Posts

Showing posts with the label အစီရင်ခံစာ

ရဲဘော်နဲ့ ပြည်သူများ သတိကြီးကြီးထားကြလော့

Image
ရဲဘော်နဲ့ ပြည်သူများ သတိကြီးကြီးထားကြလော့ ရန်သူစစ်အုပ်စုက သဘာဝဘေး (ငလျင်) ကို အသုံးချပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ နိုင်ငံတကာကို တောင်းခံနေတယ်။ ဒါဟာ ရန်သူစစ်အုပ်စုအနေနဲ့ သဘာဝဘေးကို အသုံးချပြီး နိုင်ငံတကာဆက်ဆံရေးကဏ္ဍ တိုးချဲ့နိုင်ရေး ကြိုးပမ်းမှုလုပ်တာပါပဲ။ အောင်သူငြိမ်း တို့လို ငြိမ်းချမ်းရေးပွဲစားတွေ၊ မောင်မောင်စိုး တို့လို ငြိမ်းချမ်းရေးအချောင်သမားတွေကလည်း စစ်အုပ်စုနဲ့ညှိနှိုင်းဖို့၊ စကစနဲ့ ရင်ကြားစေ့ဖို့ကို အချိန်ကိုက်လှုံ့ဆော်နေတယ်။ ဒီလူတွေက မျက်တောင်မွှေးတဆုံးပဲကြည့်ပြီး လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် နှစ်ပေါင်းများစွာ ဖိနှိပ်ရက်စက် သတ်ဖြတ်ခဲ့တဲ့ ရန်သူစစ်အုပ်စုရဲ့ လုပ်ရပ်တွေကို သင်ပုန်းချေခိုင်းတာပါပဲ။ သဘာဝဘေးဖြစ်နေချိန် (ငလျင်လှုပ်နေချိန်) နဲ့ ဖြစ်အပြီးမှာတောင် ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်နေတဲ့၊ ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ဖက်ဆစ်တပ်ကို ညှိနှိုင်းဖို့ ရင်ကြားစေ့ဖို့ဆိုတဲ့ လှုံ့ဆော်တိုက်တွန်းမှုဟာ ပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှု၊ ပြည်သူလူထုရဲ့ ရုန်းကန်မှုကို စော်ကားတာပါပဲ။ ပြည်သူကို လိမ်ညာဖို့ ကြိုးပမ်းတာပါပဲ။ ဒါဟာ ပြည်သူ့တော်လှန်ရေးကို သစ္စ...

မတရားစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုသို့ အရေးပေါ်တိုက်တွန်းနှိုးဆော်ချက်

Image
  ရက်စွဲ ။      ။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့  မိဘပြည်သူများခင်ဗျား . . . မတရားမှုက မိဘပြည်သူတို့ရဲ့ အိမ်တံခါးကို လာခေါက်နေပါပြီ။ ကျနော်တို့ဟာ မဟောသဓာဇာတ်တော်ထဲကလို ရင်နှစ်သည်းချာ သားသမီးရတနာတွေကို ဘီလူးနဲ့အပြိုင်လုနေရပါပြီ။ ဒါပေမယ့် ဒီပွဲမှာတော့ အဆုံးအဖြတ်ဒိုင်လူကြီးလုပ်ပေးမယ့် မဟောသဓာသုခမိန်ဆိုတာ မရှိပါဘူး။ မဟောသဓာဇာတ်တော်ထဲကလို သားသမီးနာကျင်မှာစိုးလို့ လက်လျှော့အရှုံးပေးလိုက်လို့လည်း မရပါဘူး။ ဒီအခြေအနေမှာ ယုတ်မာကောက်ကျစ်ပြီး သားစားကျူးတဲ့ ဖက်ဆစ်စစ်ဘီလူးကို နှိမ်နင်းသုတ်သင်ပြီး ငရဲကိုပို့ဖို့ကလွဲ အခြားအဖြေမရှိပါဘူး။  “ဘယ်လိုပို့ရမှာလဲ။ လက်နက်ကိုင်တွေလည်းတိုက်နေကြတာပဲ။ တို့လက်ထဲမှာ ဘာလက်နက်မှမရှိဘူးလေ” လို့ပြောရင် ကျနော်က ရှိတယ်လို့ပြောပါ့မယ်။ ပြည်သူလူထုလက်ထဲမှာ ဝရဇိန်လက်နက်‌လို အင်မတန်အစွမ်းထက်တဲ့ ဖျက်အားပြင်းလက်နက်တခုကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒါကတော့ လူထုလှုပ်ရှားမှုကြီး တဖန်ပြန်လည် ဖော်ဆောင်ခြင်း တနည်းအားဖြင့်ပြောရရင် သပိတ်မှောက် ဆန္ဒပြခြင်းပါပဲ။  “ဆန္ဒပြတာဘာထူးလို့လဲ” လို့ မေးရင် သိပ်ထူးပါတယ်လို့ ပြောပါရစေ။ ဖက်ဆစ်စစ်တပ်ဟာ လူထုရဲ့တခဲနက...

ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး‌ကော်မတီ အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာ

Image
ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၅ ရက် ရဲဘော်တို့ ... ဗကသများအဖွဲ့ချုပ် အပါအဝင် ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးက ၃ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီသုံးနှစ်တာဟာ ရန်သူ့ရဲ့ ပြင်းထန်ရက်စက်တဲ့ ဖိနှိပ်ထိုးနှက်မှုအလီလီကို ကျနော်တို့အနေနဲ့ ကြံ့ကြံ့ခံကျော်လွှားခဲ့ရတဲ့ကာလ ဗကသသမိုင်းမှာ  ကြမ်းတမ်းခက်ထန်ဆုံးကာလတွေထဲက တခုဖြစ်ပါတယ်။ ပြည်သူ့ရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဟာလည်း တနေ့ထက်တနေ့ ပြိုကျပျက်စီးနေပြီဆိုတာကလည်း ရဲဘော်တို့မျက်မြင်ကိုယ်တွေ့ပဲဖြစ်တယ်။ ဒါပေမယ့်လည်း လက်ရှိအနေအထားမှာ သူတို့က ဖိနှိပ်ရေးယန္တယားတွေကို လည်ပတ်ဖို့အတွက် အင်အားအခိုင်အမာ ကျန်ရှိ‌နေ‌ဆဲပါပဲ။ ရန်သူဟာ သူ့အင်အားကို ထိန်းသိမ်းဖို့နဲ့ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် စက္ကူစုတ်ပေါ်မှာ ဥပဒေဆိုပြီး သူတို့စိတ်တိုင်းကျ ရေးချင်သလိုရေးထားတာတွေကို ပြည်သူလူထုရဲ့ဆန္ဒမပါဘဲ သွေးရူးသွေးတန်း ပြဌာန်းထုတ်ပြန်နေတယ်။ ဒါ့ကြောင့် ရှေ့ကာလတွေမှာ ကျနော်တို့အနေနဲ့ ပြည်သူတရပ်လုံးနှင့်အတူ ရပ်တည်ပြီး ရန်သူ့ဖိနှိပ်မှုတွေကို ကြံကြံခံရင်ဆိုင်ပြီး ဆက်လက်ကျော်ဖြတ်ရအုံးမှာပဲ ဖ...