“စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့” နီတဲ့သွေး ရက်သတ္တပတ် (၁ ဖေဖော်ဝါရီ - ၇ ဖေဖော်ဝါရီ)


အဖိနှိပ်ခံအပေါင်းတို့ ...

လူထုလက်ထဲရှိရမယ့် အာဏာကို ဖက်ဆစ်စစ်တပ်က အတင်းအဓမ္မလုယူထားတာ အခု ဖေဖော်ဝါရီ ၁ ရက်ဆိုရင် (၃)နှစ်ပြည့်ခဲ့ပါပြီ။ ဒီ(၃)နှစ်တာလုံးမှာ လူထုတရပ်လုံးက အသက်တွေ၊ သွေးတွေ ပေးဆပ်ပြီး တော်လှန်ပုန်ကန်ခဲ့တာကလည်း တရက်မှ မပြတ်ခဲ့ပါဘူး။

ဒါပေမယ့် ဒီနေ့ဒီချိန်အထိ စစ်သားတွေက လမ်းတွေပေါ်မှာ ရှိနေဆဲ၊ စစ်အာဏာရှင်က လူထုအပေါ် အနိုင်ကျင့်နှိပ်စက်နေဆဲ ဖြစ်ပါတယ်။ အဖိနှိပ်ခံ လူထုတရပ်လုံး လွတ်မြောက်ရေးအတွက် ကျခဲ့တဲ့သွေးတွေ မခြောက်သေးသလို ပေးဆပ်ဆဲ သွေးတွေက ဒီနေ့အထိ နီထွေးရဲရင့်နေဆဲပါ။ 

ရဲဘော်တို့ ... 

‌သွေး၊ ချွေး၊ အသက်၊ ဘ၀ပေါင်းများစွာ ရင်းနှီးထားရပေမယ့် ကျနော်တို့ရဲ့ လူထုလွတ်မြောက်ရေးတိုက်ပွဲက လမ်းတဝက်မှာပဲ ရှိပါသေးတယ်။ ဒီတိုက်ပွဲကို အဆုံးသတ်နိုင်ဖို့စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့ အလံတွေကို လွှင့်ပြီး တော်လှန်လက်တွေခိုင်ခိုင်မာမာတွဲလက်ညီဖို့မဖြစ်မနေ လိုအပ်တယ်ဆိုတာ ကျနော်တို့အားလုံး နားလည်လက်ခံထားပါတယ်။ ဒီလို အာဏာသိမ်း (၃)နှစ်ပြည့်မြောက်တဲ့ကာလက ရဲဘော်တို့ ကျနော်တို့ရဲ့တိုက်ပွဲအရှိန်ကို အဘက်ဘက်ကနေ အရှိန်အဟုန်မြှင့်ရမယ့် အချိန်ဖြစ်ပါတယ်။ 

ကျနော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူက ဖက်ဆစ်အသွင်ဆောင်ပြီး ဆိုးရွားယုတ်မာတဲ့ ရန်သူဖြစ်ပါတယ်။ ဒီရန်သူကို ရင်ဆိုင်တဲ့နေရာမှာ လွတ်မြောက်လိုစိတ်ကို အစွမ်းကုန်မြှင့်တင်ပြီး၊ တော်လှန်အင်အားစုတွေတွဲလက်ညီညီတက်အကုန်လွှင့် တိုက်ပွဲ၀င်ကြဖို့ လိုပါတယ်။ 
တည့်တည့်ပြောရရင် တိုက်ပွဲပုံသဏ္ဍာန်က ပျော့ပျောင်းလို့ မရပါဘူး။ 

ဒါ့ကြောင့် လူထုအနေနဲ့ အာဏာသိမ်းခံရမှု (၃)နှစ်ပြည့်တဲ့ အခုလာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ တပတ်တာကာလမှာ လူထုနဲ့ အမြဲအတူတိုက်ပွဲ၀င်ခဲ့တဲ့ ကျနော်တို့ရဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) က “စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့” ကြွေးကြော်သံနှင့်အတူ “နီတဲ့သွေး ရက်သတ္တပတ်” ကို အတူဖြတ်သန်းကြပါမယ်။ လူထုပါ၀င်ရမယ့် တိုက်ပွဲပုံစံကို ကျနော်တို့ အချိန်နဲ့တပြေးညီ ထုတ်ဖော်သွားပါမယ်။ 

အဖိနှိပ်ခံအပေါင်းတို့ ... 

ရဲဘော်တို့အနေနဲ့ စစ်အာဏာရှင်ဖက်ဆစ်လူရမ်းကားတွေကို ဆန့်ကျင်တဲ့ အသံကို ကျယ်လောင်စွာ ဟစ်အော်ဖို့၊ အိမ်တံခါးတွေကိုဖွင့်ပြီး နားတွေစွင့်ထားကြဖို့နဲ့ ဒီရက်သတ္တပတ်အတွင်းမှာ တော်လှန်သွေးမအေးကြောင်းပြသမယ့် လူထုတရပ်လုံးပါဝင်နိုင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ ပါဝင်ဖို့ တပ်လှန့် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အလံနဲ့ အသံကို နားစွင့်ပါ 
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ အသင့်ရှိပါ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC)
#GSC #ABFSU #ဗကသ #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #whathappeninginmyanmar 

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ