထောင်တွင်းအကြမ်းဖက် နှိပ်စက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ

Image
ဒီဇင်ဘာ ၃၀၊ ဗကသ ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုအား မနေ့က ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်အပြီးတွင် ကိုဝေယံဖြိုးမိုးအား အင်းစိန်ထောင် သပြေဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။  ထိုသို့ ပြောင်းရွှေ့ရာတွင် ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ပုံ‌စံခန်းသို့ခေါ်ဆောင်ပြီး သပြေဆောင်မှူးမှ ဖိနပ်နှင့် ပါးရိုက်ခဲ့ပြီး အကျဉ်းသား ၅ ‌ယောက်မှ ၂ ကြော့ပြန်ကာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့မှုများကြောင့် ကိုဝေယံဖြိုးမိုး၏ လည်ပင်းတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး နံရိုးများကျိုးသည်ဟု သိရသည်။ ကိုဝေယံဖြိုးမိုး၏ အသက်အန္တရာယ်အထိ စိုးရိမ်ရသော ထိခိုက်ဒဏ်ရာများအတွက်လည်း အင်စိန်ထောင် အာဏာပိုင်များမှ ယခုအချိန်အထိ ဆေးကုသခွင့် မပေးဘူးဟု သိရသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ်  #ABFSU

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဒီဇင်ဘာ ၂၉၊ ဗကသ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာ(၂၉)ရက်နေ့တွင် ❝အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ PDF နဲ့အတူ တော်လှန်စို့❞ ဘန်နာစာသားများကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သပိတ်စစ်ကြောင်းအတွင်းတွင် ဗကသများအဖွဲ့ချုပ်နှင့် ရတကသတို့ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာဆောင်များကို သပိတ်ရဲဘော်များအား ဖြန့်ဝေခဲ့ပြီး ပြည်သူများနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ဆွေးနွေးဟောပြောလှုံ့ဆော်ခဲ့သည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အထက (ခွဲ) ကျောင်းစုပတုပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲစည်း

Image
ဒီဇင်ဘာ ၂၉၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီနည်းကျဗဟိုဦးဆောင်မှုစနစ် စသည့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး အထက (ခွဲ) ကျောင်းစုပတုပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌအား ကျောက်တံတားမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၁ လ ချမှတ်

Image
ဒီဇင်ဘာ ၂၉၊ ဗကသ ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ၅၀၅ (ခ) နှင့် ငြိမ်းစုစီပုဒ်မများအတွက် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခဲ့ပြီး ချုပ်ရက်ခံစားခွင့်မပေးကြောင်းလည်း သိရသည်။  ကမာရွတ်မြိုနယ် တရားရုံးနှင့် မရမ်းကုန်းမြို့နယ် တရားရုံးများတွင်လည်း ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား မတရားပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ်  #ABFSU

ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း ကိုမင်းသွေးသစ်အား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အမိန့်ချမည်ဟုသိရ

Image
ဒီဇင်ဘာ ၂၉၊ ဗကသ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖက်ဆစ်စစ်အုပ်စု၏ မတရားအကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရသော၂၀၁၂-၂၀၁၆ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း (တွဲဖက်အတွင်းရေးမှူး) ဖြစ်သူ ကိုမင်းသွေးသစ်အား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထောင်တွင်းတရားရုံး၌ အမိန့်ချမည်ဟု သိရသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဒီမိုကရေစီပညာ‌ရေး စာစောင်များနှင့် အိုးဝေဆောင်းပါးများအား ဗကသများအဖွဲ့ချုပ်မှ ဖြန့်ဝေ

Image
ဒီဇင်ဘာ ၂၉၊ ဗကသ ရန်ကုန်တွင် ဒီမိုကရေစီပညာ‌ရေး စာစောင်များနှင့် အိုးဝေဆောင်းပါးအချို့အား သန်လျင်သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့သည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ၊ အိုးဝေစတစ်ကာများ ဖြန့်ဝေ

Image
ဒီဇင်ဘာ ၂၉၊ ဗကသ ဗကသများအဖွဲ့ချုပ်နှင့် ရတကသမှ ထုတ်ဝေသော အိုးဝေစာစောင်များကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့၌ အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ပြည်သူလူထုထံအရောက် ဖြန့်ဝေပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် လှုံ့ဆော်စည်းရုံးခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဒီဇင်ဘာ ၂၈၊ စစ်ကိုင်း အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ❝ပြည်သူ့လက်နက် PDF၊ တိုက်ပွဲအဆုံးသတ် PDF❞ ဘန်နာစာသားများကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU