Posts

Showing posts from October, 2026

လူ့ဘောင်သစ်ဒီမ်ိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၈) နှစ်ပြည့် အထိမ်းအမှတ်သို့​ ပေးပ်ို့သော သဝဏ်လွှာ

Image
လူ့ဘောင်သစ်ဒီမ်ိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၈) နှစ်ပြည့် အထိမ်းအမှတ်သို့​ ပေးပ်ို့သော သဝဏ်လွှာ သဝဏ်လွှာအမှတ် - ၁၃/ဗကသ/၂၀၂၆ ရက်စွဲ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုဘက်မှာ ရပ်တည်တိုက်ပွဲဝင်ခဲ့တာ (၃၈) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီအရေးတိုက်ပွဲတွေမှာ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးပါတီတရပ်အဖြစ် ဗကသများအဖွဲ့ချုပ်က ဂုဏ်ပြုအပ်ပါတယ်။ ယခု နွေဦးတော်လှန်ရေးမှာလည်း ပါတီတစုံလုံးက ပြည်သူလူထုအကျိုးကို ရှေးရှုပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့တာဟာ ပါတီရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ လူထုနဲ့အတူရပ်တည်မှုတို့ကိုပြသနေတာပဲ ဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ရှေ့ဆက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ လူထုလွတ်မြောက်ရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်န်ိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၃၈) နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုပွဲကို သဝဏ်လွှာပေးပို့အပ်ပါတယ်။ "လူ့ဘောင်သ...