Posts

Showing posts from January, 2024

“စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့” နီတဲ့သွေး ရက်သတ္တပတ် (၁ ဖေဖော်ဝါရီ - ၇ ဖေဖော်ဝါရီ)

Image
အဖိနှိပ်ခံအပေါင်းတို့ ... လူထုလက်ထဲရှိရမယ့် အာဏာကို ဖက်ဆစ်စစ်တပ်က အတင်းအဓမ္မလုယူထားတာ အခု ဖေဖော်ဝါရီ ၁ ရက်ဆိုရင် (၃)နှစ်ပြည့်ခဲ့ပါပြီ။ ဒီ(၃)နှစ်တာလုံးမှာ လူထုတရပ်လုံးက အသက်တွေ၊ သွေးတွေ ပေးဆပ်ပြီး တော်လှန်ပုန်ကန်ခဲ့တာကလည်း တရက်မှ မပြတ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ဒီချိန်အထိ စစ်သားတွေက လမ်းတွေပေါ်မှာ ရှိနေဆဲ၊ စစ်အာဏာရှင်က လူထုအပေါ် အနိုင်ကျင့်နှိပ်စက်နေဆဲ ဖြစ်ပါတယ်။ အဖိနှိပ်ခံ လူထုတရပ်လုံး လွတ်မြောက်ရေးအတွက် ကျခဲ့တဲ့သွေးတွေ မခြောက်သေးသလို ပေးဆပ်ဆဲ သွေးတွေက ဒီနေ့အထိ နီထွေးရဲရင့်နေဆဲပါ။  ရဲဘော်တို့ ...  ‌သွေး၊ ချွေး၊ အသက်၊ ဘ၀ပေါင်းများစွာ ရင်းနှီးထားရပေမယ့် ကျနော်တို့ရဲ့ လူထုလွတ်မြောက်ရေးတိုက်ပွဲက လမ်းတဝက်မှာပဲ ရှိပါသေးတယ်။ ဒီတိုက်ပွဲကို အဆုံးသတ်နိုင်ဖို့စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့ အလံတွေကို လွှင့်ပြီး တော်လှန်လက်တွေခိုင်ခိုင်မာမာတွဲလက်ညီဖို့မဖြစ်မနေ လိုအပ်တယ်ဆိုတာ ကျနော်တို့အားလုံး နားလည်လက်ခံထားပါတယ်။ ဒီလို အာဏာသိမ်း (၃)နှစ်ပြည့်မြောက်တဲ့ကာလက ရဲဘော်တို့ ကျနော်တို့ရဲ့တိုက်ပွဲအရှိန်ကို အဘက်ဘက်ကနေ အရှိန်အဟုန်မြှင့်ရမယ့် အချိန်ဖြစ်ပါတယ်။  ကျနော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူက ဖက်ဆစ်အသွင်ဆော

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၄ ဇန်နဝါရီ ၂၉၊ ဗကသ  မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် Kyimyindaing Networks (KMD 18)၊ Mayangone Democratic Front (MDF)၊ Burma Youth Revolutionary Force (BYRF) တို့ ပူးပေါင်း၍ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့၌ ရန်ကုန်မြို့တွင် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၄ ဇန်နဝါရီ ၂၈၊ ဗကသ  အရှေ့ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့၌ ရန်ကုန်မြို့တွင် “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။  သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု

“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”

Image
ရဟန်းရှင်လူ မိဘပြည်သူများ ခင်ဗျာ . . .  တိုင်းပြည်ကို စစ်အာဏာသိမ်းထားတာ ၃ နှစ် တင်းတင်း ပြည့်ပါပြီ။ မိဘပြည်သူတို့ မှတ်မိကြသေးလားခင်ဗျာ။ အဲဒီနေ့ကဆိုရင် တတိုင်းပြည်လုံးက ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီးနောက် ကျနော်တို့ တိုင်းပြည်ကြီးလည်း အမှောင်စခန်းထဲကို လုံးဝကျရောက်ခဲ့ရတယ်။ အဲဒီနေ့ကစလို့ပဲ မိဘပြည်သူတို့၊ ကျနော်တို့ ဘဝတွေဟာ ကုန်းကောက်စရာမရှိအောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်။ အနာဂတ်တွေ ပျောက်ကွယ်ခံခဲ့ရတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံစနစ်အားလုံးဟာ ဘယ်တိုင်းပြည်နဲ့မှ မယှဥ်နိုင်အောင် တဟုန်ထိုး ချွတ်ခြုံကျခဲ့ရတယ်။ ဒါတွေအားလုံးကတော့ ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ် စစ်အာဏာရှင် လူတစု တိုင်းပြည်ရဲ့အာဏာကို မတရားသိမ်းယူခဲ့တဲ့ နေ့လေးတနေ့က စခဲ့တဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်ကို မတရားစစ်အာဏာသိမ်းထားတာ သုံးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ နွေဦးတော်လှန်ရေးဟာလည်း သုံးနှစ်တင်းတင်း ပြည့်ပါပြီ။   မိဘပြည်သူတို့ ပြန်စဥ်းစားကြည့်လိုက်စမ်းပါ။ စစ်အာဏာသိမ်းခဲ့လို့ ကောင်းစားသွားခဲ့တဲ့ ပြည်သူတွေဆိုတာ ရှိပါ့မလား။ စစ်အာဏာသိမ်းခဲ့ပြီးကတည်

ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီမြို့နယ်တွင် လူထုဟောပြောပွဲများပြုလုပ်

Image
၂၀၂၄ ဇန်နဝါရီ ၂၂၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့က ကနီမြို့နယ်တွင် ဇန်နဝါရီလ ၂၀/၂၁/၂၂ ရက်နေ့များ၌ တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် လူထုဟောပြောပွဲများကို ကျင်းပကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #လှုပ်ရှားမှု 

ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီမြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်

Image
၂၀၂၄ ဇန်နဝါရီ ၂၁၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့က ကနီမြို့နယ်တွင် “နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို” စာသားပါဘန်နာအား ကိုင်ဆောင်ကာ ဇန်နဝါရီလ ၁၉/၂၀/၂၁ ရက်နေ့များတွင် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #လှုပ်ရှားမှု

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်သုံးစစ်တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၄ ဇန်နဝါရီ ၁၉၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် General Strike Committee - (GSC) ကော်မတီဝင် အဖွဲ့အစည်းများဖြစ်သည့်  မင်္ဂလာတောင်ညွှန့်မြို့နယ် သပိတ်ကော်မတီ၊ တာမွေမြို့နယ် သပိတ်ကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ သာကေတမြို့နယ် သပိတ်ကော်မတီ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)နှင့် Yangon Revolution Force (YRF) တို့ ပူးပေါင်း၍ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆိီသို့”၊ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” စာသားပါဘန်နာများအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #GSC #အထွေထွေအကျပ်အတည်း #လှုပ်ရှားမှု

ဆဲဗင်းဂျူလိုင်အရေးတော်ပုံ တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌဟောင်း ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်း ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ

Image
  သဝဏ်လွှာအမှတ် - ၁/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်                              ဆဲဗင်းဂျူလိုင်အရေးတော်ပုံ တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဒုတိယဥက္ကဌဟောင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦး၏ ဒုတိယဥက္ကဌဟောင်း၊ ပညာ‌ရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ သဘာပတိနှင့် ကိုယ်စားလှယ်အဖြစ် တာဝန်များထမ်းဆောင်ခဲ့သူ ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်တွင် (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။                              ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်းသည် ၁၉၆၂ ဆဲဗင်းဂျူလိုင်အရေးတော်ပုံအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် နောင်တော် ကျောင်းသားရဲဘော်တဦးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တာဝန်ဝတ္တရားများကို ဘဝတလျှောက်လုံး နည်းလမ်းပေါင်းစုံဖြင့် ထမ်းရွက်ခဲ့သူ၊ ကျောင်းသားမျိုးဆက် အသီးသီးအား ကူညီထောက်ပံ့ခဲ့သူ၊ ဘဝ၏ နောက်ဆုံးသ

ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီတွင် တော်လှန်ရုပ်ရှင်များ ပြသ

Image
၂၀၂၄ ဇန်နဝါရီ ၁၅၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီမြို့နယ်၌ တော်လှန်ရုပ်ရှင်များ ပြသခြင်းနှင့် ဟောပြောပွဲများ ကျင်းပပြုလုပ်၍ ဇန်နဝါရီလ ၁၃/၁၄/၁၅ ရက်နေ့များတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု

ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၄ ဇန်နဝါရီ ၁၄၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့က ကနီမြို့နယ်၌ ပြည်သူလူထုသပိတ်စစ်ကြောင်းဖြင့် ပူးပေါင်းကာ “နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို” စာသားပါဘန်နာဖြင့် ဇန်နဝါရီလ ၁၂/၁၃/၁၄ ရက်နေ့များတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု

PEACE-LOVING YOUTH OF THE WORLD UNITE TO STOP AERIAL BOMBINGS IN PALESTINE, INDIA, MYANMAR, AND THE PHILIPPINES

Image
___ Imperialists and their fascist cohorts across the world have launched indiscriminate aerial bombings on communities, hospitals, schools, churches, and other civilian infrastructure. Despite being a war crime that targets mostly civilians, aerial bombings, shelling, and strafing are being used more and more as a primary instrument of terror by murderous governments led by Netanyahu in Israel, Modi in India, and Marcos Jr. in the Philippines. In occupied Palestine, the destruction and human toll caused by the aerial bombings have been given a spotlight on the international stage. Since October 7, the Israeli Occupation Forces (IOF) have launched a nonstop campaign of aerial bombardment on Gaza and the West Bank. The death toll has now surpassed 13,000, including 5,000 children. Almost 1,800 more children are still missing under the rubble of razed buildings. In India, an aerial bombing campaign in Bastar was launched in April 2023 targeting the bor