အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဒီဇင်ဘာ ၂၉၊ ဗကသ

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာ(၂၉)ရက်နေ့တွင် ❝အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ PDF နဲ့အတူ တော်လှန်စို့❞ ဘန်နာစာသားများကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သပိတ်စစ်ကြောင်းအတွင်းတွင် ဗကသများအဖွဲ့ချုပ်နှင့် ရတကသတို့ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာဆောင်များကို သပိတ်ရဲဘော်များအား ဖြန့်ဝေခဲ့ပြီး ပြည်သူများနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ဆွေးနွေးဟောပြောလှုံ့ဆော်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty